မေလ ၂၇၊ ၂ဝဝ၉ယနေ့နံနက် ၉ နာရီ၊ ၉ မိနစ်တွင် Indiana Fortwayne ဇေတဝန်ကျောင်း၊ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီမှ နယူးယောက်မြို့၊ ကုလသမဂ္ဂံရုံးချုပ်ရှေ့အထိ “မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်ခြင်း”ခရီးစဉ်ကို စတင်လိုက်သည်။
နံနက် ၈ နာရီတွင် Fortwayne မြို့ ဇေတဝန်ကျောင်း၌ ဘုန်းတော်ကြီးဦးကုသလ၊ ဦးဝါသဝ၊ ဦးတိက္ခစာရ တို့ထံမှ ငါးပါးသီလခံယူကြကာ ပရိတ်တရားတော်များ နာကြားခြင်း၊ အောင်မောင်း ၇ ချက်တီးခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆုတောင်းသစ္စာအဓိဌာန်ပြုခြင်း၊ အလေးပြုခြင်း ၃ ရပ်ဖြင့် အလေးပြုခြင်းများ ပြုလုပ်ကြပြီးနောက် ဤခရီးစဉ်ကို စတင်ခဲ့ကြသည်။
နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး (အမေအေး) ကလည်း အောင်အတိတ် အောင်နိမိတ်ကိုဆောင်သော အောင်သေပြေခက်ကို လက်ဆောင်အဖြစ်ပေးကာ ဦးဇင်းဦးကုသလနှင့် ဇေတဝန်ကျောင်းသံဃာတော်များက အောင်နိမိတ်ဂါထာတော်များ ရွတ်ဆိုပူဇော်ရင်း အောင်သပြေခက်ဖြင့် ရေစဉ်ပက်ဖြန်းမေတ္တာပို့ကြသည်။
ယနေ့ခရီးစဉ်တွင် မိုင်ပေါင်း ၉ဝဝ အစမှအဆုံးလမ်းလျှောက်ကြမည့် ရဲဘော်မောင်မောင်တိတ်၊ ရဲဘော်ကျော်ရှိန်၊ ရဲဘော်စောငို၊ ရဲဘော်မင်းရွှေဦး၊ ရဲဘော်ကဘောယူ နှင့် လမ်းတလျှောက် သတင်းနှင့်ဓါတ်ပုံမှတ်တမ်းတင်သွားမည့် ရဲဘော်ကျော်ထွန်းတို့အပြင် တင်နင်ဆီပြည်နယ်မှ လာရောက်အားပေးခဲ့ကြသော ရဲဘော်ရဲဝင်း၊ ရဲဘော်ခရစ်၊ ရဲဘော်စောဖာဒါး၊ ရဲဘော်ကျော်ဇော (ဖလော်ရီဒါ)၊ Fortwayne ဒေသခံ ရဲဘော်ချစ်ဖွယ် အပါအဝင် ဆယ်ဦးတို့ ယနေ့ခရီးစဉ်တဝက်အထိ အင်အားဖြည့်လမ်းလျှောက်ခဲ့ကြသည်။
ခရီးစဉ်တလျှောက် စိတ်ဝင်တစား မေးမြန်းကြသည်များကို ပြန်လည်ဖြေကြားရင်း အမေရိကန်ခရီးသွားပြည်သူတို့၏ ကားဟွန်းသံဖြင့်နှုတ်ဆက်ခြင်း၊ လက်များဝှေ့ရမ်းနှုတ်ဆက်အားပေးခြင်းများကို မြင်တွေ့ခဲ့ကြရသည်။ “မင်းတို့ပြည်သူတွေရဲ့ဘဝကို ဒို့နားလည်းတယ်၊ မင်းတို့အခုလိုလုပ်တာ ဒို့ဂုဏ်ယူတယ်၊ ငြိမ်းချမ်းရေးအတွက် မိုင်ပေါင်း ၉ဝဝ လမ်းလျှောက်နေကြတာ ဒို့တကယ်ပဲ အံ့သြဂုဏ်ယူတယ်”ဟု ကားရပ်ပြီး အားပေးကြသော ပြည်သူများကိုလည်း တွေ့ကြုံခဲ့ရသည်။
2 comments:
ကြားရတာ အင်မတန်မှ အားရှိပါတယ်။ ဒါမင်္ဂလာတစ်ပါးပါ။ ဒါ သူတော်ကောင်း ကို ဂုဏ်တင်တာပါ။ အားကျစရာအရမ်းကောင်းပါတယ်။ လေးစားစရာလည်းအ ရမ်းကောင်းပါတယ်။ ကြည်ညိုစရာလည်း အရမ်း ကောင်းပါတယ်။ ကြိုးစားထားပါ။ အားလုံး ခင်ဗျားတို့နဲ့ အတူတူ ရှိ နေမယ်
လို့တော့ ကျုပ်ထင်တယ်။
ရဲဘော်တို့ ရေးးးးးးးးးးးးးးးးး
ငါတို့ ရဲ့ သမိုင်းတခေတ်ကို ငါတို့ သွေး
နဲ့ ရေးခဲ့ပြီသွေးသစ္စာလဲပြုခဲ့ပြီ
နိုင်ငံတော်အတွက်ဆိုအသက်ကိုလဲ
ဘာမထီသေပါစေခွပ်ဒေါင်းသွေးနဲ့ 
ရဲရဲရှေ့ ကိုချီ လွတ်လပ်ရေးနဲ့  ငြိမ်းချမ်းရေးတွက်ဆီ
အဆုံးသတ်တိုက်ပွဲငါတို့ နွဲကြမည်။
Post a Comment