Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead
Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Tuesday, July 21, 2009

Buffalo မြို့ က အာဇာနည်နေ့နှင့် ခရီးရှည်ချီတက်သူများ

၆၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို Buffalo မြို့ ခံများနှင့်အတူ မိုင် ၉၀၀ ခရီးရှည်ချီတက်သောရဲဘော်များ စုပေါင်း၍ ကျင်းပခဲ့ကြ
ဇူလိုင် ၁၈ ရက်၊ ၂၀၀၉ ခုနှစ်

အာဇာနည်နေ့ အခမ်းအနားတွင် မိန့်ကြားနေသော ဆရာတော် ဦးပညာဇောတ

မိုင် ၉၀၀ ခရီးရှည်ချီတက်အဖွဲ့မှ ရဲဘော်မောင်မောင်တိတ်

Buffalo မြို့ မှ ရဲဘော် ကျော်ဝဏ

အခမ်းအနားသို့ တက်ရောက်လာသော မြန်မာပြည်သားများ

အခမ်းအနားအပြီး တက်ရောက်လာသော ဆရာတော်များနှင့် ခရီးရှည်ချီတက်သူများ အမှတ်တရ

Sunday, May 24, 2009

ခရီးရှည် ချီတက်ခြင်း မှတ်တမ်းများ

ခရီးရှည် ချီတက်မည့် တိုက်ပွဲအတွက် ရေးဆွဲထားသော ရဲဘော် စောငို၏ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား

ဒီပိုစ့်လေးကို ရေးဖြစ်တာက ကျနော်တို့ (ခရီးစဉ်အား စတင်ရန် ပြင်ဆင်မှုများ) အားလုံးရဲ့  မှတ်တမ်းတွေကို ကျနော်တို့ရဲ့  ရဲဘော် ရဲဘက်များ တွေ့နိုင်အောင်၊ ဖတ်နိုင်အောင်အတွက် ရေးပေးလိုက်တာပါ။
ခရီးရှည် ချီတက်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက်
ရဲဘော စောငို ကိုယ်တိုင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို ရေးဆွဲနေစဉ်။


မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည် ချီတက်ခြင်းနှင့် အစာငတ်ခံဆန္ဒပြပွဲ၊ ဖြစ်မြောက်အောင် တိုက်ပွဲဝင် ရဲဘော်များအားလုံးက မျိုးချစ်စိတ်၊ အမိမြေ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး တို့အတွက် ကိုယ်ကျိုးမဖက်ပဲ၊ ဘက်ပေါင်းစုံမှ ၀ိုင်းဝန်း ကြိုးပန်းကြပုံများပါ။


မိုင် ၉၀၀ ခရီးရှည် ချီတက်ပွဲ ဖြစ်မြောက်စေရန် ရဲဘော်စောငိုနှင့် ရဲဘော် ကျော်ရှိန်တို့ နှစ်ဦးသည် အမေရိကန် အနောက်ဘက်ခြမ်း Kansas ပြည်နယ်မှ နယူးယောက် ပြည်နယ် ယူတီကာသို့ ရောက်ရှိလာပြီး လိုအပ်သည့် လုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါတယ်။

အထက်ပါပုံကတော့ မြန်မာ့အရေးနှင့် ခရီးရှည် ချီတက်ခြင်းကို စိတ်ဝင်စားသော အမေရိကန် လူငယ် Marcol နှင့် မြန်မာ ရဲဘော်များ ခရီးလမ်းကြောင်းနှင့် ခရီးစဉ်များကို ယူတီကာရှိ သန္တိသုခ ၀ိဟာရ ဘုန်းတော် ကြီးကျောင်း တွင် ဆွေးနွေးကြစဉ်။


ယူတီကာနှင့် Kansas မှ ရဲဘော်များ FortWayne မြို့ သို့ မထွက်ခွာမှီ သန္တိသုခ၀ိဟာရ ဘုန်းတော် ကြီးကျောင်း မှ ဘုန်းဘုန်းများနှင့် အမှတ်တရ (အပေါ်ပုံ နှင့် အောက်ပုံ)

င်္င်္FortWayne သို့ မထွက်ခွာမှီ ဆရာတော်အား ရှီခိုး ပူဇော် ကန်တော့ နေစဉ်

ယူတီကာမှ ရဲဘော်များနှင့် Kansas မှ ရဲဘော်များ အမှတ်တရ။

မိုင် ၉၀၀ ခရီးရှည် ချီတက်မည့် လမ်းခရီး တလျှောက်တွင် အသုံးပြုမည့် ကားအား အမှတ်တရ



မှတ်တမ်းများကို ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်းနှင့် ကျန်ုပ်တို့နှင့် မြန်မာပြည်လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည် ချီတက်ခြင်းတွင် အတူတကွ ပါဝင် လက်တွဲ ကြပါလို့ တိုက်တွန်းလိုက်ပါကြောင်း။

တိုက်ပွဲဝင် ရဲဘော်တဦး

Followers