Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, May 28, 2009

ဒုတိယနေ့ ခရီးစဉ် May 28' 2009 Second day of the Long March of 900 miles

မိုင်ပေါင်း ၉၀၀ ဒုတိယနေ့  (မေလ ၊ ၂၈ ၊ ၂၀၀၉)
U. S. 30 E အဝေးပြေးလမ်းကြောင်းမှာ လျှောက်နေဆဲပါ။ ကောင်းကင်တခုလုံး အုပ်မှိုင်းနေပြီး နံနက် ကတည်းက မိုးရွာလိုက်၊ မိုးတိတ်လိုက်။ ရံဖန်ရံခါမိုးက သည်းထန်လာသည်။ လေပြင်းများ တနေကုန် တိုက်နေသဖြင့် အလွန်အေးလာသည်။ ထိုအခါ လမ်းလျှောက်အမြန်နှုန်းကို အရှိန်တင်ရင်း ခန္ဓာကိုယ် အနွေးဓာတ်ရအောင် လုပ်ယူနေရသည်။
U. S. 30 E အဝေးပြေးလမ်းမပေါ်က အမေရိကန်ပြည်သူတွေရဲ့ ကားဟွန်းသံဟာ ကျုပ်တို့ ရဲ့  ရင်ကို လွန်စွာ အေးမြစေခဲ့တယ်။ ဒီမိုကရေစီထွန်းကားတဲ့ မြေပေါ်က အမေရိကန်ပြည်သူတွေကို ကျုပ်တို့ လွန်စွာလေးစားရပါတယ်။ နံနက် ၁၀ နာရီခန့် က ရွာလိုက်တဲ့ မိုးရေကြောင့် စွတ်စိုခဲ့တဲ့ ခန္ဓာကိုယ်ဟာ ကျုပ်တို့ ကိုယ်က အငွေ့ ပျံထွက်နေတဲ့ အနွေးဓာတ်ကြောင့် နေ့ လည် ၁၂ နာရီ လောက်မှာ အ၀တ်အစားတွေ ပြန်ခြောက်သွားခဲ့ရတယ်။
U. S. 30 E လမ်းကြောင်းပေါ်က ခြေလှမ်းတွေကတော့ အင်ဒီးယားနားပြည်နယ် (Indiana Sate) ရဲ့  ရှေ့ ဖက်မှာရှိနေတဲ့ အိုဟိုင်းအို ပြည်နယ်(Ohio State) ဆီသို့  ချီတက်နေဆဲပါ။
ဒီနေ့ မှာတော့ ကားရပ်ပြီး ဂုဏ်ပြုစကား ပြောကြားလာကြတဲ့ မေရိကန် ပြည်သူတွေ မကြာခဏ ဆိုသလို တွေ့ ကြုံလာခဲ့ရပါတယ်။ အဲဒီ အဝေးပြေးလမ်းကြောင်းပေါ်က တာဝန်ကျ ရဲများ ကိုယ်တိုင် ကားရပ်ပြီး ကျုပ်တို့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူရပါကြေင်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်တာကိုလည်း ကြုံခဲ့ ကြရပါတယ်။

အနောက်အရပ်ဆီက တိုက်ခတ်လာတဲ့လေနဲ့ အတူ မိုးကလည်း တခါတခါ သည်းထန်တာကို ကြုံနေရ ဆဲပါ။ ကျုပ်တို့ က ရှေ့ ကလျှောက် မိုးကအနောက်ကလိုက်နဲ့  မွန်းလွဲ ၂ နာရီမှာ Welcome to Ohio (အိုဟိုင်းအိုမှ ကြိုဆိုပါ၏) ဆိုတဲ့ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရပါသည်။
ခြေထောက်ပေါက်သူ၊ ခြေသလုံးတောက်သူတွေ ရှိခဲ့ကြပေမဲ့ ထိုအရာတွေက စိတ်ဓာတ်ကြံ့ခိုင်မှုရဲ့  ခံနိုင်ရည်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ ကျုပ်တို့ အခုတော့ Indiana (အင်ဒီးယားနား) နဲ့ Ohio State(အိုဟိုင်းအို ပြည်နယ်)ရဲ့  နယ်စပ်ကိုရောက်ခဲ့ကြပါပြီ။

နံနက်စာ အနည်းငယ်သာစားပြီး တလမ်းလုံး ဗိုက်ဆာတိုင်း ရေကိုသာဖိသောက်နေခဲ့ကြလို့  ဗိုက်တွေလည်း ရေနဲ့ ပြည့်လို့  စာရမှန်းတောင် မသိတော့ပါဘူး။ နေ့ လည်စာကို ညစာနဲ့ တခါတည်း တပေါင်းတည်း စားကြရတော့မှာပေါ့။
ဒီနေ့ တော့ ဒီနေရာမှာ ခရီးတထောက်နားကြရပေဦးမည်။
အချိန်က ညနေ ၂ နာရီ ၃၀ မိနစ်။
On the road U.S. 30 East.

သတင်းနှင့် ဓာတ်ပုံ (ကျော်ထွန်း)

3 comments:

Unknown said...

အချိန်ရတုန်း ပြေးလာပြီး အားပေးကြောင်း ထောက်ခံကြောင်း ကို လာအော်တာဗျို့.... အစစ အရာရာ အဆင်ပြေပါစေ။
ရိုသေလေးစားလျှက်

Anonymous said...

ရဲဘော်တို့ ရေးးးးးးးးးးးးးးးး
လေးစားတယ်ထက် နက်ရှိုင်းတဲ့စကားလုံးတွေရှိရင်ပြောချင်တယ်
ဘယ်တော့မှဇွဲမလျှော့ဘူး ..အမြဲတမ်းရဲဘော်တို့ နဲ့ထပ်တူရှိနေတယ်နော်

pakistani suits wholesale in pakistan said...

Faisalabad is one of the biggest cities in Pakistan and the hub of the textile industry. It is widely acknowledged as the Manchester of Pakistan due to its large industrial role. wholesale salwar kameez , tailoring factory , The quality of the fabrics produced in this city has no parallel. In fact, the fabric is something of a specialty of Faisalabad. Many people from all over the country flock to this city for a spot of cloth shopping. We aim to provide you all of the best of Faisalabad at our store.

Followers