အစာငတ်ခံဆန္ဒပြခြင်း ပထမနေ့
စက်တင်ဘာလ (၁၈) ရက်၊ ၂ဝဝ၉
ပန်းခြံသို့ စောစီးစွာရောက်ပြီးနောက် အခမ်းအနားပြင်ဆင်သည်။ တခြားမြို့များမှ ချီတက်လာသူများမှာ ယူတီကာမြို့မှ ရဲဘော်ဇော်ဇော်၊ ရဲဘော်စိုးခိုင်၊ ရဲဘော်အဲနာ၊ ရဲဘော်နိုနို တို့ (၅) ဦးဖြစ်သည်။ နံနက် (၃) နာရီ ကတည်းက ကျွန်ုပ်တို့၏ဌာနချုပ်သို့ ရောက်လာခြင်းဖြစ်သည်။
စက်တင်ဘာလ (၁၈) ရက်၊ ၂ဝဝ၉
ပန်းခြံသို့ စောစီးစွာရောက်ပြီးနောက် အခမ်းအနားပြင်ဆင်သည်။ တခြားမြို့များမှ ချီတက်လာသူများမှာ ယူတီကာမြို့မှ ရဲဘော်ဇော်ဇော်၊ ရဲဘော်စိုးခိုင်၊ ရဲဘော်အဲနာ၊ ရဲဘော်နိုနို တို့ (၅) ဦးဖြစ်သည်။ နံနက် (၃) နာရီ ကတည်းက ကျွန်ုပ်တို့၏ဌာနချုပ်သို့ ရောက်လာခြင်းဖြစ်သည်။
နောက်တဖွဲ့မှာ Tenessee ပြည်နယ်မှ ဦးပန်းလှိုင်၊ ခရစ်ယာန်ဘုန်းကြီး ဖာသာဘူးခရစ်၊ ကိုရဲဝင်း၊ ဆော့ဝါး၊ ထော့မာ၊ ကိုအောင်မျိုး တို့ (၆) ဦးဖြစ်သည်။ ဤအဖွဲ့မှာ ညကတည်းကပင် ကိုမင်းဆန်းမင်းအိမ်သို့ ရောက်ရှိ နေသဖြင့် ယနေ့ နံနက်တွင် ကိုမင်းဆန်းမင်းက ဆန္ဒပြရာပန်းခြံသို့ လာပို့ခြင်းဖြစ်သည်။
ယနေ့အစာငတ်ခံမည့်ပုဂ္ဂိုလ်များမှာ ရဲဘော်မောင်မောင်တိတ်၊ ရဲဘော်စောငို၊ ရဲဘော်ကဘောယူ၊ ရဲဘော်စိုးခိုင်၊ ရဲဘော်အဲနာ၊ ရဲဘော်အောင်မျိုး၊ တပ်မဟာ (၁) တို့ (၆) ဦးဖြစ်သည်။ မိုင် (၉ဝဝ) ခရီးရှည် လမ်းလျှောက် ရဲဘော်များမှလွဲ၍ ဧည့်သည့်ရဲဘော်များမှာ မနက်ဖြန်ပြန်ရမည်ဖြစ်သည်။ တနေ့တာအစာငတ်ခံခြင်းဖြင့် အားဖြည့်ခြင်းဖြစ်သည်။
နံနက် (၈) နာရီ (၅) မိနစ်တွင် မက်ဆာချူးဆက် မှ လေ့လာရေးအဖွဲ့တဖွဲ့ရောက်လာသည်။ ဦးဆောင် လာသူမှာ Mr Paul ဖြစ်သည်။ အထက်တန်းကျောင်းသားကျောင်းသူလေးများပါဝင်သည်။ သူတို့ အဖွဲ့ တွင် (၁၄) ယောက်ရှိသည်။ အနာဂတ်၌ ထက်မြက်သောလူငယ်များဖြစ်လာစေရန် ယခုကတည်းက သင်ကြား လေ့ကျင့် နေခြင်းဖြစ်သည်။

အစာငတ်ခံဆန္ဒပြနေရခြင်းအကြောင်းများကို ရှင်းလင်းပြောပြရသည်။ လက်မှတ်များကိုလည်း ထိုးပေးကြသည်။ (၉) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် နေသည် လင်းကနဲပွင့်လာ၏။ ယနေ့ စက်တင်ဘာလ (၁၈) ရက်၊ အစာငတ်ခံဆန္ဒပြခြင်း စတင်သမှုကို မှတ်တမ်းတင်သည့်သဘောဖြစ်သည်။
(၉) နာရီ (၂ဝ) မိနစ်တွင် သာသနာ့ဥသျှောင်ကျောင်းမှ ဆရာတော်ကြွလာပါသည်။ ကိုမိုးချမ်းက ကြိုလာခြင်းဖြစ်သည်။ (၁ဝ) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် သာသနာ့ဥသျှောင်ဘုန်းတော်ကြီး (၃) ပါးºကွလာပါ၏။ ရဲဘော်မင်းဆွေဦးက ကြိုလာခြင်းဖြစ်သည်။ သာသနာ့ဥသျှောင်ဆရာတော်များမှာ ဦးစန္ဒောဘာသာစာရ (အတွင်းရေးမှူးဆရာတော်)၊ ဦးဣန္ဒြာစာရ၊ ဦးပညာဝံသ၊ ဦးစန္ဒောသာသ စုစုပေါင်း (၄) ပါးဖြစ်ပါ၏။
(၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် အခမ်းအနားကို ငါးပါးသီလခံယူခြင်းဖြင့် စတင်လိုက်သည်။ မစတင်မီ ကိုဝင်းရှိန်မောင်ရောက်လာသဖြင့် အင်အားများပြားသွားပါသည်။ ဆရာတော်ဦးစန္ဒောဘာသာစာရ က အခမ်းအနားစတင်သည့် အဖွင့်အနေဖြင့် သြဝါဒမိန့်ကြားပါသည်။

ယခုကဲ့သို့ကြွလာခြင်းမှာ မြန်မာပြည်စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့်လည်းကောင်း၊ မိုင်ပေါင်း (၉ဝဝ) ချီတက်လာသည့် ရဲဘော်များ၏ အစာငတ်ခံဆန္ဒပြ လှုပ်ရှားမှုကို အားပေးသည့်သဘောဖြင့်လည်းကောင်း၊ ဒုက္ခရောက်နေသောမြန်မာပြည်သူများအတွက် တတ်နိုင်သည့်ဘက်မှ မိမိနည်းမိမိဟန်ဖြင့် တိုက်ပွဲဝင် လှုပ်ရှားမှုကို သာသနာ့ဥသျှောင်ဆရာတော်များက ကြိုဆိုကြောင်း စသဖြင့် မိန့်ကြားပါသည်။
ဆက်လက်၍ ဆရာတော်များက မေတ္တာသုတ်ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့ရာ ရဲဘော်များနှင့်တကွ ကြွရောက်လာသူအပေါင်းက သာဓုခေါ်ကြပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဘူးခရစ်ကလည်း ဆုတောင်းပေးပါသည်။
နယူးယောက်မြို့မှ တချို့သောမိတ်ဆွေများ ရောက်လာကြပါသည်။ အမေရိကန်တချို့လည်း အင်တာလာဗျူး သူများရှိ၏။ ညနေ (၄) နာရီခွဲခါနီးတွင် ကုလသမဂ္ဂရုံးချုပ်၌ တာဝန်ထမ်းဆောင်သော အမေရိကန်အဖွားကြီး (၂) ဦးရောက်လာပါသည်။ နှုတ်ဆက်မေးမြန်း၊ လက်မှတ်ထိုးပါသည်။ ဓါတ်ပုံများလည်း အမှတ်တရရိုက်ကြ၏။ ညနေသိမ်းခါနီးအချိန်တွင် နယူးယောက်မိတ်ဆွေတချို့ရောက်လာပါသေးသည်။ (၆) နာရီထိုးလျှင် ရုပ်သိမ်း လိုက်ကြသည်။
1 comment:
xdfvvfryt57
supreme outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
Post a Comment