Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, September 13, 2009

ထိုင်သပိတ် ၂ ရက်နေ့ 2nd day of Demonstration at the front of UN' Building

မိုင်ပေါင်း (၉ဝဝ) ခရီးရှည် ပထမပိုင်းပြီးသည့်နောက် ဒုတိယပိုင်းအဖြစ် ထိုင်သပိတ် (၂) ရက်မြောက် စက်တင်ဘာလ (၁ဝ) ရက်၊ ၂ဝဝ၉


နံနက် (၉) နာရီခွဲခါနီးတွင် စတင်သည်။ စောစောစီးစီး လေတိုက်နှုန်းများနေ၏။ အခမ်းအနားပြင်ဆင်သူများ သည် လေတွင်လွင့်နေ၏။ မြောက်ပြန်လေသည် အချိန်စောစွာရောက်လာခြင်းမဟုတ်ပါ။ ဤရပ်ကွက်ကိုက ဤပုံအတိုင်းဖြစ်၏။


နေ့လည် (၁၁) နာရီကျော်ကျော်တွင် ကိုမင်းဆန်းမင်း နှင့် ကိုဂျက် တို့ရောက်လာသည်။ တနေကုန် လာထိုင် ပေး၏။ ညနေ (၄) နာရီခန့်တွင် ဝန်ကြီးဦးဘိုလှတင့် ရောက်လာသည်။ နေ့လည်စာစားရန် ငွေ (၆ဝ) လှူဒါန်း ၏။ ဝန်ကြီးကလည်း ကိုယ့်ထက်မွဲပုံရသည်။ မည်သို့ဆိုစေ လမ်းကြုံတုန်းရောက်လာသည်ကိုက ကျေးဇူးတင် ရမည်ဖြစ်သည်။



ညနေပိုင်းရောက်လာလေလေ လေတိုက်ကြမ်းလာလေဖြစ်၏။ လေတိုက်သည့်အပြင် အေးလာသဖြင့် ထိုင်နေရ သည်မှာ မဟန်လှချေ။ သို့မဟန်သည့်အတွက်ကြောင့် လမ်းလျှောက်နေစဉ်ကာလာက နေပူ၊ တောင်တက်၊ ချွေးပြိုက်ပြိုက်ထွက်သော နေ့များကို လွမ်းမိ၏။ ဆင်းရဲဇာတာဆိုသည်မှာ ဤသဘောမျိုးဖြစ်နိုင်သည်။ သို့ဖြစ်သည်ဆိုလျှင် တော်လှန်ရေးသမားတို့သည် ရာသက်ပန်ဆင်းရဲသားများဖြစ်ကုန်တော့၏။

တနေ့က ပန်းစည်းအိုးလေး ပေးခဲ့သောအဖွားကြီး Anne Redcliffe သည် နေ့လည်တွင် ရေနွေးဓါတ်ဗူးလာပေး ပါသည်။ အလှူငွေ (၁ဝဝ) ကိုလည်း ချက်လက်မှတ်ဖြင့် ကျွန်ုပ်တို့ထံ ပို့လိုက်ပြီဖြစ်၏။ နောက်တနေ့တွင်လည်း ရေနွေးလာပို့ဦးမည်။ နေ့တိုင်းလည်း လာနိုင်အောင်ကြိုးစားမည်ဖြစ်၏။ ကျေးဇူးတင်ရပါသည်။ ဆန္ဒပြမှုကို စုံစမ်းမေးမြန်းသူများ၊ လက်မှတ်ထိုးသူများ ရှိပါသည်။


ညနေသိမ်းခါနီးအချိန်တွင် ကိုအောင်တို့မောင်နှံရောက်လာ၏။ ကိုအောင်သည် ဘားမားပွိုင့်မှဖြစ်ပြီး၊ ဇနီး မမြမြစိုးသည် အမျိုးသမီးအဖွဲ့မှဖြစ်၏။ ယခင်နှစ်များကလည်း ကျွန်ုပ်တို့အဖွဲ့ကို အားပေးကူညီနေသူများ ဖြစ်ပါသည်။ ယခုလည်းကူညီကြမည်ဖြစ်ပါ၏။ ညနေ (၆) နာရီထိုးလျှင် တနေ့တာဆန္ဒပြမှုကို သိမ်းလိုက်ကြ သည်။

ညရောက်လျှင် ကိုမိုးချမ်း၊ မေစန္ဒာတို့တစုံ၊ ကိုဝင်းရှိန်မောင်နှင့် ကိုအောင်တို့ကလည်း ရိက္ခာများလာပို့ပါသည်။ ဆရာတော်ဦးပါမောက္ခ ကလည်း ရိက္ခာများပေးလိုက်ပါသည်။

ဆန္ဒပြရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive