Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, September 21, 2009

၇ ရက်မြောက် ထိုင်သပိတ် 7th day of demonstration at the front of UN Building

ထိုင်သပိတ် (၇) ရက်မြောက်နေ့
စက်တင်ဘာလ (၁၅) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီတွင် ယနေ့စတင်သည်။ နေ့စဉ်သတင်းပို့ရန် အင်တာနက်ရမည့်နေရာကို လိုက်ရှာရသည် ကလည်း ကိစ္စတရပ်ဖြစ်နေသည်။ ဘားမားဖန်းရုံးသို့ နေ့တိုင်းသွားရန်လည်းမသင့်တော်ပါ။ အကြောင်းမူ သူ့ရုံးသည် သူ့ကိစ္စနှင့်သူဖြစ်သောကြောင့်ပေတည်း။ ထိုကြောင့် အနီးအနားတဝိုက် လှည့်ပတ်ရှာနေရသည်။
နယူးယောက်မြို့၏ အဓိကပြဿနာမှာ ကားရပ်ရန်နေရာမရှိခြင်းပင်။ အင်တာနက်နှင့် ကားရပ်ရန်နေရာ တိုက်ပွဲဖြစ်လျက်ရှိ၏။ တချို့နေရာများတွင် အားအပြည့်ရှိသော်လည်း ဆက်သွယ်၍မရဖြစ်နေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကမ္ဘာနှင့်အဝှမ်း အော်တိုမစ်တစ် အခမဲ့အင်တာနက်ရရှိရေးကို ပညာရှင်များ ဖန်တီးမှရတော့မည်။

စုတ်ပြဲသွားသော ခရီးရှည်စာတမ်းနေရာတွင် စာတမ်းအသစ်တင်လိုက်သည်။ UN Security Council’ Action 0n Burma Badly Needed ဖြစ်ပါ၏။ အမှန်မှာစာတမ်းနီနီရဲရဲများများရှိလေ ကောင်းလေပင်။ သို့သော် ပန်းခြံတွင် စာတမ်းချိတ်ခြင်း၊ ပိုစတာတပ်ခြင်း စသည်တို့မှာ အခွင့်မရှိသဖြင့် အခက်အခဲများစွာရှိသည်။ နိုင်ငံတကာအဖွဲ့များစုံလာပြီး သူ့နေရာနှင့်သူ သံတန်းများခြားလိုက်လျှင် စာတမ်းများအတွက် နေရာခက်ခဲ သွားလေ့ရှိသည်။


ယနေ့ ကုလအစည်းအဝေးတွင် အထွေထွေပဏာမ စတင်နေပြီဟုကြားရသည်။ မြန်မာ့အရေးတွင် ရဲဘော်သိန်းစိန်သည် မည်သို့ရှင်းမည်မသိ။ ယခုဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းအသိမ်းခံနေရသည်မှာ နှစ်ပေါင်းရှည်ကြာလှပြီ။ မည်သည့်အပြစ်ကြောင့်နည်း။ ယခုကဲ့သို့ ဖမ်းဆီးထားရန် စစ်အုပ်စုတွင် မည်သို့သော အခွင့်အာဏာရှိပါသနည်း။


သတ္တုချကြည့်လျှင် တရားမှုကိုလိုလားသူ၊ ပြည်သူလူထုဘက်မှရပ်တည်သူ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး တောင်းဆိုသူ၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးတင်ပြသူသည် သန်းရွှေမိသားစုကို ထိခိုက်စော်ကားသူအဖြစ် ယူဆပြီး အဖမ်းဆီးအချုပ်နှောင် ခံရမည်ဟု အဓိပ္ပါယ်ထွက်၏။


ကုလအဖွဲ့ကလည်း အချက်အလက်စုဆောင်းနေသည်မှာ သူ့အဖေကြီးနှင့် အဖေငယ်များပင် သေကုန်ကြပြီ။ စုဆောင်း၍မပြီးသေး။ အမှန်က အမေရိကန်က မီးစိမ်းမပြသေးသဖြင့် ကုလအဖွဲ့ကလည်း စိုးရိမ်မကင်း ဖြစ်ရကြောင်းလောက်သာ တတွတ်တွတ်ပြောဆိုနိုင်ရှာသည်။ ကြက်တူရွေးနှင့် သိပ်မကွာလှပါ။


အချက်အလက်ခိုင်မာအောင် အလုံးစုံပျက်သုဉ်းသည့်အချိန်ကို စောင့်နေပုံရသည်။ သေကြေပျက်စီး၊ မီးလောင်ပြာကျပြီး၍ လင်းတ တိုင်းပြည်ဖြစ်သွားရသည့်အချိန်ရောက်မှ ကုလအဖွဲ့ကလာ၍ မာမားနှင့် ပါရာစီတမော့ ဝေမည်ဆိုလျှင် ဒင်းတို့သည်လည်း ခွေးအ များနှင့် မည်သို့မျှခြားနားလိမ့်မည်မဟုတ်။

လူသူယုတ်တို့ကြီးစိုးပြီး လူကောင်းသူမွန်များထောင်ကျ၊ တောတောင်များသို့ ထွက်ပြေးပုန်းအောင်း နေရသည့်ကာလ ဖြစ်သောကြောင့်လည်း လောလောဆယ်တွင် အယုတ်တမာတို့ကသာ ဥပဒေပိုင်စိုးသလိုလို ဘာလိုလိုဖြစ်နေသည်။ အမှန်က မြန်မာပြည်တွင် ဥပဒေအလျှဉ်းမရှိပါ။ တရားရေးမဏ္ဍိုင် ဝေလာဝေး။

သိပ်မကြာခင် သန်းရွှေမိသားစုကို ကာကွယ်လိုသဖြင့် တပ်မတော်ကပင် နိုင်ငံတော်ကာကွယ်လိုမှုဥပဒေဖြင့် သန်းရွှေမိသားစုကို ဖမ်းဆီးရလိမ့်မည်ဖြစ်သည်။ ဤကားအစဉ်အလာတည်း။ ဗိုလ်ချုပ်အောင်ဆန်းကို ပြစ်မှားပြီး မိမိကိုယ်ကို တပ်မတော်၏ဖခင်အဖြစ် သွေးနားထင်ရောက်သူမှန်သမျှသည် ခွေးသေဝက်သေ သေရမည်မလွဲဧကန်တည်း။


သို့သော် သူတောင်းစားဘဝမှ ခိုးသားဓါးပြ၊ ထိုဘဝမှ ခွေးတိရစ္ဆာန်ဘဝသို့ ရောက်နေသော တပ်မတော် ကိုယ်နှိုက်ကလည်း ဘာမျှအသုံးမကျ အဖေရင်းကိုလည်းမသိ၊ မကျွေးလျှင်မစားရ၊ ခိုင်းတာလုပ်ဘဝတွင် တဝဲလည်လည်ဖြစ်နေ၏။ လူလည်ကြီးများကမူ တိုင်းပြည်၏သယံဇာတကို အကြီးအကျယ်ခိုးဝှက်ပြီး ဘုရားလက်ထက်ကတည်းက ချမ်းသာခဲ့သလိုလို ဂုဏ်ယူမောက်မာနေကြသည်။

သတ္တိဗျတ္တိရှိသော စစ်သည်တော်တဦးဦးက အာဏာရှင်ဗိုလ်သန်းရွှေ၏ ခေါင်းကို တချက်တည်းဖြတ်လိုက်လျှင် နတ်လူသာဓုခေါ်ကြမည်ဖြစ်၏။ သို့ဖြစ်လျှင် မစ္စတာဘန်ကီမွန်းကလည်း ခက်ခက်ခဲခဲ ဗီဇာလျှောက်စရာမလို၊ အေးအေးဆေးဆေး စီးပွားရေးပေါင်းလုပ်ရုံသာဖြစ်သည်။ တိရစ္ဆန်တကောင် တဇာတ်သိမ်းလေ၊ လူ့တန်ဖိုးနှင့် နီးစပ်လေမဟုတ်လော။

ကျွန်ုပ်တို့၏စာတမ်းအသစ်ကို လူကြိုက်များလာ၏။ ကြည့်ရှုသူများပြားလာ၏။ တချို့လူများဓါတ်ပုံလာရိုက်ကြ၏။ တချို့လူများ စာတမ်းရှေ့တွင် ဓါတ်ပုံအရိုက်ခံကြသည်။ နေ့လည် (၁၂)နာရီထိုးပြီးသော် တောင်ငူမြို့ လူ့ဘောင်သစ်ပါတီမှ ကိုဝင်းခိုင် ရောက်လာသည်။ နေ့တိုင်းလာအားပေးမည်ဟုဆိုသည်။ စက်မှုကျောင်းသား တဦးဖြစ်၏။


မွန်းလွဲ (၁)နာရီတွင် မစန္ဒီရောက်လာသည်။ ရှေးမနှောင်းပင် တရုပ်အဖွဲ့လည်းရောက်လာသည်။ တရုပ် ဒီမိုကရေစီအဖွဲ့ပင်ဖြစ်၏။ တရုပ်ဘာသာဖြင့် အော်ဟစ်ဆန္ဒပြနေကြသည်။ ညနေ (၄)နာရီတွင် ကိုမိုးချမ်း ရောက်လာသည်။ ကျွန်ုပ်တို့၏လက်ကမ်းစာစောင်ကို ကူးပြီးလာပို့ခြင်းဖြစ်သည်။ သူ့သူငယ်ချင်း တိဘက်တဦး လည်း ရောက်လာ၏။ မြန်မာပြည်အကြောင်းရုပ်ရှင်မှတမ်းရိုက်ထားသည့်အကြောင်းကို လာပြောပြပါသည်။


ကိုမင်းဆန်းမင်း၏မိတ်ဆွေ ဦးသန်းတင် ရောက်လာပါသည်။ အမေရိကသို့ရောက်နေသည်မှာ နှစ်ပေါင်း (၅ဝ) ကျော်ပြီဖြစ်သည်။ ဦးနုလက်ထက်ကတည်းက အင်ဂျင်နီယာပညာတော်သင်အဖြစ်ရောက်လာ၏။ ဦးနေဝင်းအာဏာသိမ်းလိုက်ရာ စေတနာကိုရိပ်မိသဖြင့် ထိုကတည်းက တိုင်းပြည်သို့မပြန်တော့ခြင်းဖြစ်သည်။ အသက် (၇၇)နှစ်ရှိပြီဖြစ်၏။ လမ်းလျှောက်တုန်းပင်။ အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်အကြောင်း စာပေ ရေးသားနေသူတဦးလည်းဖြစ်သည်။ ဆန္ဒပြအဖွဲ့အတွက် အလှူငွေ ပံ့ပိုးပါသည်။ ချော့ကလက်တထုပ်လည်း အဆာပြေစားရန်ပေးခဲ့၏။ အတော်ကြာကြာစကားပြောပါသည်။

နယူးယောက်မှ ကိုနေလင်းလည်းရောက်လာ၏။ ဘားမားပွိုင့်တွင် ဆောင်ရွက်နေသူတဦးဖြစ်ပါသည်။ အစာငတ်ခံဆန္ဒပြခြင်း စတင်မည့် စက်တင်ဘာလ (၁၈) ရက်နေ့တွင် လူစုံမည်ဟု ယူဆရပါသည်။ ညနေ (၆) နာရီတွင် သိမ်းလိုက်ကြသည်။

ဆန္ဒပြရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive