Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, September 21, 2009

ထိုင်သပိတ် ၈ ရက်မြောက်နေ့ 8th day of demonstraton at the front of UN Building


ထိုင်သပိတ် (၈) ရက်မြောက်နေ့
စက်တင်ဘာလ (၁၆) ရက်၊ ၂ဝဝ၉

နံနက် (၉)နာရီတွင် စတင်သည်။ ရာသီဥတုသည် အခြေအနေမကောင်းလှပါ။ မြန်မာပြည်ဇလဗေဒ အရ ဆိုလျှင် မုန်တိုင်းလာမည့် လက္ခဏာဖြစ်သည်။ လေကလည်း အကြီးအကျယ်တိုက်နေ၏။

(၁ဝ) နာရီခွဲတွင် ပန်းစည်းပို့သော အဖွားကြီးသည် ပန်းအသစ်လာလဲပေး၏။ (၁၁) နာရီ (၃၅) တွင် ကိုဝင်းခိုင် ရောက်လာသည်။ မနေ့ကလည်း တနေကုန် နေပေးပါသည်။ လေတိုက်သဖြင့် အေး၏။


မစန္ဒီရောက်လာပြီး လက်ကမ်းစာစောင်များ ကူးထားသည်ကို လောပေးပါသည်။ (၁) နာရီ (၅) မိနစ်တွင် Bloomberg News Agency မှ အလက်ဇန္ဒားရောက်လာသည်။ ကျန်းမာရေးအတွက် လိုအပ်မှုရှိလျှင် သူ့ကို ပြောပါဟု တနေ့ကပြောထားသော ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာပြည်နှင့် တရုပ်ပြည်တို့ ပူးပေါင်းကြံစည် နေသော ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ ဆောင်းပါးကို လာပို့ခြင်းဖြစ်သည်။ နယ်စပ်များတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဠိပက္ခများနှင့် စီးပွားရေးတည်ဆောက်မှု စသည်တို့တွင် သိမ်မွေ့စွာ မကိုင်တွယ်ဘဲ မဖြစ်နိုင်ဆိုသော အကြောင်းဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာအိုဘုန်းတော်ကြီးတပါးသည် နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်များကို ကူညီစောင့်ရှောက်သည့်အကြောင်းများကိုလည်းပြောပြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ပို့လိုက်သော စာတစောင်ကိုလည်း ပေးခဲ့သည်။ စာတွင် ကလေးများအတွက် ကျောင်းများတည်ဆောက်ပုံ၊ တရားစခန်းများဖွင့်ထားပုံ၊ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ခြင်း စသည်တို့ကို ရေးထားသည်။


ရဲဘော်မောင်မောင်တိတ်သည် စာစောင်ဝေနေ၏။ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများကိုလည်း ယနေ့ကပ်ထားသည်။ ကိုမိုးချမ်း မနေ့ကလာပို့ခဲ့ခြင်းဖြစ်သည်။ ညနေ (၅) နာရီတွင် လူတဦးရောက်လာသည်။ ဓါတ်ပုံရိုက်၏။ လက်မှတ်ထိုးပေး၏။ လိပ်စာကဒ်တခုပေးခဲ့သည်။ ဓါတ်ပုံဆရာတဦးဖြစ်ပါသည်။ Lucitphoto မှ ဖြစ်ပါ၏။


ဤသူသည် မြန်မာပြည် စစ်အုပ်စုအကြောင်းကို သိသူဖြစ်ပါသည်။ စစ်အုပ်စုသည် မည်သူ့ကိုမျှ နားထောင် လိမ့်မည်မဟုတ်ကြောင်း၊ ပြည်သူလူထုကိုလည်း နားထောင်လိမ့်မည်မဟုတ်ကြောင်းကို ၎င်းကဆိုသည်။


သိမ်းခါနီးအချိန်တွင် နယူးယောက် ဘရုကလင်း၌နေထိုင်သူ ကိုအောင်မိုးဝင်းရောက်လာသည်။ Animation ဘာသာရပ်ဖြင့် ကျောင်းတက်နေသူဖြစ်၏။ ကိုမိုးချမ်း မနေ့ကထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပုံများကို လာယူခြင်းဖြစ်သည်။ အီရန်နှင့် တိဘက်ပူးပေါင်း၍ပြုလုပ်မည့် ဆန္ဒပြပွဲတွင် နယူးယောက်နေ မြန်မာများ ကလည်း သွားရောက်ပူးပေါင်းရန်အစီအစဉ်ရှိသည်။ ထိုပွဲတွင် သုံးရန် ပိုစတာလိုခြင်းဖြစ်ပါသည်။

အကြမ်းဖက်အဖွဲ့အချင်းချင်း ပူးပေါင်းသော သဘောရှိသကဲ့သို့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးလိုလားသူ ဆန္ဒပြအဖွဲ့ အချင်းချင်းလည်း ပူးပေါင်းကြရန် လိုအပ်လှသည်မဟုတ်လော။

အိမ်အပြန်လမ်းတွင် Broadway လမ်းနှင့် Broome လမ်းဆုံရာ တိုက်တခု၏ နံရံတွင် (၈) ပေခွဲခန့်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာကြီးတခုကို တွေ့ရသည်။ ကျွန်ုပ်တို့ထံသို့ ရောက်လာသေသာပုံပင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ပုံသည် ယခုအခါနယူးယောက်မြို့ တိုက်နံရံတွင်ရောက်နေပြီဖြစ်သည်။

ဆန္ဒပြရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive