အစာငတ်ခံဆန္ဒပြခြင်း ဒုတိယနေ့
စက်တင်ဘာလ (၁၉) ရက်၊ ၂ဝဝ၉
စက်တင်ဘာလ (၁၉) ရက်၊ ၂ဝဝ၉
နံနက် (၈) နာရီခွဲတွင် ရောက်ရှိသည်။ ဦးကျော်ဝင်း (စာရေးဆရာ ရွှေပြည်စိုး) ၏ မိတ်ဆွေဖြစ်သူ Utah ပြည်နယ်၌နေထိုင်သူ ကိုမြတ်ထွန်း ရောက်လာသည်။ အခမ်းအနားပြင်ဆင်ခြင်းတွင် ဝိုင်းဝန်းကူညီပါသည်။ ငွေ (၁ဝဝ) လည်း ကူညီပါ၏။ ခါတိုင်းနေ့များကဲ့သို့ အခမ်းအနားကို ပြင်ဆင်နေရာရဲဌာနမှ ထရပ်ကားများ ရောက်လာပြီး ပန်းခြံတွင်ဆန္ဒပြသူအဖွဲ့များအတွက် သံတန်းနေရာများပြင်ဆင်ရာ ကျွန်ုပ်တို့၏ စာတမ်းများ၊ အခင်းများ စသည်တို့ကို ခေတ္တရွှေ့ထားရသည်။
ပန်းခြံအပြည့် သံတန်းနေရာများ၊ အကွက်များချထား၏။ ကျွန်ုပ်တို့၏ နေရာသည် ခါတိုင်းနှစ်များအတိုင်း ယခင်နေရာမှာပင်ရှိပါသေးသည်။ ဤကဲ့သို့ ပန်းခြံအပြည့်အကွက်ချထားလျှင် နိုင်ငံတကာအဖွဲ့များ ရောက်လာတော့မည်။ အင်အားများပြားလှသဖြင့် ပန်းခြံတခုလုံးပြည့်နှက်နေလေ့ရှိသည်။
ယူတီကာမှ ကိုဇော်ဇော် နှင့်အဖွဲ့လည်း မနက်ကတည်းက အတူလာသည်ဖြစ်ရာ ညနေအထိနေပေးပါသည်။ ကိုဇော်ဇော်သည် ခရီးရှည်အဖွဲ့ ပြန်ကြားရေးဌာနမှဖြစ်ပြီး ခရီးရှည်ဘလော့ဂ်ကိုဖန်တီးနေသူဖြစ်သည်။ ယူတီကာမြို့တွင် တခြားသောကိစ္စရပ်များကလည်းရှိသဖြင့် မအားလပ်နိုင်ပါ။ ထိုကြောင့် ညနေ (၃) နာရီတွင် ယူတီကာမြို့သို့ပြန်ရမည်ဖြစ်၏။
မွန်းလွဲ (၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် ဦးကိုလေးနှင့် မအာယီး တို့ဇနီးမောင်နှံရောက်လာပါသည်။ ခရီးရှည်အဖွဲ့ အစာငတ်ခံဆန္ဒပြနေသည်ကို လာရောက်အားပေးခြင်းဖြစ်သည်။ ကားရပ်ရန်နေရာ အခက်အခဲ ရှိသဖြင့် ကြာကြာမနေနိုင်ပါ။ အလှူငွေထည့်ပြီးနောက် နှုတ်ဆက်ပြီးပြန်သွားကြပါသည်။ ဦးကိုလေး၊ မအာယီး နှင့် မိတ်ဆွေများ၏ အလှူငွေ (၁ဝဝ) ဖြစ်ပါသည်။
ပန်းစည်းရှင် အဖွားကြီးလည်းရောက်လာပါသည်။ ပန်းအိုးနှစ်အိုးစလုံးအသစ်လဲပေးပါသည်။ အလှူငွေလည်း နောက်ထပ် (၁ဝဝ) ထည့်ပါ၏။ ကျွန်ုပ်တို့ မြန်မာ့အရေးလှုပ်ရှားသ၊ူ မိုင်ပေါင်း (၉ဝဝ) ခရီးရှည်လမ်းလျှောက်ခြင်း နှင့် အစာငတ်ခံဆန္ဒပြခြင်းကို အထူးထောက်ခံအားပေးသူဖြစ်ပါသည်။ မြန်မာပြည် မကြာမီလွတ်မြောက်ရမည်။
ညနေ (၅) နာရီထိုးရန် (၂ဝ) မိနစ်အလိုတွင် ဦးသန်းတင်ရောက်လာပါသည်။ ဦးနေဝင်းအာဏာသိမ်းပြီးနောက် တိုင်းပြည်သို့ မပြန်တော့သူဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့ကို အလှူငွေပံ့ပိုးသူလည်းဖြစ်၏။ စကားစမြည် ပြောကြပါသည်။ မြန်မာပြည်ကိစ္စများနှင့် ပတ်သက်၍ အင်တာနက်များတွင် ရှာဖွေဖတ်ရှုနေသူလည်းဖြစ်သည်။
ညနေ (၆) နာရီတွင် ယနေ့အဖို့ကို သိမ်းလိုက်ကြသည်။
ဆန္ဒပြသူတဦးတင်ပြသည်။
1 comment:
xfvbvboo67
golden goose outlet
supreme outlet
supreme outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
Post a Comment