Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, June 6, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၀ ရက်မြောက်နေ့ 10th day of 900 miles for Long March

Findlay မြို့မှ ထွက်ခွာပြီ
ဇွန်လ ၆ ရက်၊ ၂ဝဝ၉ (၁ဝ ရက်မြောက်ခရီး)


ဒီကနေ့ Findlay မြို့တွင်းကို ဖြတ်လျှောက်သည်။ နေပူရှိန်အလွန်ပြင်း၏။ အရိပ်လုံးဝမရှိပါ။ မြို့တွင်းကို ဖြတ်လျှောက်စဉ် မောပန်းလွန်းသဖြင့် ဈေးဆိုင်တခုရဲ့ ရှိစုမဲ့စု အရိပ်ငယ်လေးတခုမှာ နားနေခိုက် အမေရိကန်ပြည်သူ ၂ ဦး လာရောက်နှုတ်ဆက်လေ၏။ စာတမ်းကိုမြင်လို့ ဘာအတွက် လမ်းလျှောက် နေသည်ကို စိတ်ဝင်စားသဖြင့် မေးမြန်းလာခြင်းဖြစ်၏။ အကျိုးအကြောင်းရှင်းပြသောခါ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးလေ၏။



မွန်းလွဲ ၁ နာရီခွဲတွင် ထိုမြို့တွင်းကိုလွန်မြောက်ပြီး Tiffin Ave လမ်းမကြီးပေါ်သို့ရောက်၏။ US 224E သည် Findlay မြို့တွင်းကို ဖြတ်သွားသောလမ်းဖြစ်၏။ US 224E မှ Main St ထိုမှ Tiffin Ave လမ်းမကြီးသို့ဝင်၏။ Tiffin လမ်းနှင့် US 224E လမ်းသည် အတူတူဖြစ်၏။ Findlay မြို့မှ US 224E အတိုင်းသွားလျှင် Tiffin မြို့သို့ရောက်၏။ Findlay မြို့  မှ US 224 E သို့အထွက်သည် ကားအလွန်ရှုပ်သောလမ်းဖြစ်၏။ လမ်းဘေးဝဲယာတွင် Economic Zone များဖြင့် စည်ကား၏။ မြို့ပြင်အဝေးပြေးလမ်း US 224 E သို့ရောက်သောအခါမှသာ ကားအသွားအလာ နည်းသွားလေ၏။ ထုံးစံအတိုင်း တောင်ယာခင်းနေပူလမ်းကို လျှောက်ကြရ၏။ အရိပ်နည်းသဖြင့် မောလာလျှင် ရှားရှားပါးပါးတွေ့ရသော အရိပ်တွင်နားကြ၏။ ဂျုံ၊ ခရမ်းချဉ်၊ ပဲ စိုက်ခင်းများကို တွေ့ရလေ၏။

ဒီကနေ့ ကျွန်ုပ်တို့ပင်ပန်းရပါ၏။ ထိုအခါမျိုးတွင် ဖုန်းဖြင့်အားပေးသူများကို မျှော်မိပါ၏။ ထိုအခါ ညစဉ်ပုံမှန်ဖုန်းဆက်၍ အားပေးစကားပြောသော ရဲဘော်ဇော်ဇော် (ဇော်နိုင်ဝင်း)ကို သတိရမိပါ၏။ ကျန်းမားရေးအခြေအနေ၊ စိတ်ဓာတ်ရေးရာအခြေအနေ၊ လမ်းခရီးအခြေအနေများ မေးကာ အမြဲတမ်းအားပေးလေ၏။ ထို့အပြင် ကျွန်ုပ်တို့ပို့ပေးနေသော ဓာတ်ပုံနှင့်သတင်းများကိုလည်း မအားမလပ်သည့်ကြားမှ ပုံမှန် Blog တွင်တင်ပေးနေ၏။ ထိုသို့သောရဲဘော်များ များများရှိလျှင် ဘယ်လောက်ကောင်းမလဲဟု တွေးရင်း နေပူပူ လမ်းခေါင်ခေါင်မှာ ကုန်ခမ်းခဲ့သောအားများ ညစဉ်ဖြည့်ရလေ၏။ အားပေးသူများ၏စကားတခွန်းသည် ကျွန်ုပ်တို့ခြေလမ်းကို များစွာရှေ့သို့တိုး၍တိုး၍ သွားရပါ၏။

US 224 E ရဲ့လမ်းခွဲအမှတ် ၂၂၅ ကိုကျော်ဖြတ်ပြီးသောအခါ၌ Church တခုကိုလမ်းဘေးတွင်ထီးထီးမားမားမြင်တွေ့ရလေ၏။ ထိုနေရာသည် Enon Valley ဖြစ်ကြောင်း၊ Church ၏ဆိုင်းဘုတ်က ညွှန်ပြနေလေ၏။ ပင်ပန်းနေကြပြီဖြစ်၍ Church ကျောင်း၏ သစ်ပင်ရိပ်တွင်နားကြရင်း ဒီကနေ့ ၁ဝ ရက်မြောက်ခရီးစဉ်ကို ဤနေရာတွင် အဆုံးသတ်လိုက်လေတော့၏။


သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive