Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, June 10, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၂ ရက်မြောက်နေ့ ခရီး (သတင်းမှတ်တမ်း) 12th day of 900 miles for Long March

Tiffin မြို့ကို လွန်မြောက်ပြီ
ဇွန်လ ၈၊ ၂ဝဝ၉ (၁၂ ရက်မြောက်ခရီး)

နိုင်ငံရေးနိုကြားမှုရှိသော အမေရိကန်ပြည်သူတို့ကို ဤကျေးလက်ဒေသတွင် အများအပြားတွေ့ရ၏။ နေ့စဉ်တွေ့နေရ၏။ ယနေ့တွင်လည်း လမ်းလျှောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် အသက် ၇၅ နှစ်ခန့်ရှိသော အမေရိကန်အမျိုးသားတဦးနှင့် ကြုံရပြန်၏။ ‚င်း၏အိမ်ရှေ့ကားလမ်းတဖက်တွင် ကျွန်ုပ်တို့၏ သတင်းကားရပ်ထားရာနေရာသို့ လမ်းဖြတ်ကူးလာပြီး စိတ်ဝင်တစား စကားပြောလာ၏။ မြန်မာနိုင်ငံကိုလည်း သူသိလေ၏။ ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့နှင့် စကားပြောဖြစ်ကြပြီး ကျွန်ုပ်တို့၏ဦးတည်ချက် လုပ်ဆောင်ချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေတို့ကို ရှင်းပြရာ ‚င်းလည်း ဘန်ကီမွန်းထံပေးပို့မည့်စာကို သေချာစွာဖတ်ကြည့်ပြီးနောက် လက်မှတ်ထိုးလေ၏။

ခရီးတဝက်ခန့်အရောက်တွင် သတင်းထောက်တဦးသည် ကျွန်ုပ်တို့လမ်းလျှောက်ချီတက်ရာနောက်သို့ အပြေးအလìားလိုက်လာပြန်၏။ ကျွန်ုပ်တို့ချီတက်နေကြသောပုံကို အမိအရဓာတ်ပုံလိုက်၍ ရိုက်နေလေ၏။ လမ်းတဖက်သို့ဖြတ်ကူးပြီး ကိုက်တရာမျှဝေးသောနေရာအထိ အပြေးအလွှားဓာတ်ပုံလိုက်ရိုက်၏။ ထို့နောက်တွင်မှ ကျွန်ုပ်တို့အား လာရောက်နှုတ်ဆက်ကာ ၎င်းသိလိုသော သတင်းအချက်အလက်များကိုမေး၏။ ထိုသတင်းထောက်သည် Tiffin မြို့ Advertiser Tribune သတင်းစာမှ သတင်းထောက် Jay Schultz တဦးဖြစ်၏။ သိလိုသည်များကို အသေးစိတ်မေးမြန်းပြီးနောက် ဘန်ကီမွန်းထံပေးပို့မည့်စာ မိတ္တူတရွက်ကိုလည်းယူသွားလေ၏။ ထို့နောက် ကျေးဇူးအထူးတင်ရှိကြောင်း အားလုံးကိုနှုတ်ဆက်စကား ဖေါ်ရွေစွာပြောပြီးထွက်ခွာသွားသည်။ (www.advertiser-tribune.com တွင် ဇွန် ၉ ရက် ၂ဝဝ၉ နေ့ သတင်း၌ကြည့်ရှုနိုင်ပါသည်။) ကိုက်တရာလောက် အပြေးလိုက်ပြီး အပြုံးနှင့်ဆီးကြိုနှုတ်ဆက် မေးမြန်း လာသည့် ထိုသတင်းထောက်၏ အကြောင်းကို ကျွန်ုပ်တို့အားလုံး ဒီကနေ့ပြောမဆုံးအောင် ဖြစ်ခဲ့ရလေတော့၏။
US 224 E သည် Tiffin မြို့တွင်းသို့မဝင်ပါ။ မြို့ပြင်တနေရာမှ ဖြတ်သွားလေ၏။ ထိုလမ်းကြောင်းအတိုင်း အရှေ့ဖက်ဆီသို့ဦးတည်ကာ ကျွန်ုပ်တို့လျှောက်ကြရလေ၏။ မနက်ပိုင်းတွင် မိုးအုပ်မှိုင်းမှိုင်းရှိပြီး ညနေပိုင်းတွင်နေခြစ်ခြစ်တောက်ပူ၏။ ကားလမ်းဘေးတွင် လမ်းလျှောက်ရန်နေရာ အလွန်ကျဉ်း၏။ မြက်ခြုံများအကြားမှဖြတ်လျှောက်နေကြရ၏။ လေတွင်လွင့်နေသောအလံကိုလည်း ထိန်းနေရ၏။ ညနေ ၅ နာရီတွင် Tiffin မြို့အလွန်US 224 E လမ်းကြောင်းဘေးတွင်ရှိသော Briarwood လို့နာမည်တပ်ထားတဲ့ သစ်တောဝင်းတခုရှေ့၌ ကျွန်ုပ်တို့၏ ဒီကနေ့ခရီးစဉ်ကိုရပ်နားလိုက်လေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
(မှတ်ချက်၊ ၊ ခရီးရှည် ချီတက်နေသော ရဲဘော်များ၏ အခက်အခဲ အမျိုးမျိုးကြောင့် ၁၂ ရက်နေ့ သတင်းမှတ်တမ်း ကို ယနေ့မှ တင်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

No comments:

Followers

Blog Archive