(၆ ရက်မြောက်နေ့)
ဇွန်လ ၁၊ ၂ဝဝ၉၊ တနင်္လာနေ့
ယနေ့ Ohio State ရဲ့  224E လမ်းကြောင်းအတိုင်း Ottoville ကို မွန်းလွဲ ၂ နာရီမှာကျော်ဖြတ်သွားခဲ့ကြသည်။
နံနက်ခင်းက မိုးအနည်းငယ်ရွာ၏။ ရာသီဥတုက အနေတော်။ သို့သော် Ottoville မြို့ငယ်လေးကို ဖြတ်ကျော်ပြီး ချိန်တွင် နေသည် အပူရှိန်ပြင်းထန်ချိန်ဖြစ်၏။ အရိပ်မရှိ။ နားချင်သည်။ သို့သော်မနားဖြစ်ကြ။ အခြားတမြို့သို့ ခရီးဆက်သည်။

No comments:
Post a Comment