Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, June 22, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၃ ရက်မြောက်နေ့ ခရီး 23rd day of 900 miles for Long March

US 43 N လမ်းကြောင်းပေါ်မှာ

၂၃ ရက်မြောက်နေ့ (ဇွန်လ ၂၁၊ ၂ဝဝ၉) တနင်္ဂနွေနေ့


မနေ့က ရပ်နားခဲ့သော Cherry St က စကြပါစို့။ မောင်ငြိမ်းချမ်း (၁၁ နှစ်) လည်းပါလာပြန်၏။ တကယ့်မျိုးဆက်သစ်။ တကယ့်နိုင်ငံရေး သွေး။ ကျွန်ုပ်တို့လက်ဖျားခါလောက်သည်။ ဆက်လက်ပြီး Cherry St နှင့် Mogadore Rd တို့ဆုံရာနေရာအရောက်တွင် မြောက်ဘက် သို့ ဦးတည်သောMogadore Rd သို့ကူးပြောင်းချီတက်ကြ၏။ စတင်ချီတက်ပြီး ၁ နာရီခန့်တွင် Kent မြို့တွင်းကိုဖြတ်ကျော်၏။

Franklin Ave လမ်းအတိုင်း မြို့တွင်းကိုဝင်ကာ W Main St မှတဆင့် US 43 N သို့ချိုးဝင်ပြီး မြောက်ဘက်သို့ဦးတည်ကြရလေ၏။ US 43 N သည် Kent မြို့ကို ဖြတ်သန်းစဉ်၌ Gougler Ave လမ်း၊ N Mantua St လမ်း၊State Route 43 စသည်ဖြင့် ပြောင်းလဲ သုံးနှုန်းထားသော်လည်း US 43 N နှင့် အတူတူပင်ဖြစ်သည်။ Kent မြို့သည် ကားလမ်း၊ ရထားလမ်းတို့ပေါင်းဆုံထားရာ မြို့ငယ်တမြို့ ဖြစ်ပြီး အလွန်သာယာ၏။ ထင်ရှားသော Oak Knolls Golf ကွင်းရှိ၏။ တောင်ကုန်းအတက်အဆင်းလမ်းကြောင်း အတိုင်းမြို့ကို လှပအောင်တန်ဆာဆင်ထား၏။ အရိပ်ရအပင်ကြီးများဖြင့် လှပနေ၏။ ခဲနှင့်သဲအကြီးအကျယ်ထုတ်လုပ်ရောင်းချသောHugo Sanf Company သည် Kent မြို့အထွက်တွင် ရှိလေ၏။ Kent မြို့မှ State Rpute 43 အတိုင်းသွားလျှင် Sugar Bush Knolls ဆိုသော ရွာငယ်လေးကို မြင်တွေ့ရ၏။ တောင်ကုန်းပတ်လမ်းအတိုင်း ဖောက်လုပ်ထားသောကားလမ်းသည် ကြည့်ရသူရင်ကို သာယာကြည်နူးစေ၏။


ဒီခရီး ဒီလမ်း ကျုပ်တို့မမောပန်းပါ။ ဒေါင်းအလံတလူလူလွင့်ရင်း ချီတက်နေကြဆဲပါ။ Sugar Bush Knolls ရွာအဝင် လမ်းဘေးဝဲယာ၌ ရေကန်ကြီး ၂ ကန်ကို မြင်ကြရ၏။ Shore West Twin Lake နှင့် Shore East Twin Lake ဟုအမည်မှည့်ခေါ်ထား၏။ ဂေါက်ကွင်း ကြီးတခုကိုလည်း လမ်း၏ညာဘက် (Eastside) တွင် တွေ့ကြရ၏။ အရိပ်ကောင်းတခုကိုရှာရင်း Shore West Twin Lake ရေကန် ဘေးတနေရာ၌ နေ့လည်စာ စားဖြစ်ကြ၏။ မောင်ငြိမ်းချမ်း၏အမေ ဒေါ်ဝင်းမာထည့်ပေးလိုက်သော ဟင်မျိုးစုံဖြင့် ဒီကနေ့ ဗိုက်ဖြည့် လိုက်ကြရပေဦးမည်။ မနေ့က နေ့လည်စာမစားရသဖြင့် ခွန်အားနည်းသလိုတွေ့လိုက်ရသော မောင်ငြိမ်းချမ်းတယောက် ဒီကနေ့ နေ့လည်စာ ကို မွန်းလွဲ ၁ နာရီခွဲတွင် ကျွန်ုပ်တို့နှင့်အတူ မြိန်ရှက်စွာ စားဖြစ်သွားလေတော့၏။


ထမင်းစားပြီးပြန်အထွက် Sugar Bush Knolls သို့အဝင်တွင် အိမ်တအိမ်မှ ရေဗူးများထွက်၍ပေးလေ၏။ ၁ နာရီခန့် US 43 N အတိုင်း ကုန်းတက်ကုန်းဆင်းလျှောက်ကြပြီး နေပူဒဏ်ကြောင့်မောပန်းလွန်းသဖြင့် လမ်းဘေးသင်္ချိုင်းကုန်းတခုတွင် နားကြပြန်၏။ ကျွန်ုပ်တို့၏အတွေ့အကြုံအရ ကားရပ်လွယ်ကူသောနေရာ၊ အရိပ်ကောင်းသောနေရာ၊ တိတ်ဆိတ်ငြိမ်းချမ်းသောနေရာသည် ဤခရီး ဤလမ်း၏ဘေးတွင်ရှိသော သင်္ချိုင်းကုန်းများသာဖြစ်လေ၏။

တပါးသူ၏ အိမ်ရှေ့အရိပ်တွင် ရပ်နားခဲ့ပါက အိမ်ရှင်၏ညိုညင်မှုကိုခံရမှာ စိုးရိမ်ရ၏။ လမ်းဘေးတွင်ကားရပ်ခဲ့ပါကလည်း ကားကို ရဲက Ticket ပေးမည်စိုးရိမ်ရပြန်၏။ သို့သော် သင်္ချိုင်းကုန်းသည်ကား ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းရာ၊ အန္တရာယ်ကင်းရာ၊ နားခိုရာ နေရာကောင်းတခုဖြစ်၍ နေလေ၏။

ဒီကနေ့ ရပ်နားရာနေရာမရောက်ခင် ၂ ဖာလုံခန့်အလိုတွင် အိမ်တအိမ်မှ ရေခဲစိမ်ရေဗူးအေးအေးများ ကျွန်ုပ်တို့ကို ပေးပါ၏။ ထို့အပြင် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင်လည်း ထောက်ခံလက်မှတ်ရေးထိုးပေးခဲ့ပါ၏။ အားပါးတရရေခဲရေအေးအေးသောက်ကြရင်း ကျွန်ုပ်တို့ ရပ်နားကြမည့် US 43 N (State Route 43) နှင့် Ethan Ave လမ်းဆုံသို့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရောက်ခဲ့ကြလေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive