Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, June 10, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၃ ရက်မြောက်နေ့ခရီး 13th day of 900 miles for Long March

On the Road

ဇွန်လ ၉ ရက်၊ ၂ဝဝ၉ (၁၃ ရက်မြောက်ခရီး)


ယနေ့လျှောက်နေကြရသော US 224 E လမ်းသည် ယာဉ်သွားလမ်းတဖက်တလမ်းသာရှိ၏။ လမ်းလျှောက်ဖို့ မြေနေရာမရှိ။ ရေမြောင်းခံနေ၏။ မြက်တောထဲမှဆင်းလျှောက်နေကြရ၏။ သတင်းကားရပ်ရန် လမ်းဘေးကလည်း ကျဉ်းသည်။ ရပ်၍မရပါ။ ကျွန်ုပ်တို့ခက်ခက်ခဲခဲ လျှောက်နေကြရသည်ကို အားပေးနေသူ ရှိခဲ့ပါ၏။ အိမ်တအိမ်ပေါ်မှ မိန်းမကြီးတဦးက အားပါးတရလက်ခုပ်တီး၍ လှိုက်လှိုက်လှဲလှဲအားပေးပါ၏။

ဒီရက်ပိုင်းအတွင်း နေပူရှိန်အလွန်ပြင်း၏။ လမ်းလျှောက်ပြီးလျှင် ခန္တာကိုယ်နုံးချိသွား၏။ ရေအလွန်ငတ်၏။ သို့သော်လည်းကျွန်ုပ်တို့၌ ရိက္ခာမပြည့်စုံပါ။ စားစရာမပြည်စုံပါ။ ကျေးလက်ဒေသနေ အမေရိကန်ပြည်သူတို့၏ စာနာစိတ်ကို တတိယနိုင်ငံရောက် မြန်မာနိုင်ငံသားအများစုနှင့် ယှဉ်ထိုးနှိုင်းဆ၍မကြည့်လိုတော့ပါ။ အပြောနှင့်ပါးစပ်သေနတ်မပစ်ဘဲ လက်တွေ့မြင်နေကြရသော အမေရိကန်ပြည်သူတို့၏အားပေးမှု၊ လမ်းတလျှောက်ရှိ မြို့နယ်အသီးသီးမှ သတင်းစာတို့၏ဖေါ်ပြမှုတို့က အခိုင်အမာ သက်သေထူနေပြီဖြစ်၏။

အပြောများကို နားထောင်ရသည်မှာ လှပသည့်စကားလုံး ဝေါဟာရအသစ်များ ရရှိခဲ့သော်လည်း လက်တွေ့လုပ်ရပ်၏ သက်သေခံမှုက ထူးမခြားနားပတ်ပျိုးထဲ ကနေရသကဲ့သို့ဖြစ်လာလေသောအခါ အချိန်တန်ဖိုးရှိသော အမေရိကတွင် နားပူမခံလိုတော့ပါ။ လက်တွေ့အမူအယာကိုသာ စိတ်ဝင်စားလာမိလေ၏။ ကျွန်ုပ်တို့တွင် အိမ်မရှိပါ။ ကားမရှိပါ။ သို့သော်မြန်မာနိုင်ငံပြည်သူတို့ကို စစ်အာဏာရှင်အောက်က လွတ်မြောက်လိုစိတ်၊ စစ်ကျွန်ဘဝက လွတ်မြောက်လိုစိတ်တော့ရှိပါ၏။

မနေ့ကနေပူ၏။ ယနေ့လည်းနေပူ၏။ နောက်နေ့လည်းနေပူပါစေ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ထံ တင်ပြမည့်စာနှင့် မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်နေသည့် ခရီးသည်ကားရှေ့သို့ ဆက်လက်ချီတက်နေမည်သာဖြစ်၏။ လမ်းဘေးသင်္ချိုင်းကုန်းသည် ကျွန်ုပ်တို့နေ့လည်စာစားရန်နေရာ၊ လမ်းဘေးသစ်ပင်ရိပ်သည် ကျွန်ုပ်တို့၏ခရီးကန္တာရထဲက ဇရပ်ပျက်တဆောင်။

ယခုအချိန်တွင် US 224 E သည် Seneca အပိုင်နယ်နမိတ်အတွင်း ဖြတ်ကျော်၍အရှေ့ဖက်ဆီသို့သွားနေသည်။ မွန်းလွဲပိုင်းနေပူရှိန်က မညာမတာပူ၏။ ဦးတည်နေသည်က Attica မြို့သို့ဖြစ်၏။ သို့သော်ဒီကနေ့မရောက်နိုင်တော့။ မွန်းလွဲ ၃ နာရီတွင်ရပ်နားဖို့ဆုံးဖြတ်လိုက်သည်။ ထိုနေရာသည်ကား South County Road ၂၃ နှင့် US 225 E တို့တွေ့ဆုံရာနေရာဖြစ်၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

3 comments:

Unknown said...

ဘာလိုလိုနဲ့ ၁၃ရက်မြောက်တောင် ရောက်သွားပြီနော်......
တောင့်ထားဗျ....

keep up friends said...
This comment has been removed by the author.
keep up friends said...

I think you should respect the country where you are doing campaign. I suggest you guys also should carry US flag. Thank you.

Followers

Blog Archive