Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, June 5, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈ ရက်မြောက်နေ့ 8th day of 900 miles Long March

Ottawa မြို့မှ Gilboa ရွာသို့ခရီးတထောက်
ဇွန်လ ၄ ရက်၊ ၂ဝဝ၉ (၈ ရက်မြောက်ခရီး)

ဒီနေ့မနက် Ottawa မြို့မှပြန်လည်ခွက်ခွာကြပြီ။ ဦးတည်သွားနေသည် Gilboa ဆိုတဲ့ရွာကလေးဆီကိုပါ။ ယနေ့ နေသာ၏။ သို့သော် လေတိုက်အလွန်ကြမ်း၏။ မျက်နှာချင်းဆိုင်မှလေတိုက်ခတ်နေသဖြင့် အလံကိုထိန်းပြီး လမ်းလျှောက်နေကြရသည်မှာ အလွန်ခက်လေ၏။ လူကိုတွန်းသလိုဖြစ်နေ၏။

ရဲဘော်ကျော်ရှိန်နှင့် ရဲဘော်မောင်မောင်တိတ်တို့ ဒူးနာနေသဖြင့် ဒဏ်ကြေဆေးလိမ်းပြီး လျှောက်နေရသည်။ ရဲဘော်စောငိုခြေထောက်ပေါက်တာ သက်သာစပြုပြီ။ အချို့သောနေရာတွင် ဒဏ်ရာကမကျက်သေးပါ။ ရဲဘော်မောင်မောင်တိတ်ကတော့ ထော့နဲ့ထော့နဲ့ဖြင့် ဇွဲကောင်းစွာလျှောက်နေ၏။

Gilboa ရွာသို့ရောက်ချိန်သည် မွန်းလွဲ ၂ နာရီရှိပြီ။ လမ်းဘေးတနေရာတွင် ထမင်းစားဖြစ်ကြ၏။ ဒီနေ့တော့ မွန်းလွဲစာ၊ ညစာ ၂ နပ်ဖြစ်ပြီ။ ထမင်းစားပြီးပြန်ထွက်ချိန်တွင် Limanews သတင်းစာမှ သတင်းထောက် အမျိုး သမီး

Limanews သတင်းစာမှ သတင်းထောာက် Nancy Kline က သတင်းလာရောက် ယူနေစဉ်


Nancy Kline က Gilboa ရွာအထွက်တွင် စောင့်ကြိုနေသည်။ ကျွန်ုပ်တို့လမ်းလျှောက် နေသည်ကို သူသိနေပြီဖြစ်ကြောင်း စတင်မိတ်ဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ကြယ်ငါးပွင့် မြန်မာနိုင်ငံ အလံနှင့် ခွပ်ဒေါင်းအလံ၊ သာသနာ့အလံအကြောင်းများအပြင်၊ ကျွန်ုပ်တို့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်တို့ကို မေးမြန်းပြီးသောအခါ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့မည့်စာတွင် လက်မှတ်ရေးထိုးလေ၏။ Nancy Kline ၏ website မှာ http://www.limenews.com/ နှင့် http://www.putnamvoice.com/ တို့ဖြစ်ပြီး၊ ဇွန်လ ၄ ရက်နေ့ သတင်းတွင် ကြည့်ရှုနိုင်ပါသည်။

ဒီကနေ့တွင် စိတ်ပါဝင်စားသူ ခရီးသွားအမျိုးသမီးတဦးသည်လည်း လမ်းတွင်ကားရပ်ပြီး တကူးတက လာရောက်မေးမြန်းကာ လက်မှတ်ထိုးလေ၏။

Ottawa မြို့  မှထွက်ပြီး ၂ မိုင်ကျော်အကွာမှစ၍ သစ်ပင်တောတန်းများ၊ ဂျုံစိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများ အမြောက်အများကို တွေ့ရလေ၏။

Gilboa ရွာအဝင်တွင်ကား နွားနို့ထုတ်လုပ်သော စက်ရုံကြီးတခုကိုတွေ့ရလေ၏။ Gilboa ရွာမှ US 224E လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာပြီး Gilboa ရွာနှင့် ၅ မိုင်ခန့်အကွာ US 224E လမ်း၏တနေရာတွင် ဒီကနေ့ချီတက်သည့်ခရီးစဉ်ကို ရပ်နားခဲ့ကြလေတော့၏။

သတင်းဓာတ်ပုံနှင့်တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive