Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, June 5, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၉ ရက်မြောက်နေ့ 9th day of 900 miles for Long March

Findlay မြို့ရောက်ပြီ
ဇွန်လ ၅ ရက်၊ ၂ဝဝ၉ (၉ ရက်မြောက်ခရီး)

Findlay မြို့  ပြဆိုင်းဘုတ်လေးပါ
ဒီနေ့အပူရှိန်မြင့်၏။ သို့သော် Gilboa ရွာမှ Findlay မြို့သို့အသွားလမ်းတွင် သစ်ပင်တောတန်းများရှိ၍ အဆင်ပြေလေ၏။ အရိပ်တွင် နားရင်းလျှောက်ရင်းဖြင့် ခရီးဆက်နေရ၏။ Gilboa ရွာမှထွက်ခွာပြီး ၂ နာရီခန့် အကြာ တောင်ယာစိုက်ခင်းများကို ဖြတ်သန်းချီတက်နေစဉ် တောင်ယာခင်းပိုင်ရှင်တဦးက ၄င်း၏ အိမ်ရှေ့မှ စောင့်၍ ကျွန်ုပ်တို့အား စိတ်ဝင်တစားမေးမြန်းပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့ မည့်စာတွင် လက်မှတ်ရေးထိုးလေ၏။ ကံကောင်းပါစေ၊ ဘုရားသခင်ကောင်းချီးပေးပါစေဟု လှိုက်လှိုက် လှဲလှဲဆုတောင်းပေးသည်။ ကျွန်ုပ်တို့ ၆ ဦးကိုလည်း ဓာတ်ပုံအမှတ်တရရိုက်၏။

ဒီကနေ့တွင် လက်ဝှေ့ရမ်းနှုတ်ဆက်သော အမေရိကန်အမြောက်အများကို ကြုံရလေ၏။ ခရီးသွားတချို့က ကားပေါ်မှ လက်မထောင်ပြကြသည်။ Findlay မြို့  ဧရိယာထဲရောက်တော့ The Courier သတင်းစာမှ သတင်း ထောက်အမျိုးသမီး Dana Ford က ကျွန်ုပ်တို့အဖွဲ့ကို County Road 139 တွင်စောင့်နေသည်။ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်ရခြင်းအကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေအား မေးမြန်းသည်။ ထို့နောက် ကျေးဇူးတင်စကားပြောပြီး အမေရိကန်ပြည်သူတို့ကို ပိုမိုသိရှိလာအောင် သတင်းနည်းပညာဖြင့် နှိုးဆော်ပေးမည်ဟု ပြောပြသွားလေ၏။ http://www.thecourier.com/ တွင် ဇွန်လ ၅၊ ၂ဝဝ၉ ရက်စွဲ၌ကြည့်ရှု့ နိုင်ပါသည်။

Gilboa ရွာမှ စတင်ခဲ့သည့် ဒီကနေ့ခရီးသည် ညနေ ၄ နာရီတွင် Findlay မြို့သို့ရောက်ရှိခဲ့ကြလေတော့၏။


သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:

Unknown said...

ခရီးရှည် ချည်တက်နေတဲ့ ရဲဘော်တို့အား လေးစားပါ၏။

Followers

Blog Archive