Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, June 3, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅ ရက်မြောက်နေ့ 5th day of 900 miles of Long March

Van Wert မြို့ကိုနှုတ်ဆက်ပြီ
မေ ၃၁၊ ၂ဝဝ၉၊ တနင်္ဂနွေ (၅ ရက်မြောက်)


Van Wert မြို့မှ US 224 E ဟိုင်းဝေးလမ်းမကြီးအတိုင်းထွက်ပြီး ၃ မိုင်ကျော်လောက်မှစ၍ စိုက်ပျိုးရေးလုပ်ကိုင် နေကြသော ကျေးလက်ဒေသကို တောက်လျှောက်ဖြတ်သန်းကြရသည်။ ထွန်ယက်နေဆဲနေရာများ၊ စိုက်ပျိုး နေဆဲနှင့် အသီးရင့်နေသော ဂျုံပင်စိုက်ခင်းကြီးများကို မျက်စိတဆုံးမြင်ရလေ၏။ ဂျုံစိုက်ခင်းများကို ဖြတ်တိုက်လာသောလေနုအေးကြောင့် နေပူကျဲကျဲထဲက ကျွန်ုပ်တို့ အမောပြေရပါ၏။

ကျေးလက်ဒေသဖြစ်သည့်အတွက် လမ်းဘေးဝဲယာတွင် အိမ်ခြေသိပ်မတွေ့ရ တမျှော်လောက်ဝေးမှ တခြံမျှတွေ့၏။ အရိပ်ကင်းမဲ့လှ၏။ သို့သော် စိုက်ခင်းကိုဖြတ်တိုက်လာသောလေက အေးနေ၏။ ထို့ကြောင့်အမောပြေစေ၏ ။US 224E သည် Van Wert မြို့မှ Ottoville သို့ ဦးတည်နေလေ၏။ ကျွန်ုပ်တို့၏ရှေ့ခရီးကိုမျှော်တွေးရင်း ခြေလှမ်းကသွက်နေလေ၏။

အနည်းငယ်မျှပြောရပေဦးမည်။ စားသောက်ဆိုင်မရှိ၊ ဈေးဆိုင်မရှိ၊ ဓာတ်ဆီဆိုင်မတွေ့ရသော US 224E လမ်းတွင် ကျွန်ုပ်တို့အပေါ့အပါးမည်သို့သွားရအံ့နည်း။ အပေါ့သွားရန်လွယ်စေဦး အလေးသွားရန်ခက်လေ၏။ လမ်းဘေးအကွယ်မရှိသော ဤနေရာသည် လက်တွေ့တွင် ဘယ်လိုမှမဖြစ်နိုင်ပါ။

ဖြတ်လျှောက်ရာလမ်းကြောင်းတိုင်းတွင် ကားဟွန်းတီး၍အားပေးသော အမေရိကန်ပြည်သူတို့ကို များစွာတွေ့ရလေ၏။ ထိုဟွန်းသံများသာ ထောက်ခံလက်မှတ်များအဖြစ် ထင်ကျန်လာခဲ့မည်ဆိုပါက ကျွန်ုပ်တို့၏ ကျောပိုးအိတ်ဖြင့် စာရွက်များထမ်းပိုးနိုင်တော့မည်မဟုတ်ပါ။ ယခုလျှောက်နေသော US 224E ဟိုင်းဝေး လမ်းသည် တောလမ်းဟု ဆိုရပေမည်။ နေ့လည် ၁၂ နာရီခန့်တွင် ဆိုင်ကယ်စီးလာသော


အမေရိကန်ပြည်သူတဦးက ကျွန်ုပ်တို့၏သတင်းကားအနီးတွင် လာရပ်ကာ စိတ်ဝင်တစားမေးမြန်းလာလေ၏။ မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းလင်းပြောပြကြရလေ၏။ ခရီးရှည်ချီတက်နေသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ လုပ်ဆောင်ချက်တို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ တင်ပြမည့်စာကိုပါ ပေးဖတ်လိုက်လေ၏။ စာဖတ်ပြီးသည်နှင့် ၄င်းလည်းလက်မှတ်ထိုးရန်အသင့်စီစဉ်ထားသော စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်လေ၏။


၎င်းလက်မှတ်ထိုးနေစဉ်မှာပင် Ohio Van Wert မြို့မှသတင်းစာသတင်းသမားတဦး ကင်မရာကိုင်ကာ ကားပေါ်မှဆင်းလာလေ၏။ ဤလမ်းဤခရီးမျိုးတွင် သတင်းသမားတွေ့လိမ့်မည်ဟု မျှော်လင့်မထားပါ။ သို့သော် သတင်းသမားက ကားဖြင့်ယခုရောက်ရှိနေလေပြီ။ သူ့အမည်က Ron Dunn ။ ကျွန်ုပ်တို့စိတ်ရှည်လက်ရှည် ရှင်းပြရပြန်လေ၏။ သတင်းဓာတ်ပုံများမှတ်တမ်းတင်ပြီးသည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့မည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးလိုက်လေ၏။

၎င်းတို့၏အားပေးစကားသည် ကျွန်ုပ်တို့၏ခြေလှမ်းများကို ပိုမိုသွက်လက်သွားစေလေ၏။ US 224 E လမ်းမကြီး ကတော့ ဖြောင့်တန်းနေဆဲ။ မျက်စိတဆုံးမြင်နေရလေ၏။ ကောင်းကင်ကြီင်္းလည်း တိမ်မှိုတိမ်လိတ်တချို့သာ ရှိလေ၏။ ဒီကနေ့မျှော်လင့်မထားသော ထူးခြားမှု ၃ ခုကိုကြုံတွေ့ခဲ့ကြရ၏။ ပထမတခုမှာ တောလမ်းလိုနေရာမျိုးတွင် သတင်းသမားရောက်ရှိလာသောအချက်ဖြစ်၏။ ဒုတိယအချက်မှာ လွင်တီးခေါင်ပြင် ကြီးထဲက US 224E လမ်းကြောင်းဘေးတွင် ကြီးမားသော အရိပ်ရ သစ်ပင်ကြီး ၂ ပင်ကိုမြင်တွေ့ရခြင်းပင်။ သဲကန္တာရတွင် အရိပ်တွေ့ရသကဲ့သို့ ကျွန်ုပ်တို့၏ရင်ထဲ အံ့သြဖွယ်ရာ ခံစားလိုက်ရလေ၏။ ထိုနေရာတွင် ခေတ္တနားရင်း နေ့လည်စာကို စားလိုက်ကြလေတော့၏။

နေပူထဲတွင် ထမင်းရေဆမ်းနှင့် ဘဲဥပြုတ်က အလှူအိမ်ကဒန်ပေါက်ကြက်မြှုပ်ထက်ပို၍ အရသာရှိလေ၏။ အချိန်က မွန်းလွဲ ၁ နာရီခွဲ။ အချိန်ရှိတုန်း US 224E ပေါ်ချီတက်ကြရဦးမည်။ စားသောက် တအောင့်နားပြီး ခရီးဆက်ကြစဉ် မိနစ် ၃ဝ ခန့်တွင် တတိယထူးခြားမှုကို ကြုံရပြန်လေ၏။ ရှားရှားပါးပါးခြံဝင်းတခုထဲက မိသားတစုထွက်လာပြီး ကျွန်ုပ်တို့ကိုနှုတ်ဆက်လေ၏။ စိတ်ဝင်တစားမေးမြန်းလာလေ၏။ မြန်မာပြည် အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ကျွန်ုပ်တို့ကိုင်ဆောင်လာသော NLD အလံ၊ ကျောင်းသားအလံ၊ သာသနာ့အလံများအကြောင်း၊ စုံနေတာပါဘဲ။ ၄င်းတို့မိသားစု ကျွန်ုပ်တို့ ဘန်ကီမွန်းထံ ပေးပို့မည့်စာတွင် ထောက်ခံလက်မှတ် ရေးထိုးကြလေ၏။ ညနေ ၃ နာရီတွင် Ottoville မြို့ကိုလှမ်းမြင်ရလေ၏။ ထိုနေရာတွင် ခရီးတထောက် နားဖြစ်ကြသည်။

သတင်းဓာတ်ပုံနှင့်တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

3 comments:

Anonymous said...

[url=http://sopriventontes.net/][img]http://sopriventontes.net/img-add/euro2.jpg[/img][/url]
[b]downloadable oem software, [url=http://tonoviergates.net/]microsoft database software[/url]
[url=http://sopriventontes.net/]software prices[/url] telephone mounting board autocad 2009 mep part live stock price software
autocad 2007 crack [url=http://sopriventontes.net/]Leopard FileMaker Pro 10[/url] stock price software
[url=http://tonoviergates.net/]buy cheap software online[/url] windows vista ultimate
[url=http://tonoviergates.net/]microsoft office 2003 free[/url] how to sell oem software
oem software bundle [url=http://sopriventontes.net/]i buy windows xp software[/url][/b]

Unknown said...

see this replica designer bags more info here Dolabuy Goyard look at this web-site Gucci Dolabuy

Unknown said...

replica bags in london fake hermes d2u53r5j72 replica bags in pakistan have a peek at these guys d0b45j0h82 replica designer backpacks replica bags china free shipping replica bags korea company website l5k87x3s96 replica bags hong kong

Followers

Blog Archive