Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, June 8, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၁ ရက်မြောက်နေ့ 11th day of 900 miles for Long March

Enon Valley ကိုနှုတ်ဆက်ပြီ
ဇွန် ၇ ရက်၊ ၂ဝဝ၉ (၁၁ ရက်မြောက်ခရီး)

Enon Valley ကို နှုတ်ဆက်ကျောခိုင်း၍ ရှေ့ဆက်မည့်ခရီးစဉ်ကို စတင်လိုက်ကြသည်။ ယခုကျွန်ုပ်တို့ ချီတက် နေကြသော US 225 E လမ်းသည် Ohio State ၏ ကျေးလက်ဒေသကိုဖြတ်ဖောက်ထားသော လမ်းမကြီး ဖြစ်သည်။ မြို့တချို့နှင့် ရွာတချို့ကိုဖြတ်သွားစဉ်မှအပ ဤလမ်းဤခရီးသည် တောလမ်းခရီးဖြစ်၏။

ယနေ့ နေသည်ခြစ်ခြစ်တောက်ပူ၏။ ထို့ကြောင့်ခရီးမတွင်ပါ။ သို့သော် မိုင်ပေါင်း ၉ဝဝ ချီတက်နေသောခရီးစဉ်တွင် ယနေ့ ၁၁ ရက်မြောက် (တနင်္ဂနွေ)နေ့ ခရီးစဉ်သည် ထူးခြား၍ မင်္ဂလာရှိသောနေ့တနေ့ဖြစ်၏။ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့ချီတက်ပြီးမကြာခင်မှာ US 224 E နှင့် County Road 330 လမ်းဆုံတွင် အမေရိကန်အမျိုးသားတဦး သည် ၎င်းမောင်းနှင်လာသောကားကို ကျွန်ုပ်တို့၏ဘေးတွင် ထိုးရပ်လိုက်သည်။ ၎င်းက ကျွန်ုပ်တို့နေ့စဉ် လမ်းလျှောက်နေသည်ကို မြင်တွေ့နေရကြောင်း၊ ထို့အပြင် သတင်းစာများတွင်လည်း သတင်းများ သူဖတ်ပြီးပြီဖြစ်ကြောင်းပြောကာ သူ့အိတ်ထဲတွင်ရှိနေသော ဒေါ်လာ ၇ ဒေါ်လာကို ကမ်းပေးရင်း ဘန်ကီမွန်းထံပေးပို့မည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးချင်ပါသည်ဟုပြောသဖြင့် လက်မှတ်ထိုးရန်အသင့်ပြုလုပ်ထားသော စာရွက်ပေါ်တွင် လက်မှတ်ထိုးလိုက်လေ၏။ ကျွန်ုပ်တို့တကူးတက ရှင်းပြစရာပင်မလိုတော့ချေ။

ဆက်လက်ချီတက်လာခဲ့ကြရာ ၁ နာရီခန့်အကြာတွင် အမေရိကန်လင်မယား ၂ ဦးသည် လမ်းခွတနေရာ၌ ကားရပ်စောင့်ရင်း အဆာပြေစားရန် ဟမ်ဘာဂါ ချက်ချင်းလုပ်ပေးပါ၏။ ထို့အပြင် ၎င်းတို့လည်း သတင်းစာမှာ တွေ့၍ သတင်းအစုံအလင် သိရှိထားပြီဖြစ်ကြောင်းပြောပြလေ၏။ ထို့ကြောင့်အသင့်ပါလာသော လက်မှတ်ရေးထိုးရန်စာရွက်တွင် လင်မယား ၂ ယောက်စလုံး လက်မှတ်ရေးထိုးကြ၏။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၏အရသာကိုသိသော အမေရိကန်ပြည်သူတို့၏ နိုးကြားမှုအား ကျွန်ုပ်တို့အံ့သြရပါ၏။ အမေရိကန်ကျေးလက်ပြည်သူတို့၏ စိတ်ဓာတ်ကိုလည်းလေးစားရပါ၏။

နေပူပူတွင်ဆက်လျှောက်ရင်း မောပန်းလာသဖြင့် အိမ်တခု၏ဘေးက ရှားရှားပါးပါးသစ်ပင်ရိပ်ငယ်တခုတွင် ဝင်နားနေစဉ် အိမ်ရှင်ထွက်လာပြီး မိတ်ဆက်စကားပြောလာ၏။ သူလည်းကျွန်ုပ်တို့ကို သိနေပြီးသူဖြစ်၏။ ထို့ကြောင့်လက်မှတ်ထိုးရမည့်စာရွက်ပေါ်တွင် ထောက်ခံလက်မှတ်ရေးထိုးလေ၏။

ဒီကနေ့ခရီးစဉ်တွင် ကားရပ်၍အားပေးစကားပြောကာ လက်မှတ်ထိုးသူ ၃ ဦး၊ ဟမ်ဘာဂါကျွေးရင်း လက်မှတ်ထိုးသူ ဇနီးမောင်နှံ ၂ ဦးတို့အပြင် မြန်မာနိုင်ငံသား ဘုန်းတော်ကြီး ၃ ပါးနှင့် လာအိုဒကာ ဒကာမ ၂ ဦးတို့လည်း ဝမ်းသာအားရနှုတ်ဆက်စကားပြောရင်း ဘန်ကီမွန်းထံပေးပို့မည့်စာတွင် ထောက်ခံလက်မှတ် ရေးထိုးသွားလေ၏။

Ohio State, Akron မြို့တွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဘုန်းတော်ကြီး ဦးနန္ဒသာရ၊ အရှင်ဝါရိန္ဒ၊ အရှင်ပုညတို့ ၃ ပါးနှင့် ဒကာ၊ ဒကာမ ၂ ဦးတို့လည်း US 224 E လမ်းပေါ်က ကျွန်ုပ်တို့ကို မြင်လျှင်မြင်ချင်း ချက်ခြင်းကားရပ်ကာ အားပေးစကားဆင်းပြောလာ၏။ တလူလူလွင့်နေတဲ့အလံကိုမြင်ကတည်းက တို့နိုင်ငံသားတွေဘဲဖြစ်ရမည်ဟု အဝေးကပင်သိနေပြီဖြစ်ကြောင်း အားပါးတရအားပေးစကားပြောရင်း ဆုတောင်းမေတ္တာပို့သပေးပါ၏။ ကျွန်ုပ်တို့ ၆ ဦးစလုံးကိုလည်း လက်ဖွဲ့လက်မန်းကွင်းများ ကိုယ်တိုင်စည်းပေး၏။ ထို့အပြင် ၎င်းတို့တွင်ပါလာသော သကြားလုံး၊ အချိုရည်ဗူးနှင့် ရေသန့်ဗူးများကိုလည်းပေးလေ၏။ ကျွန်ုပ်တို့နှင့် အမှတ်တရဓာတ်ပုံ ရိုက်ကြ၏။

ညနေပိုင်းတွင် အမေရိကန်အမျိုးသမီးတဦးသည် ကားဖြင့်တကူးတကလိုက်လာပြီး အအေးဗူးများပေးလေ၏။ ၎င်း၏ဆိုင်ရှေ့မှဖြတ်သွားသည်ကို မနက်ကတည်းကမြင်တွေ့ခဲ့ကြောင်း၊ အချိုရည်ဗူးများပေးလိုသဖြင့် အလုပ်ပြန်ရင်းယူလာကြောင်းပြောဆိုပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့မည့်စာတွင်လည်း ထောက်ခံလက်မှတ်ရေးထိုးသွားလေ၏။

နေကပူလွန်း၏။ အရိပ်ကလည်းရှာမတွေ့။ ရဲဘော်မောင်မောင်တိတ်မျက်နှာပေါ်က နေလောင်ဒဏ်ရာသည် အမှတ်ကဲ့သို့ဖြစ်၍ နေလေ၏။ ရဲဘော်စောငိုကတော့ခြေထောက်ပေါက်နေဆဲ။ ပလာစတာကပ်နေရဆဲ။ ရဲဘော်ကျော်ရှိန်ကတော့ ဒဏ်ကြေလိမ်းဆေးတန်ခိုးနှင့် လမ်းလျှောက်နေရဆဲ။ ဘယ်သို့ပင်ဆိုစေ ကျွန်ုပ်တို့၏ မလျှော့သောဇွဲနှင့် အမေရိကန်ပြည်သူတို့၏ အားပေးမှုများကြောင့် ကျွန်ုပ်တို့၏ခရီးသည် ရှေ့သို့တိုးတိုးသွားနေသည်ဖြစ်ရာ ယနေ့တွင် US 224 E နှင့် Bell Road (TR 66) လမ်းခွဲတို့ဆုံရာနေရာသို့ပင် ရောက်ခဲ့လေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
မိုင် ၉၀၀ ခရီးရှည်ချီတက်နေသော ရဲဘော်များ၏ ကြုံတွေ့နေရသော အခက်အခဲ အမျိုးမျိုးကြောင့် သူတို့၏ (၁၁) ရက်မြောက် သတင်းမှာ ယနေ့မှ ၀င်ရောက်လာပါသည် သို့ဖြစ်ပါ၍ သတင်းနှင့် ဓါတ်ပုံများမှာ post တခုစီ ဖြစ်နေသည်ကို နားလည် ပေးစေလိုကြောင်း အသိပေးအပ်ပါတယ်။
ရဲဘော်တဦး

2 comments:

Anonymous said...

မင်းတို့ရဲဘောစောက်ရူး ၅ ယောက်က အစာငတ်ပြီးမသေသေးဘူးလား ဟဟဟဟဟဟဟ ရီရတယ်ကွာ အဲဒီကောင်တွေက အရူးတွေ အလကားရတဲ့ ဘလော့မှာ ပေါက်ရလာရေးပြနေသေးတယ်

ဇော်ရဲ ရေ...
မင်းရုပ်နဲ့ မင်းပါးစပ် မျှတအောင်ထက်ကွ။

Followers

Blog Archive