Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, June 14, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၇ ၇က်မြောက်နေ့ ခရီး 17th day of 900 miles for Long March

Sullivan ကိုကျော်ဖြတ်ပြီ

၁၇ ရက်မြောက်နေ့ (ဇွန်လ ၁၄၊ ၂ဝဝ၉)



ဒီကနေ့လေငြိမ်နေ၏။ နေလည်းပူ၏။ Township Road 1281 လမ်းခွမှ စတင်၍US 224 E အတိုင်း ဆက်လက်ချီတက်နေကြ၏။ Ohio State ကိုဖြတ်သန်းနေသောUS 224 E သည်ယခုအချိန်တွင် ကုန်းတက်ကုန်းဆင်းများလေ၏။ ကျေးလက်ရွာငယ်များကို ဖြတ်သန်းနေဆဲပါ။ သီးနှံစိုက်ပျိုးသောဒေသဖြစ်၏။ ဒီကနေ့ကျွန်ုပ်တို့ ဦးတည်သွားနေသည်ကSullivan မြို့ငယ်လေးတမြို့ဖြစ်၏။

နေ့လည် ၁၂ နာရီခွဲတွင် ဒီကနေ့၏ နေ့လည်စာကို ရှားရှားပါးပါး မြန်မာငါးပိထောင်းဖြင့်စားဖြစ်ကြသည်။ စေတနာရှင် မွန်အမျိုးသမီး မချိုက စေတနာဖြင့်ထောင်းပေးထားခြင်းဖြစ်၏။ ခရီးတဝက်ခန့်အရောက်တွင် ဗိုက်ဆာနေသည်ကတကြောင်း သစ်ပင်အရိပ်ကောင်း သော Nova Lakes (နိုဗာရေကန်) တွင် ခေတ္တနားလိုသည်ကတကြောင်းကြောင့် ထိုနိုဗာရေကန်အရောက်တွင် နေ့လည်စာ စားလိုက် ကြ၏။


မွန်းလွဲ ၂ နာရီတွင် US 224 E လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ Sullivan မြို့ငယ်လေးကို ကျော်ဖြတ်ခဲ့ကြ၏။ မွန်းလွဲပိုင်းနေ၏အပူရှိန်က သွေးကိုဆူစေ၏။ ရေကိုအလွန်ငတ်စေ၏။ သတင်းကားက လမ်းဘေးဆိုက်ရန်နေရာမရှိသဖြင့် ရှေ့သို့ကြိုသွားနှင့်သည်ဖြစ်ရာ သတင်းကားတွင် သောက်ရေကပါသွား၏။ ထို့ကြောင့် ရေဆာလျှင်သောက်ရန် ရေကမရ။ ရာသီအပူနှင့် သွေးအဆူက ရေဆာစိတ်ကို တပိုင်းတစ ဒေါသဖြစ်စေ၏။

Sullivan မြို့်ငယ်လေးကို ကျော်ဖြတ်ပြီး နာရီဝက်ခန့်အကြာတွင် တောင်ယာခြံဝင်း ရေကူးကန်၌ ရေကူးနေကြသော ညီအမ ၂ ယောက် သည် အတွင်းခံတိုနံ့နံ့လေးတွေနှင့် ပြေးလာကြပြီး ကျွန်ုပ်တို့ကို ဓာတ်ပုံ ရိုက်ကြ၏။ ပြုံးပြနှုတ်ဆက်ကြ၏။ ဒီကနေ့ US 224 E လမ်းမကြီးပေါ်မှာဆိုင်ကယ်နှင့် လျှောက်လည်သူတွေ အလွန်များ၏။ အုပ်စုလိုက်ဖြစ်ပြီး တစုလျှင် အစီး ၂ဝ-၃ဝ မှ ၄-၅ ဆယ်အထိ များလေ၏။ ကျွန်ုပ်တို့ကို လက်တွေဝှေ့ရမ်းပြီး နှုတ်ဆက်ကြ၏။ လက်မထောင်ပြ၍ အားပေးကြ၏။ ကားဟွန်းသံတီး၍လည်း နှုတ်ဆက် အားပေးကြ၏။


Sullivan မြို့ငယ်လေးကို ကျော်လွန်ပြီး ၂ နာရီခန့်အကြာတွင် ကျွန်ုပ်တို့၏ ဒီကနေ့ခရီးဆုံးမှတ်တိုင်ဖြစ်သည့် Firestome Road နှင့် US 224 E တို့ ဆုံရာနေရာသို့ရောက်ခဲ့ကြလေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:

Nge Naing said...

စောငို၊ ဦးရှိန်နဲ့ လမ်းလျှောက် တိုက်ပွဲဝင် ရဲဘော်များအားလုံးကို အားပေးလျက်ပါ။ စောငိုရေ နင်ဒီလို လမ်းလျှောက်နိုင်တာ ငါဖြင့် အံ့သြလို့မဆုံးဘူး၊ ၀မ်းလည်း ၀မ်းသာပါတယ်။ ငါမကဘူး တို့တပ်ရင်းကလူဟောင်းတွေ အားလုံး နင့်သတင်းကြားရင် ဘယ်သူမှ မအံ့သြပဲ နေနိုင်မှာမဟုတ်ဘူး။ ခရီးဆုံးတဲ့အထိ လျှောက်နိုင်ပါစေ။

Followers

Blog Archive