Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, June 16, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၈ ရက်မြောက်နေ့ ခရီး 18th day of 900 miles for Long March

US 224 E မှ လမ်းကြောင်းပြောင်း၍ ချီတက်ပြီ
၁၈ ရက်မြောက်ခရီး (ဇွန်လ ၁၅၊ ၂ဝဝ၉)




မနေ့ကရပ်နားခဲ့သောUS 224 E နှင့်Firestone Road တို့တွေ့ဆုံရာလမ်းခွမှ အစပြုပြီး ဒီကနေ့လျှောက်ကြ၏။ မိနစ် ၃ဝ ခန့် ချီတက်ပြီးချိန်တွင် Hommerville ဆိုတဲ့ ရွာငယ်တခုဆီသို့ ရောက်ကြ၏။ US 224 E သည် ရွာတချို့နှင့် မြို့တချို့ကို ဖြတ်သွားစဉ်၌ ထိုရွာ၊ ထိုမြို့ရှိ လမ်းနာမည်ကို ပြောင်းလဲခေါ်ဝေါ်ကြ၏။ ထို့ကြောင့် ယခုအချိန်တွင် Hommerville ကိုဖြတ်သွားသော US 224 E သည် Greenwish Rd ဟု ပြောင်းလဲသုံးနှုန်းထားလေ၏။ သို့ရာတွင် US 224 E နှင့် အတူတူပင်ဖြစ်၏။

ဒီကနေ့ ကျွန်ုပ်တို့ LOdi မြို့ဘက်ဆီသို့ ရှေ့ရှုဦးတည်သွားကြမည်ဖြစ်၏။ Lodi မြို့သို့ဖြတ်သန်းစဉ် နားနေရန်နေရာ အခက်ခဲ ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ထိုမြို့တွင်းသို့မဖြတ်သန်းမီ နေ့လည် ၁၂ နာရီခွဲတွင် နေ့လည်စာကို သစ်ပင်ရိပ်တခုအောက်၌ ထုံးစံအတိုင်း စားလိုက်ကြ၏။


Homerville ကိုကျော်လွန်ပြီး US 224 E (Greenwish Rd) အတိုင်းဆက်သွားလျှင် US 42 နှင့်ပေါင်းဆုံသော လမ်းခွကို တွေ့ရှိ လေ၏။ ထိုလမ်းဆုံမှစ၍ US 224 E သို့ ဆက်လက်ချီတက်ကြခြင်းမပြုတော့ဘဲ US 421 E အတိုင်းအရှေ့ဘက်ဆီသို့ လမ်းကြောင်း ပြောင်း၍ ချီတက်ကြရလေတော့၏။ ထိုလမ်းသည် Lodi မြို့၏ မြို့လယ်ခေါင်လမ်းဆုံမှ ဖြတ်သွားမည်ဖြစ်၏။ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် တွင် Lodi မြို့တွင်းကို ကျွန်ုပ်တို့ဖြတ်ကျော်ကြ၏။ Lodi မြို့သည် အနည်းငယ်စည်ကားနေသည်ကို တွေ့ရ၏။ နေကပူ၊ ရေကငတ် သို့သော် ခရီးကိုမနားတမ်း နှင်လိုက်ကြ၏။



Lodi မြို့တွင်းလမ်းဆုံ မီးပွိုင့်အရောက်တွင် US 241 E သို့ ဆက်လက်မလျှောက်တော့ဘဲ US 83 St (Woodster St) လမ်းသို့ချိုးကွေ့ပြီး အရှေ့ဘက်သို့ ဦးတည်လျှောက်ကြရပြန်၏။US 83 St နှင့် Woodster St လမ်းတို့သည် ဤနေရာတွင် ပူးပေါင်းနေလေ၏။ ထိုလမ်းကြောင်းအတိုင်း မိနစ် ၃ဝ ခန့် လျှောက်ပြီးသောအခါ US 83 နှင့် Greenwish Rd ဆိုသော လမ်းခွဲကို တွေ့ရလေ၏။ ထိုနေရာ၌ လမ်း ၃ ခွ ဖြစ်၍နေ၏။ ကျွန်ုပ်တို့ဦးတည်ကြရသည်က Greenwish Rd သို့ ဖြစ်လေ၏။ ထို့ကြောင့် US 83 S နှင်Greenwish Rd တို့ဆုံရာနေရာအရောက်တွင် Greenwish Rd လမ်းသို့ ဘယ်ချိုးကာ ဆက်လက်ချီတက်ကြရလေ၏။


ထိုလမ်းဆုံအလွန်မှစ၍ Greenwish Rd လမ်းသည် တောင်ကုန်းအတက်အဆင်းပေါင်းများစွာကို ဖြတ်၍ဖြတ်၍ လျှောက်ကြရလေ တော့၏။ ရေလှိုင်းကြီးများသဖွယ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသောGreenwish လမ်းကြောင်းပေါ်တွင် နေပူပူ၊ ခြေပူပူ၊ ရေငတ်ငတ် ခရီးပေါက်အောင် လျှောက်ကြရ၏။ ထိုလမ်းသည် Friendsville သို့ဦးတည်နေပြန်၏။ ညနေ ၃ နာရီခွဲတွင် ကျွန်ုပ်တို့ ဒီကနေ့ ရပ်နားမည့် Greenwish Rd နှင့် Friendsville လမ်းတို့ တွေ့ဆုံကြရာ နေရာသို့ ရောက်ရှိခဲ့ကြလေတော့၏။


ကဲ မောမောနဲ့ ရေသောက်ရင်း နားလိုက်ကြဦးစို့။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:

Anonymous said...

Amiable dispatch and this mail helped me alot in my college assignement. Thanks you on your information.

Followers

Blog Archive