Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, June 17, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၀ ရက်မြောက်နေ့ 20th day of 900 miles for Long March

Akron, OH မှမျိုးဆက်သစ်တို့ အားပေးလာပြီ

၂ဝ ရက်မြောက်နေ့ (ဇွန်လ ၁၇၊ ၂ဝဝ၉)


ဒီမနက်စတင်ချီတက်ကတည်းက မိုးဖွဲများရွာနေ၏။ လေအေးများတိုက်နေ၏။ သွေးမပူခင်မှာတော့ ရဲဘော်ကျော်ရှိန်နှင့် ရဲဘော်စောငိုတို့ ဒဏ်ကြေလိမ်းဆေးလိမ်းနေရ၏။ မိုးရွာနေသည့်နေ့တွင်မှ ၁၁ နှစ်အရွယ် မျိုးဆက်သစ်လူငယ်လေးတဦး ကျွန်ုပ်တို့နှင့် အားကြိုးမာန်တက် ပျော်ရွှင်ခြင်းများနဲ့အတူ ဒီကနေ့လာရောက်လမ်းလျှောက်နေလေ၏။

Ohio State Akron တွင်နေသော ဦးကျော်စွာနှင့် ဒေါ်ဝင်းမာတို့၏သား ၁၁ နှစ်အရွယ်မောင်ငြိမ်းချမ်းသည် ယနေ့ကျွန်ုပ်တို့ကို အားပေးလမ်းလျှောက်ခဲ့လေ၏။ မျိုးဆက်သစ်လူငယ်မောင်ငြိမ်းချမ်းသည် စိတ်ဓာတ်ခိုင်မာ၏။ သွက်လက်၏။ မြန်မာပြည်သူတို့ကို စစ်ကျွန်ဘဝမှ လွတ်မြောက်စေချင်သောစိတ်ဓာတ် ဤကလေးတွင် ကိန်းအောင်းနေသည်ကို ကျွန်ုပ်တို့သိရှိခဲ့ရလေ၏။ မြန်မာနိုင်ငံသား မိဘ၂ ပါးကမွေးဖွားပြီး မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားမှုအားနည်းသွားကြသည့် တတိယနိုင်ငံရောက် မျိုးဆက်သစ်များအကြား အမေရိကားနိုင်ငံရောက် မောင်ငြိမ်းချမ်းလို မျိုးဆက်သစ်တို့ကတော့ အလွန်ရှားလေ၏။ ကျွန်ုပ်တို့အံ့သြရ၏။ မချီးကျူးဘဲ မနေနိုင်တော့ပါ။ မောင်ငြိမ်းချမ်းလို စိတ်ဓာတ်ခိုင်မာသည့် မျိုးဆက်သစ်များ များပြားပါစေဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါ၏။

ဒီကနေ့ခရီးစဉ်တွင်Mennonite Rd နှင့် Greenwish Rd တွေ့ဆုံရာနေရာမှ စတင်ခဲ့ကြ၏။ မိုးရေထဲမှာဘဲ စတင် ချီတက်ခဲ့ကြ၏။ နေ့လည် ၁၂ နာရီခန့်တွင် မိုးက ခေတ္တနားသွားပြန်၏။
တောင်ကုန်းအတက်အဆင်းလမ်းများစွာကို ယခုအချိန်အထိ ကျော်ဖြတ် နေကြရဆဲပါ။ မွန်းလွဲ ၁ နာရီခွဲတွင် သစ်တောအုပ်ဘေး၌ အနားယူရင်း နေ့လည်စာ စားလိုက်လေ၏။ ထို့နောက် သွေးမအေးခင် လမ်းဆက်လျှောက်ကြရပြန်၏။

Greenwish Rd အတိုင်းဆက်လျှောက်ရာ မွန်းလွဲ ၂ နာရီတွင် Wadsworth မြို့ကို ဖြတ်ကျော်ကြလေတော့၏။ အတန်ငယ် စည်ကားသော ထိုမြို့သည် တောင်ကုန်းအတက်အဆင်းလှိုင်းများပေါ်တွင် တည်ထားလေ၏။ မြို့တွင်းဧရိယာကို ဖြတ်သန်းစဉ်၌ Greenwish Rd ကို နာမည်ပြောင်း၍ သုံးနှုန်းခေါ်ဝေါ်ထားပြန်လေ၏။ ၎င်းတို့မှာ College St ၊ ထိုမှဆက်လျှောက်လျှင် Booad St ၎င်းနောက် S Medina Line Rd လမ်းဆုံအရောက်တွင်Greenwish ဟု ပြန်လည်ခေါ်ဝေါ်ပြန်၏။ ထိုမှဆက်သွားလျှင် Norton Ave ဟုပြောင်းသွားပြန်၏။ မြို့တွင်းကိုဖြတ်စဉ် လမ်းအမည်အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ် ထားသော်လည်း ၎င်းလမ်းသည် Greenwish Rd နှင့် အတူတူပင်ဖြစ်လေ၏။

ညနေ ၃ နာရီတွင် မိုးက သဲသဲမဲမဲရွာချပြန်၏။ ကျွန်ုပ်တို့က မိုးရေထဲဆက်လျှောက်နေဆဲပါ။ ယခုအချိန်တွင် Ohio State ၏ Akron မြို့အနီးသို့ ရောက်လာနေချေပြီ။ မနက်ဖြန် Akron မြို့တွင်းသို့ဝင်တော့မည်။ ဒီကနေ့တော့ Wadsworth မြို့ကို မိုးရေထဲဖြတ်ကျော် နေဆဲပါ။ မနက်ကတည်းက မိုးရေထိလိုက်၊ နေပူလိုက်၊ မိုးရေပြန်စိုလိုက်ဖြစ်နေလို့ Wadsworth မြို့တွင်းကို လွန်မြောက်ပြီး မြို့ပြင်သို့ မထွက်မီ Norton Ave နှင့် Miami Ave လမ်းတို့ဆုံရာနေရာ၌ ဒီကနေ့ခရီးကို ညနေ ၃ နာရီခွဲတွင်အဆုံးသတ်လိုက်ကြလေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:

ခြေလှမ်းသစ် said...

လေးစားပါတယ် ရဲဘော်လေး မောင်ငြိမ်းချမ်းရေ..... ကျနော်တို့ အနာဂတ်မှာ မျိုးဆက်သစ်များကို အစဉ်မပျက် မွေးဖွားပေးဖို့ အလွန်အရေးကြီးနေပါတယ် ရဲဘော်တို့ ဆက်လျှောက်ပါ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ရဲဘော်တို့ရဲ့ အောင်ပွဲထိ လက်တွဲသွားမှာပါ

Followers

Blog Archive