Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, June 20, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၂ ရက်မြောက်နေ့ 22st day of 900 miles for Long March

Akron မြို့မှ ထွက်ခွာပြီ

၂၂ ရက်မြောက်နေ့ (ဇွန်လ ၂ဝ၊ ၂ဝဝ၉)



ဒီကနေ့ Akron မြို့မှပြန်လည်ထွက်ခွာတော့မည်။ မနေ့က အဆုံးသတ်ခဲ့သော S Main St နှင့် E Market Stတို့ဆုံရာနေရာမှ စတင်၍ E Market St အတိုင်း အရှေ့ဘက်ဆီသို့ ဦးတည်၍ လျှောက်ကြလေ၏။ ဒီကနေ့ ကျွန်ုပ်တို့နှင့်အတူ မောင်ငြိမ်းချမ်း (၁၁ နှစ်) လည်း ပါလာပြန်၏။ မောင်ငြိမ်းချမ်းတယောက် ကျွန်ုပ်တို့နှင့် ချီတက်နေရသည်မှာ အလွန်ပျော်နေလေ၏။


Ohio ပြည်နယ်မှ Pennsylvenia ပြည်နယ်ဘက်သို့ ကျွန်ုပ်တို့ဦးတည်ကြမည်ဖြစ်၏။ Akron မှ အရှေ့မြောက် ဘက်သို့ ဦးတည် ချီတက်ကြမည်ဖြစ်၏။ Indiana ပြည်နယ်နှင့် Ohio နယ်စပ်အလွန် Ohio State အတွင်း မိုင် ၂ဝ ကျော်မှစ၍ Akron မြို့သို့မဝင်ခင် အချိန်ထိ မိုင် ၂ဝဝ နီးပါးခန့် အခက်အခဲပေါင်းများစွာကို ကျွန်ုပ်တို့ ၆ ဦး၊ ညီညီညွတ်ညွတ်ကျော်ဖြတ်ခဲ့ကြရ၏။ လမ်းတလျှောက် တည်းခိုရန် အကူအညီပေးမည့်သူမရှိ၊ မည်သည့်မြန်မာနိုင်ငံသားနှင့်မျှ မတွေ့ဆုံခဲ့ကြပါ။ ကျွန်ုပ်တို့ Akron မြို့ကို အဆက်အသွယ်ယူရာOhio State အတွင်းဝင်ရောက်ပြီး ၄ ရက်မြောက်နေ့တွင် စတင်အဆက်အသွယ်ရခဲ့လေ၏။ Akron တွင်နေထိုင်သော ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ) ကို စတင်အဆက်အသွယ်ရခဲ့ပြီး ကိုဒေါင်းနီမှတဆင့် အခြားသော မြန်မာနိုင်ငံသား များကို ဆက်သွယ်ပေးမှုဖြင့် ကျွန်ုပ်တို့ အကူအညီများစွာ ရရှိခဲ့လေ၏။


ယခင်က လမ်းတွင်အိပ်ခဲ့ကြရ၏။ ထမင်းအနပ်မမှန်ခဲ့ကြ။ ကျွန်ုပ်တို့မှာရှိတဲ့ ငွေကလေးနှင့် ချင့်ချိန်ချွေတာပြီး စားခဲ့ကြသည်။ ကိုဒေါင်းနီ နှင့် အဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်းတွင် လိုအပ်သည်များကို အတတ်နိုင်ဆုံး ကျွန်ုပ်တို့အား အကူအညီပေးခဲ့၏။ Akron မြို့တွင် ၎င်းနေထိုင်သော Apartment ၌တည်းခိုနေထိုင်စေပြီး “ဘာလိုလဲပြော၊ လိုတာရှိရင် ကျနော့်ကိုပြောပါ” ဆိုသောစကားကို မကြာခဏ ပြောကာ အကူအညီအပြည့်အဝ ပေးလေ၏။ ကန္တာရထဲ လမ်းပျောက်၊ အစာငတ်နေတဲ့သူကို အလှူအိမ်ခေါ်ပြီး ထမင်းကျွေး နေရာပေး ကာ ကူညီနေသကဲ့သို့ ကျွန်ုပ်တို့အလွန်ဝမ်းမြောက်စွာ ခံစားရမိပါလေ၏။


Teleconfrence ပေါ်တက်လာပြီး အားပါးတရဆွေးနွေးကာ ဆုံးဖြတ်ချက်များချမှတ်၍ တကယ်အကောင် အထည်ဖေါ်ကြသော အခါ၌ တယ်လီဖုန်းဖြင့်ပင် လှမ်း၍ဆက်လာသူမရှိကြဘဲ၊ ကျွန်ုပ်တို့ ၆ ဦးနှင့်အတူ နောက်တန်းတွင် တာဝန်အပြည့်ယူနေကြသော ကိုဇော် (ဇော်နိုင်ဝင်း)၊ ကိုမင်းဆန်းမင်းတို့သာ ယခုအချိန်၌ ကျန်ရစ်နေကြပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိလေတိုင်း ရင်ထဲမကောင်း ဖြစ်မိကြ သည်မှာအမှန်ပါ။ သို့သော် ကျွန်ုပ်တို့ အားလုံးကိုခွင့်လွတ်ပါ၏။ ကျွန်ုပ်တို့အားလုံးသည် အခြေအနေအားလုံးကို နားလည်မှု ပေးနိုင်ပြီး ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးစဉ်ကို ဆက်လက်ချီတက်နေကြဆဲပါ။


Akron မှ ကိုဒေါင်းနီနှင့် အဆက်အသွယ်ရလိုက်ခြင်းသည် မိုင်ပေါင်း ၉ဝဝ ၏အနာဂတ်ကို အစာငတ်သူဘဝမှ အာဟာရပြည့်သူတို့ ဘဝသို့ ရောက်သွားခဲ့ရပါလေ၏။ ကဲအခုတော့ Akron မြို့မှ စတင်ထွက်ခွာနေပေပြီ။ E Main St မှ Hazel St ထိုမှ Eastwood Ave အတိုင်း အရှေ့ဘက်သို့ ဦးတည်နေကြလေ၏။ တောင်ကုန်း အတက်အဆင်းလမ်း အလွန်များပြား၏။ လမ်းဘေးအိမ်များက တောင်စောင်းတွင် လှပစွာတည်ထားကြလေ၏။ ပန်းမျိုးစုံတို့ဖြင့် သာယာလေ၏။ လမ်းဘေးတွင်သဘာဝအတိုင်းပေါက်ကာ ပွင့်နေကြသော နှင်းဆီရိုင်း၊ ဂန္ဓမာတို့အပြင် အခြားသောအလှပန်းမျိုးစုံတို့ဖြင့် သဘာဝအလှကို ပြည့်ဝနေစေလေ၏။ မောင်ငြိမ်းချမ်းကတော့ လူငယ်ပီပီ ပျော်နေလေ၏။ပင်ပန်းရမည်ကိုသူမသိပါ။ Eastwood Ave သည် Eastland Ave အမည်သို့ပြောင်းပြီး၊ ထိုမှ Siuthwest Ave အဖြစ်နှင့် Tallmadge ဆိုသော ရွာငယ်လေးတရွာကို မြို့လယ်လမ်းဆုံမှ ကျော်ဖြတ်ကာ Northeast Ave သို့ ဝင်ကြရလေ၏။ ၎င်းလမ်းသည် ထိုနေရာတွင် US 261 N နှင့် အတူတူဖြစ်သွားလေ၏။ ဒီကနေ့တွင် ကျွန်ုပ်တို့သည် Akron မြို့၏ အရှေ့မြောက် ဘက်တွင် ရှိသော Kent မြို့သို့အရောက်သွားကြမည်ဖြစ်၏။

US 261 N သည်တဖြည်းဖြည်းနှင့် State Route 261 အဖြစ် အမည်ပြောင်းသွားပြီး Cherry St နှင့်ဆုံတွေ့သွားချိန်၌ ကျွန်ုပ်တို့လည်း Cherry St သို့ချိုးကွေ့ပြီး Kent မြို့သို့ဦးတည်ကြရလေ၏။ Tallmadge မြို့အလွန် Northeast Ave လမ်းကြောင်းပေါ်တွင် ဖြတ်လျှောက်နေစဉ် ကျွန်ုပ်တို့ လမ်းလျှောက်နေကြရာသို့ ကားဖြင့်လိုက်လာပြီး အကျိုးအကြောင်းမေးမြန်းသူ၊ မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာအား ထောက်ခံလက်မှတ်ရေးထိုးသူတို့နှင့် တွေ့ကြုံခဲ့ကြရလေ၏။ လမ်းဘေးတနေရာတွင် ကားရပ်ကာ ကားပေါ်၌ပင် လက်မှတ်ထိုးပေးသူ၊ တကူးတကလိုက်လာပြီးလက်မှတ်ထိုးသွားသူနှင့် အိမ်ရှေ့တခုသို့အဖြတ်တွင် အိမ်ထဲမှထွက်လာပြီး ကျွန်ုပ်တို့အား အကျိုးအကြောင်းမေးမြန်းစကားပြောဆိုကာ လက်မှတ်ထိုးသွားကြသူများနှင့်လည်း တွေ့ကြုံခဲ့ကြလေ၏။


ဒီကနေ့လျှောက်နေသောလမ်းကြောင်းတလျှောက်တွင် လေလွင့်အမှိုက်များမှတဆင့် မြေသြဇာထုတ်လုပ်နေသောစက်ရုံများ၊ သဲခဲ ကြိတ်ခွဲရောင်းချသောစက်ရုံများ၊ အမှိုက်များကို သန့်စင်ရွေးချယ်သောစက်ရုံများ စသည်တို့ကိုတွေ့ကြရလေ၏။ စက်မှုထွန်းကားသော အမေရိကားတွင် အမှိုက်များကိုပင် ပစ်စလက်ခတ်မလုပ်လိုက်ဘဲ သူ့နေရာနှင့်သူ ရွေးချယ်ပြီး အသုံးဝင်အောင်ဖန်တီးနေသည်ကို ဗဟုသုတအဖြစ် တွေ့ရှိခဲ့ကြလေတော့၏။ ယခုလျှောက်နေသောလမ်းများတွင် တောင်ယာစိုက်ခင်းများမတွေ့ရတော့ပါ။ ကုန်ထုတ်လုပ်မှု နှင့် ဆိုင်သောစက်ရုံများကိုသာ တွေ့ရပါ၏။

ယခုအထိ ထောက်ခံလက်မှတ်ရေးထိုးသူများ၏ စိတ်ဝင်စားမှုကို ကျွန်ုပ်တို့အံ့သြဖွယ်တွေ့ရဆဲပါ။ လွတ်လပ်သောသဘောဆန္ဒဖြင့် လက်မှတ်ရေးထိုးနေကြသော ပြည်သူများတွင် အမေရိကန်များ အများဆုံးတွေ့နေကြရပြီး အမေရိကားရောက် မြန်မာနိုင်ငံသားများ အနည်းစုသာ ရှိသည်မှာလည်း အံ့သြမှုတခုအဖြစ် မှတ်တမ်းတင်လောက်ပါပေ၏။


ယနေ့ခရီးစဉ်တွင် Kent မြို့သို့အရောက်သွားရန်ရှိသော်လည်း မွန်းလွဲ ၂ နာရီအထိ နေ့လည်စာနေရာတွင် သောက်ရေကိုသာ အစားထိုးခဲ့ကြရသည်ကတကြောင်း၊ ၁၁ နှစ်အရွယ် မောင်ငြိမ်းချမ်းကိုယ်တိုင် စိတ်ဓာတ်ခိုင်မာစွာ ရေကိုသာ သုံးဆောင်နေသဖြင့် အခြေအနေကို သုံးသပ်ကာ State Route 261 မှ Cherry Ave သို့ လမ်းချိုးဝင်ပြီး ၁ မိုင်ခန့်အရောက် Cherry St ၏ တနေရာတွင် ကျွန်ုပ်တို့ရပ်နားခဲ့ကြလေတော့၏။

ကဲ မောင်ငြိမ်းချမ်းရေ နေ့လည်စာနှင့် ညစာကို အိမ်မှာတနပ်တည်းပေါင်းပြီး စားကြရအောင်။ ဒီနေ့ဒီမှာဘဲနားလိုက်ကြပါစို့။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

2 comments:

Unknown said...

ဟိုက်.... ရှားပါး...... မိုင် (၂၀၀) တောင် ရောက်ပြီကိုးးးးး
တော်တော်လဲ ပင်ပန်းနေရေပေါ့ဗျာ....... တောင့်ထားဗျို့
ချီတက်ရမယ့် ခရီးရဲ့ လေးပုံ တပုံတော့ ကျော်လာပြီ.....

neshe said...

click this link here now try this web-site web Discover More go to my blog you could try this out

Followers

Blog Archive