Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 7, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၀ ရက်မြောက်နေ့ ခရီး 30th day of 900 miles for Long March


ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲ (၃ဝ)ရက်မြောက်ခရီးစဉ်၊
မိုင်ပေါင်း (၃ဝဝ) နှင့် ကျွန်ုပ်တို့ Penssylvania နယ်စပ်ရောက်ပြီ


Ohio ပြည်နယ်၊ Akron မြို့ရှိ၊ ABSDF ရဲဘော်ဟောင်း ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ) နေအိမ်မှာ၊ ည်းခို နေထိုင်ခဲ့သော (၁)လ ပြည့်နေ့တွင် ကျွန်ုပ်တို့အပြီးအပိုင်ပြောင်းရွှေ့ထွက်ခွာခဲ့လေပြီ။

ယနေ့ မိုးတဖွဲဖွဲ ရွာနေသည့်ကြားကပင် ကျွန်ုပ်တို့ တနေ့တာလှုပ်ရှားချီတက်ခြင်းကို စတင်လိုက်သည်။ ယခင်ချီတက်ရာ 20 E လမ်းကြောင်းအတိုင်းချီတက်ကြ၏။ လူလျှောက်လမ်းသီးခြားမရှိပါ။ လမ်းကျဉ်းမြောင်းလေးသည်။ လမ်းနံဘေးကပ်လျက် မြက်စပ်ထူထူမှပင် ကပ်သီးကပ်သပ်လျှောက်နေရသဖြင့် ခရီးမတွင်ပါ။

၎င်းမြို့သည် လူနေအိမ်ခြေခပ်ကျဲကျဲဖြစ်ပြီး ကိုယ်ပိုင်အိမ်ခြံမြေတွင် အဆောက်အဦအတော်အသင့်နှင့် လှပနေသည်ကို မိုးမိုးဖွဲဖွဲကြားမှပင် မြင်တွေ့ရလေသည်။ ၎င်းတို့အိမ်ရှေ့တွင် ရောင်စုံပန်းအလှလေးများ စိုက်ထားသည်ကိုလည်းတွေ့ရလေသည်။

ချီတက်ပြီး (၂) နာရီအကြာ၊ နေ့လည် (၁)နာရီခန့်တွင် ကျွန်ုပ်တို့မနက်စာထမင်းစားကြ၏။ Akron မြို့ရှိရဲဘော် ခင်မောင်ချင်း၊ မဝေ (ခ)မချို တို့မိသားစုမှ ကြော်ပေးလိုက်သည့် ဘာလချောင်ကြော် ချဉ်စပ်ကို ရေအေးအေး လေးဆမ်းပြီး မြိန်ရှက်စွာစားသောက်ကြလေ
တော့သည်။

စားသောက်လို့အပြီး ခရီးဆက်ရန်ပြင်ဆင်နေချိန်တွင် ကားတစီးလာထိုးရပ်လိုက်ပြီး အသက်အရွယ် လူလတ်ပိုင်း အမေရိကန်အမျိုးသမီးတဦး ဖော်ရွေသောအပြုံးနှင့် ခပ်သွက်သွက်ဆင်းလျှောက်လာကာ၊ ကျွန်ုပ်တို့အား လာရောက်မိတ်ဆက် စကားဆိုလေသည်။ သူမ သိချင်တာမေးမြန်းပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးမည့်စာတွင် ထောက်ခံလက်မှတ် ရေးထိုးပေးခဲ့လေသည်။

ချီတက်လမ်းလျှောက်ပြီး (၇)မိုင်ခန့်အရောက်တွင် Conneaut မြို့ထွက်ခါနီးမှစ၍ နေပူလာသည်။ လူသွားလမ်းပလက်ဖောင်းလည်း ရှိလာပြီဖြစ်သောကြောင့် ပလက်ဖောင်းပေါ်မှချီတက်ပြီးခဏအကြာ (CVS) ဈေးဆိုင်ရှေ့အရောက်၊ အမေရိကန်လူမျိုး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကျွန်ုပ်တို့ကို လက်ပြနှုတ်ဆက်လာလေသည်။ သိချင်တာအကျိုးအကြောင်းမေးကာ မစ္စတာဘန်ကီမွန်းထံပေးမည့်စာတွင် ဝမ်းသာအားရစွာ ထောက်ခံလက်မှတ်ရေးထိုးပေးသွားလေသည်။ ကျွန်ုပ်တို့ကျေးဇူးတင်စကားပြောပြီး ခရီးဆက်ကြပြန်သည်။


ညနေ (၂)နာရီခွဲခန့်တွင် 20 E နှင့် 7 South လမ်း၊ State လမ်းဆုံရာ၊ Ohio Post Office ရုံးသို့အရောက်မှာ ပိုလန်နိုင်ငံသားအမျိုးသားတဦး ကျွန်ုပ်တို့ထံ လာရောက်မေးမြန်းသဖြင့် ထိုသူအား ရှင်းပြလိုက်ရာ ၎င်းသည်လည်း မြန်မာပြည်အကြောင်းကို သိရှိနားလည်နေသူဖြစ်သောကြောင့် မစ္စတာဘန်ကီမွန်းထံ ပေးမည့် စာတွင် လွယ်လင့်တကူထောက်ခံလက်မှတ်ရေးထိုးပေးခဲ့လေသည်။

ခရီးဆက်ပြီး (၁ဝ) မိနစ်အကြာ၊ ပေ (၁၅ဝ) ရှည်သည့် သစ်လွင်လှပသော မြစ်ကူးတံတားတခုကို ကျော်ဖြတ်ကြလေသည်။ ထိုတံတားအောက်၌ မြစ်ကမ်းဘေးအနီး ယှဉ်၍ဖောက်လုပ်ထားသော မီးရထားသံလမ်းကိုလည်း တံတားပေါ်မှ ရှုမငြီးဘွယ်မြင်တွေ့ခဲ့လေသည်။ ထိုမှ (၁) မိုင်ကျော်ခန့် ဆက်လျှောက်ပြီး ယနေ့သတ်မှတ်ထားသောနေရာ အရောက်တွင် ရပ်နားလိုက်ကြလေသည်။


ဒီနေ့ကျွန်ုပ်တို့ချီတက်ရာတလျှောက်တွင် ကားထိုးရပ်၍ ဓာတ်ပုံရိုက်ခွင့်တောင်းပြီး အမှတ်တရ ရိုက်ကူးသွားသူ၊ ကားပေါ်မှ ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူသွားသူ ၄-၅ ဦးခန့်ရှိပြီး၊ ထုံးစံအတိုင်း ကားဟွန်းသံပေး၍ လက်ပြအားပေးထောက်ခံသူ၊ အိမ်ပေါ်မှ လက်ခုပ်တီးအားပေးထောက်ခံသူများကို မြင်တွေ့လျက်ရှိနေဆဲပါ။



ယနေ့ည တည်းခိုရန်အတွက် Chardon မြို့၊ အမေရိကန်အမျိုးသမီး Rachael ၏ မိဘပိုင်မြေ၌ တည်းခိုရန် စီစဉ်ပေးပါသည်။ ၎င်းမြေနေရာ၌ လျှပ်စစ်မီးမရှိပါ။ ၎င်းမြေနေရာသည် S 8 B လမ်းတွင်ရှိသောကြောင့်၊ သူမခေါ်ဆောင်ရာသို့ ကျွန်ုပ်တို့သည် ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားခဲ့လေသည်။ ညနေ (၅) နာရီခွဲအချိန်တွင် (၂) ဧကခန့်ကျယ်ဝန်းသည့် တောအုပ်ပတ်လည်ဝိုင်းနေသောမြေကွက်ရှိ အနံပေ (၃ဝ)၊ အလျား ပေ (၅ဝ) ခန့်ရှိတြိဂံပုံရေကန်ငယ်ထိပ်တွင်၊ ကျွန်ုပ်တို့အိပ်ရန်ပြင်ဆင်ထားသော Tent ခေါ် ပလပ်စတစ်တဲငယ် (၂)လုံး၊ ထင်းပုံတပုံ၊ အဝတ်စားပွဲခင်းရှိသော ပလပ်စတစ်စားပွဲခုံငယ်ပေါ်တွင် သောက်ရေဗူးတင်၍ ကြိုတင်စီစဉ်ထားသည်ကိုတွေ့ရှိရလေသည်။ အသားငါးကင်စားရန် မီးဖိုငယ်တခု၊ မီးလှုံရန် မီးဖိုရှိသောကြောင့် တနေကုန်ရွာထားသောမိုး မြေစိုနေသဖြင့် မိနစ်(၃ဝ)ခန့် မီးမွှေးပြီးချက်ပြုတ်အပြီး ည (၁၁)နာရီတွင် စားသောက်ပြီးအိပ်ကြပါတော့သည်။


တင်ပြသူ။ ။ ရဲဘော်မောင်မောင်တိတ်

Followers

Blog Archive