Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, July 13, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၇ ရက်မြောက်နေ့ 37th day of 900 miles for Long March

Dunkirk City ကိုကျော်ဖြတ်ခြင်းနှင့် Blogger ကိုရဲရင့်ငယ် လာအားပေးခြင်း
(၃၇)ရက်မြောက်နေ့ (ဇူလိုင်လ ၉ ရက်၊ ၂ဝဝ၉)




နံနက် (၁ဝ)နာရီ (၁ဝ)မိနစ်တွင် စတင်ချီတက်ကြသည်။ နေပူသောနေ့ဖြစ်၏။ တောလမ်းဖြစ်သည်။ ကားအသွားအလာကျဲ၏။ အိမ်များကို တောင်တလုံးအိမ်တဆောင်တွေ့ရသည်။ ကားသွားအလာကျဲသဖြင့် နှုတ်ဆက်သူများလည်း ကျဲပါးသည်။ ယနေ့စထွက်သည့်နေရာမှ Buffalo မြို့သို့ ၄၈ မိုင်ဟု လမ်းဘေး ဆိုင်းဘုတ်က ဖေါ်ပြသည်။ ၎င်းဆိုင်းဘုတ်များသည် ကားလမ်းကိုဖေါ်ပြသည်ဖြစ်ရာ တချို့နေရာများတွင် ကောက်ကွေ့၍လမ်းခွဲများရှိနေလျှင် ကျွန်ုပ်တို့လျှောက်သော လိုကယ်လမ်းတွင် ဆိုင်းဘုတ်ပျောက်၍ ပျောက်၍သွားတတ်၏။

မနက်ပိုင်းတပိုင်းလုံးကို ကျဲပါးသောဤအနေအထားအတိုင်း လျှောက်ရင်း (၅)မိုင်အရောက်တွင် ထင်းရူးတော တခု၌ ခေတ္တနားကြသည်။ နေ့လည် ၁၂ နာရီတွင်ဆက်လက်ထွက်ခွာသည်။ နေသည် ပူ၍ပူ၍လာ၏။ ဒေါင်းစကြာသည် ကျွန်ုပ်တို့၏ ဦးခေါင်းထိပ်တည့်တည့်မှနေ၍ အပူနှင့်အလင်းကိုဆောင်ကာ ဒေါင်းအလံကိုစောင့်ကြည့်နေ၏။ ကုလသမဂ္ဂအလံကိုမူ စောင့်ကြည့်နေမည်မထင်မိပါ။ အကြောင်းမူ ဘန်ကီမွန်းသည် မြန်မာပြည်သွား၍ လက်ချည်းဗလာပြန်လာပြီးနောက် တောင်စဉ်ရေမရ ပြောနေသော ကြောင့်တည်း။ အမှန်တွင် ကျွန်ုပ်တို့နှင့်အတူလမ်းလာလျှောက်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး ဒို့အရေးဟု ကျွန်ုပ်တို့အော်သကဲ့သို့ အော်နေရလျှင် သူလည်းဆန္ဒပြသူဘဝမှ လွတ်မြောက်မည်မဟုတ်။ ခမြာမှာ သနားစရာပါ။


အရိပ်ကိုလိုသဖြင့် နေပူတွင် ကဆုန်စိုင်းကြသည်။ E 5 လမ်းမအတိုင်း Van Burin Point ကိုကျော်ပြီးနောက် နေ့လည် (၁)နာရီတွင် အရိပ်ရှိရာ၌နား၍ အဆာပြေနေ့လည်စာစားကြသည်။ စားသောက်ပြီး၍ ထွက်ခွာခါနီးတွင် အမျိုးသမီးတဦးရောက်လာသည်။ အကျိုးအကြောင်းစုံစမ်းရန်ဖြစ်၏။ ကျွန်ုပ်တို့သည် ၎င်းပိုင်သောနေရာတွင် နားနေခြင်းဖြစ်ပါတည်း။ စာရွက်စာတမ်းများပေးပြီး၊ ရှင်းပြပြီးနောက် လက်မှတ်ထိုးပေးလိုက်ပါသည်။ ဆက်လက်နားနေချင်ပါက နားနိုင်ပါသည်ဟုဆို၏။ (၁)နာရီခွဲပြီး (၅)မိနစ်တွင် ဆက်လျှောက်ကြသည်။ (၂)နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် လမ်းဘေးဆိုင်းဘုတ်၌ Town of Dunkirk ဟု ဖေါ်ပြထားသည်။ (၃)မိုင်လျှောက်ပြီး ခဏနားကြသည်။ ယခုအခါနေသည် ပူလှ၏။ သို့ဖြင့်ဆက်၍ချီတက်လာရာ Welcome to the City of Dunkirk ဆိုင်းဘုတ်ကိုတွေ့ရ၏။ Dunkirk မြို့သို့ဝင်ရောက်ပြီ။



မဆိုးလှသောမြို့ဖြစ်သည်။ ရေအိုင်ကမ်းကြော လမ်းတလျှောက်သာတွေ့ရခြင်းဖြစ်သည်။ အတွင်းသို့ဝင်သောလမ်းများစွာရှိ၏။ အတွင်းပိုင်း မြို့အခြေအနေကိုမူ မသိရပါ။ တည်းခိုခန်းများ၊ အပန်းဖြေစခန်းများကို တွေ့ရသည်။ မြို့တွင်းဝင်ပြီး နာရီဝက်ခန့်ဆက်လျှောက်ရာLake Shore လမ်းတွင် အမျိုးသမီးတဦးနှင့် တွေ့ဆုံသည်။ မြန်မာပြည်အကြောင်းများပြောဆိုပြီးနောက် ကုလသမဂ္ဂထံတင်ပြမည့် စာတွင် လက်မှတ်ထိုးပေးလေ၏။ Lake Shore လမ်းသည် အလွန်ရှည်လျားသောလမ်းဖြစ်၏။ (၃)နာရီခွဲတွင် ကနေဒါနိုင်င၊ံ Toranto မြို့မှ မိတ်ဆွေများ လမ်းလာလျှောက်မည့်အကြောင်း ဆရာတော်ဦးနန္ဒဝံသ ထံမှ ဖုန်းဆက်လာသည်။ ထိုကြောင့် Lake Shore လမ်းနှင့် Deer လမ်းဆုံရာတွင် စောင့်ဆိုင်းနေကြသည်။ အမှန်၌ ခရီးစဉ်မှာ ဤနေရာတွင် ပြီးဆုံးနေပြီဖြစ်သည်။


(၁၅) မိနစ်ခန့်အကြာတွင် အနီးရှိ Tim Hartons မုန့်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးရောက်လာပါသည်။ Pennsylvenia ပြည်နယ်၊ Erie မြို့၏ TV Channel 35 တွင် ကျွန်ုပ်တို့လမ်းလျှောက်သည့်သတင်း သူမ ကြည့်ရ ကြောင်းကို ပြောပြသည်။ ရေ သို့မဟုတ် အအေး သို့မဟုတ် စားစရာတခုခုလိုအပ်ပါသလားဟု မေးမြန်းပါသည်။ သူမ၏အမည်မှာ Gina Kron ဖြစ်သည်။ လက်မှတ်ထိုးပေးသည်။ စားစရာနှင့် ရေဗူးများလှူဒါန်းသည်။ အမှတ်တရ ဓာတ်ပုံရိုက်သည်။ လိုအပ်သည်များရှိလျှင် ဆိုင်ထဲလာခဲ့ပါဟု ကမ်းလှမ်းသည်။

ထိုစဉ် စက်ဘီးစီးအမျိုးသမီးတဦးရောက်လာပြီး မေးမြန်းစုံစမ်းသည်။ စိတ်ဝင်စားစွာပြောဆိုပြီးနောက် လက်မှတ်ထိုးပေးသည်။ ခရီးစဉ်ပြီးဆုံးသော်လည်း စောင့်ဆိုင်းရသောအကျိုးဖြစ်၏။ လမ်းလျှောက်ရင်း ရှောင်တခင် စာရွက်ဝေရခြင်းများစွာရှိ၏။ ခဏအကြာတွင် အမျိုးသားတဦးရောက်လာပါသည်။ မြန်မာပြည်အကြောင်းမေးမြန်းပြောဆို၏။ လက်မှတ်ထိုးပေး၏။ စောင့်ဆိုင်းရင်း လူ (၃)ဦး လက်မှတ်ထိုးပြီး ဖြစ်သွားသည်။

ကနေဒါမှ မိတ်ဆွေနှင့် လိုက်လံပို့ဆောင်သူ ဆရာတော်ဦးနန္ဒဝံသတို့ ရောက်လာပါသည်။ ထိုမိတ်ဆွေ၏အမည်မှာ ကိုစိုးစိုးခေါ် ရဲရင့်ငယ် ဖြစ်သည်။ မြန်မာပြည်အကြောင်း Blog ရေးနေသူဖြစ်သည်။ ကျွနု်ပ်တို့၏ ခရီးရှည်ချီတက်ခြင်း Blog စာမျက်နှာကိုလည်း PDF ဖန်တီးပြီး ဖြန့်ချိပေးနေကြောင်း ပြောပြပါ သည်။ ရှေ့ဆုံးမှ ပွိုင့်ပြေးနေသူ ရဲဘော်ကျော်ရှိန်၊ ထိုနောက် သာသနာ့အလံကိုင်လျက် ဆရာတော်ဦးနန္ဒဝံသ၊ ထို့နောက် ခွပ်ဒေါင်းအလံကိုင်လျက် ကနေဒါရဲဘော် စသည်ဖြင့် ကျွန်ုပ်တို့၏ ဘဝသံသရာရထားကြီးသည် လူစုံလျှင် ဆက်လက်ထွက်ခွာကြပါ၏။




ညနေ (၅)နာရီတွင် Armadillo လမ်းနှင့် Lake Shore ဆုံရာတွင် ခရီးစဉ်ကို အဆုံးသတ်လိုက်ကြတော့၏။ ၎င်းလမ်းထောင့်ရှိ Moniszko Club မှအသက်ကြီးကြီးပုဂ္ဂိုလ်တဦးထွက်လာပြီးလျှင် ကျွန်ုပ်တို့အား ရေခဲရေများ လှူဒါန်းပါသည်။ အလွန်ပျော်ရွှင်တတ်သော ပုဂ္ဂိုလ်ဖြစ်၏။ ရဲဘော်ကဘောယူသည် ၎င်း Club မှ မိတ်ဆွေများ ကို စာရွက်ဝေခြင်း၊ ရှင်းပြခြင်းလုပ်ငန်းကို တက်ကြွစွာဆောင်ရွက်နေသည်။ ထိုမိတ်ဆွေများကလည်း မြန်မာပြည်အကြောင်း အထူးစိတ်ဝင်စားကြသည်။ ရေခဲရေတိုက်သော ပျော်ရွှင်တတ်သော အဖိုးကြီးကလည်း လက်မှတ်ထိုးပေးပါသည်။ ယနေ့အဖို့ ရှည်လျားလှသော Lake Shore လမ်းကြောတွင်ပင် ရပ်နားလိုက်ကြ သည်။



လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive