Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 28, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၂ ရက်မြောက်နေ့ 52nd day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၅၂) ရက်မြောက်နေ့
ဇူလိုင်လ ၂၆၊ ၂ဝဝ၉



နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် ယနေ့ချီတက်ခြင်းကို စတင်လိုက်ကြသည်။ South 96 A လမ်းအတိုင်းဖြစ်ပါ၏။ မနေ့ကရပ်နားခဲ့ရာ မိုးမခပင်အရိပ်မှ စတင်ခြင်းဖြစ်ပါသည်။ (၁၅) မိနစ် လျှောက်မိ လျှင် Town of Romulas ကို ဝင်ရောက်သည်။

(၉) နာရီခွဲတွင်Sampson State Park ပန်းခြံဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ (၉) နာရီ (၄ဝ) မိနစ်တွင် ပုဂ္ဂိုလ်တဦးကို တွေ့ရသည်။ ပန်းခြံအဝင်ဝတွင် ဖြစ်ပါသည်။ Utah မှ လာသူဖြစ်၏။ ကျွန်ုပ်တို့ ငြိမ်းချမ်းရေး ခရီးရှည်ချီတက်ခြင်းအကြောင်းကို ရေဒီယိုမှ ကြားခဲ့ရသည်ဆို၏။ ဆုမွန်တောင်းပေးရန်လာခြင်းဖြစ်၏။ ငြိမ်းချမ်းရေးဘာသာရပ်ကို လေ့လာနေသူတဦးဖြစ်သည်။ ကိုလံဘီယာတက္ကသိုလ်တွင် မြန်မာ့အရေး၊ လူ့အခွင့်အရေးကို ဆောင်ရွက်နေသူတဦးဖြစ်သည်။ သူသည် Baptist Paster တဦးလည်းဖြစ်ပါသည်။ Fellowship and Reconciliation, Human Rights Dept. မှ ဥက္ကဌ ဖြစ်ပါသည်။
သူ၏အမည်မှာ Paul R Dekar ဖြစ်ပါသည်။ ဇနီးနှင့်အတူ လာရောက်စောင့်ဆိုင်းနေခြင်း ဖြစ်ပါသည်။ ခရီးရှည်ချီတက်ခြင်းအကြောင်း၊ မြန်မာပြည်အကြောင်းများကို ကောင်းစွာမေးမြန်း ပြောဆိုပါသည်။ ကျွန်ုပ်တို့ ဆက်လက်ချီတက်မည့် လမ်းခရီးရှိ တချို့သောမြို့ရွာများတွင် ကူညီနိုင်အောင်ကြိုးစားမည်ဟု ဆိုပါသည်။ လက်မှတ်ထိုးပေးပါသည်။ ဇနီးကလည်း လက်မှတ်ထိုးပေးပါသည်။ ထို့နောက် အပြန်အလှန်ဓါတ်ပုံရိုက်ကြ၏။ ဝိုင်းဖွဲ့ စုရပ်ကြပြီးလျှင် ဆုမွန်ကောင်း တောင်းပေးပါသည်။

ထိုပန်းခြံမှ ဆက်လက်ချီတက်ကြသည်။ (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Parking Area တွင် ခဏနားကြသည်။ နေပူပူတွင် တောက်လျှောက်ချီတက်ကြ၏။ တောလမ်းများဖြစ်ပါသည်။ တနာရီကျော်လျှောက်ပြီးလျှင် ခဏနားပါ၏။ ဆက်လက်ချီတက်ရင်း (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် ဤသတည သ် ဥလငိ သို့ရောက်ရှိ သည်။

လမ်းတလျှောက်တွင် ခြံဝင်းအတွင်းမှနေ၍ လှမ်း၍ စုံစမ်းမေးမြန်းသူများ၊ ကားများမှ လက်ပြနှုတ်ဆက်သူများ၊ ကားဖြင့်လိုက်လာပြီးလျှင် ကွေ့ပတ်ကြည့်ရှုသူများ စသည်ဖြင့် ရှိကြပါသည်။ မြို့မှထွက်သော တောလမ်းသို့ ရောက်၏။ အကွေ့တကွေ့ကိုလျှောက်သည်။ ကုန်းတကုန်းကို တက်ပြန်သည်။ ထိုနောက် ဆိတ်ငြိမ်သော တောင်ကုန်းရပ်ကွက်လေးတခု၏ မေပယ်ပင်အရိပ်တွင် နားကြသည်။ နေ့လည် (၁၂) နာရီ (၁၅) မိနစ်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် နေပူမှ ချီတက်လာသည်ဖြစ်ရာ သစ်ရိပ်သာယာသည် အေးမြလှ၏။ ရပ်ကွက်၏ Prospect လမ်းနှင် Seneca လမ်းဆုံရာတွင် နားကြခြင်းဖြစ်သည်။

သစ်ရိပ်တွင် ရှည်ကြာစွာမအေးမြနိုင်ပါ။ ရှေ့ဆက်ကြရဦးမည်။ ဆက်လက်၍ ချီတက်လျှင် မြို့လယ်နှင့်တူသော တောင်ကုန်းထိပ်လေးတခုကို ကျော်ဖြတ်၏။ ထိုမှဆက်လျှင် မြို့မှထွက်သော တောလမ်းသို့ ရောက်ရှိပြန်သည်။ နေ့လည် (၁) နာရီ (၃၅) မိနစ်တွင် County Rd 130 သို့ ကွေ့ဝင်သည်။ ခဏကြာလျှင် South 96 ပေါ်သို့ ပြန်လည် ရောက်ရှိသည်။ ဤနေရာတွင်ပင် (၁) နာရီ (၄ဝ) မိနစ်အချိန်တွင် ယနေ့ခရီးစဉ်ကို အဆုံး သတ်လိုက်ကြသည်။ ထိုစဉ် အဖိုးကြီး အဖွားကြီးမောင်နှံ ကားဖြင့်ရောက်လာပြီး ကျွန်ုပ်တို့၏ ကိစ္စရပ်များကို စိတ်ဝင်စားစွာမေးမြန်းပါသည်။ လက်မှတ်ထိုးပေးပြီးလျှင် ကားကို ပြန်လည်ကွေ့၍ ထွက်ခွာသွားကြပါ၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive