Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, July 25, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၉ ရက်မြောက်နေ့ ခရီးစဉ် 49th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၄၉)ရက်မြောက်နေ့
ဇူလိုင်လ (၂၃၊ ၂ဝဝ၉)


ယနေ့အဖို့ စတင်မထွက်ခွာသေးခင်ကတည်းက တမနက်လုံးမိုးရွာနေ၏။ ဤနေ့သည် တည်းခိုရာ နေရာ Rochester မြို့၊ ကိုဆန်နီဟန်၏ အိမ်တွင် (၄)ရက်တည်းခိုပြီး ထွက်ခွာသောနေ့ ဖြစ်သည်။ Ithaca မြို့သို့ဦးတည်ပါသည်။ Rochester မြို့တွင်နေစဉ် အစစ ကူညီပေးခဲ့သော ကိုဆန်နီဟန်၊ မသန်းသန်းစိုး တို့ဇနီးမောင်နှံနှင့်တကွ မြို့ခံမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။ လမ်းခရီးတောက်လျှောက်တွင် ထိုကဲ့သို့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အလှူငွေ စသည်တို့ကို ကူညီသည့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများ၏ အထောက်အပံ့မှာ ကျွန်ုပ်တို့အတွက် ကြီးမားလှပါသည်။

(၉) နာရီခွဲတွင် Ontario County, Town of Manchester ကိုကျော်ဖြတ်သည်။ တောနယ်များကိုသာ ကျော်ဖြတ်ရခြင်းဖြစ်၏။ ဤအရပ်တွင် မြို့သည်လည်းကောင်း၊ ရွာသည်လည်းကောင်း မကွဲပြားလှပါ။ အကြောင်းမူ တောလမ်းနှင့်တကွ စိုက်ခင်းများသာပြည့်နှက်နေသောကြောင့်ဖြစ်သည်။ ဤနေ့သည်လည်း နံနက်စောစောတွင် မိုးရွာခဲ့သည်ဖြစ်သောကြောင့် စိုစွတ်သော လန်းဆန်းသော ပတ်ဝန်းကျင်ကို ကျော်ဖြတ်ရ သည်။

(၁ဝ)နာရီထိုးရန် (၁၁)မိနစ်အလိုတွင် County Rd 7 နှင့် County Rd 27 လမ်းဆုံ မီးပွိုင့်အနီးတွင် ခေတ္တနားကြသည်။ ၎င်းမီးပွိုင့်အနီး တဲကလေးတလုံးတွင် ပြောင်းဖူးနှင့် သခွားသီး လတ်လတ်ဆတ်ဆတ်များ ရောင်းနေသည်။ ဆိုင်ရှင်စောင့်မနေပါ။ ကျသင့်သလောက် ရှင်းပြီးထားခဲ့ရန်ဖြစ်ပါ၏။ ယနေ့လျှောက်ခဲ့သမျှ တလမ်းလုံးတွင် ပြောင်းခင်းများ၊ စိုက်ခင်းများ၊ နွားခြံများ၊ မြင်းခြံများကိုသာ တွေ့ရ၏။ စိုက်ပျိုးမွေးမြူရေး အရပ်ဟုဆိုရပါမည်။

အမေရိကန်ပြည်သည် ကမ္ဘာကိုဦးဆောင်နေသော စက်မှုနိုင်ငံဖြစ်၏။ လောလောဆယ် ဤတောလမ်းတွင် မြင်တွေ့ရသည်တို့မှာ ကြီးကျယ်လှသော စိုက်ခင်းများဖြစ်၏။ ºကွယ်ဝစေရေး၊ လုပ်အားပေး၊ မနှေးစိုက်ပျိုးပါ ဆိုသည်မှာ မျက်စိကန်း တစ္ဆေမကြောက်သူများက တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကာ ပြည်သူလူထုအပေါ် လူပါးဝရန်မဟုတ်။ စစ်ဗိုလ်များအုပ်ချုပ်သော ခေတ်မဟုတ်။ ကောင်စီလူကြီးကို ကြောက်ရမည့်အရပ်မဟုတ်။ လူအုပ်ချုပ်သော တိုင်းပြည်ဖြစ်၏။ အနှစ်မရှိသောကြက်ဆူတောတွင် ဦးခေါင်းမရှိဘဲ မျက်မှန်တပ်နေသော၊ လက်ညိုးညွန်ရာ ဒုက္ခရောက်နေသော HIV နိုင်ငံမဟုတ်ပေ။ မိမိစိုက်ပျိုးသော သီးနှံကို မိမိပိုင်ဆိုင် သည်သာ ဖြစ်၏။ သာယာဝပြောလှပါသည်။

လျှောက်ရင်း နားရင်း တွေ့ရသည်များမှာ ဧရာမ ပြောင်းခင်းများနှင့် နွားခြံများဖြစ်၏။ ခဏတာ ရပ်နားရသော နေရာများမှာလည်း ဤသို့သော ပြောင်းခင်းများ၊ နွားခြံများသာဖြစ်၏။ (၁၁) နာရီ (၁ဝ) မိနစ်တွင် McBerny လမ်းသို့ချိုးကွေ့ဝင်သည်။ ကြည့်လေရာတိုင်း စိုက်ခင်းတို့ဖြင့်သာ ပြည့်နှက်နေသည်။ စိမ်းစိုနေ၏။ တချို့နေရာများမှာ ရိတ်သိမ်းပြီးသောရိုးပြတ်တောများဖြစ်၏။ ဆောင်းတွင်းမရောက်မချင်း စိုက်ပျိုး နေမည့်သဘောဖြစ်သည်။ နေ့လည် (၁၂) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် လမ်းရှိပြောင်းခင်း တခုဘေး၊ နွားခြံတခုအနီးတွင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive