Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, July 16, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၂ ရက်မြောက်ခရီး 42nd day of 900 miles for Long March

Crittendent မြို့ကလေးသို့ ရောက်ပြီ
(၄၂) ရက်မြောက်နေ့ (ဇူလိုင်လ ၁၅ ရက်၊ ၂ဝဝ၉)


နံနက် (၈) နာရီခွဲတွင်Lancaster ရွာကလေးနှင့် Lancaster မြို့ကလေးတို့အစပ်မှ စတင်ချီတက်ကြ သည်။ တောနယ် တောလမ်းတို့၏ အသွင်အပြင်များဖြစ်၏။ ကြိုကြားကြိုကြား အိမ်များတွေ့ရသည်။ တချို့နေရာများ တွင် ကွင်းပြင်များ၊ ကိုင်းတောများ၊ မြေလွတ်မြေရိုင်းများဖြစ်၏။ စီးပွားရေးအဆောက်အအုံများကိုလည်း တွေ့ရသည်။ ဤတော ဤနယ်များသည် စီးပွားရေးလုပ်ငန်းများ တည်ရှိသော လမ်းများဖြစ်၏။

(၉)နာရီခွဲတွင် Buffalo-Lancaster Airport ကိုကျော်ဖြတ်သည်။ သေးငယ်လှသော လေဆိပ်ကလေးတခု ဖြစ်သည်။ အဆောက်အဦတချို့နှင့် လေယာဉ်ငယ်လေးများ တန်းစီထားသည်ကိုတွေ့ရသည်။ မည်သို့ဆိုစေ ရွာကလေး မြို့ကလေးများရှိရာနယ်မြေတွင် လေယာဉ်ကွင်းတခုရှသည်ဆိုသည်မှာ မဆိုးလှပါ။ (၁ဝ) နာရီတွင် ခေတ္တနားကြသည်။ များစွာသော နေ့ရက်များတွင် တောဆန်သော လမ်းကြောင်းများကိုလျှောက်တိုင်း ခြောက်ခြောက်ကပ်ကပ် ချီတက်ရသည်များရှိ၏။ ကားအသွားအလာ တစုံတရာရှိသည်ဆိုစေ၊ ကားများမှ လှမ်း၍ဟွန်းတီးလက်ပြ ထောက်ခံအားပေးမှုများရှိသည်ဆိုစေ လမ်းပေါ်တွင် လူကိုယ်တိုင်တွေ့ဆုံ၊ နှုတ်ဆက်၊ မေးမြန်းခြင်းများမရှိလျှင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ကဆုန်စိုင်းကြရသည်ပင်။

(၁ဝ)နာရီခွဲပြီး (၅)မိနစ်ရှိလျှင် Wende မြို့ကလေး၏ Erie County Commercial Facility ကိုကျော်ဖြတ်သည်။ စီးပွားရေးလုပ်ငန်းအဆောက်အအုံဖြစ်၏။ လမ်း၏လက်ဝဲဘက်တွင် ကျန်းမာရေးနှင့်ဆိုင်သော အဆောက်အအုံရှိသည်။ အမှန်၌ လမ်းတောက်လျှောက်တွင် မြို့ကလေးများ၊ ရွာကလေးများ တော်တော် များများရှိပါသည်။ တခါတရံ အမှတ်မထားမိလျှင် ဆိုင်းဘုတ်ကို မမြင်မိဘဲကျော်သွားတတ်၏။ တနေရမှထွက်၍ တခြားတနေရာ၏ဆိုင်းဘုတ်ကိုတွေ့မှ ရွာကလေးတခုကိုကျော်ဖြတ်ခဲ့မှန်းသိရသည်။

(၁၁)နာရီထိုးပြီး (၅)မိနစ်တွင် Genesee St လမ်းတွင် ခဏနားကြသည်။ ယခုအခါ ရှည်လျားလှသော လမ်းသွယ်အဖြစ်သို့ပြောင်းလဲသွားလေပြီ။ အနီးရှိဆိုင်းဘုတ်သည် Rochester 47 မိုင်ဟုဖေါ်ပြထားသည်။ ကျွန်ုပ်တို့ ဦးတည်ချီတက်နေသောမြို့သို့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ (၁၂)နာရီ (၁ဝ)မိနစ်တွင် Crittendent Rd လမ်း၌ မီးပွိုင့်တခုကို ကျော်ဖြတ်သည်။ မကြာတော့သော အချိန်တွင် ယနေ့သတ်မှတ်ထားရာနေရာသို့ ရောက်ရှိတော့မည်ဖြစ်သည်။

(၁၂)နာရီ (၁၅)မိနစ်တွင် E 33 လမ်းမကြီး သို့မဟုတ် Genesee လမ်းတွင် Wood & Brook Sportman's Club Inc. အမည်ရှိ သေနတ်ပစ်သောအားကစားအသင်းတခု၏ ဆိုင်းဘုတ်ရှိရာရှေ့တွင် ယနေ့အဖို့ကို အဆုံး သတ်လိုက်ကြသည်။ မြို့ကလေးမှာ Crittendent မြို့ဖြစ်ပါ၏။

လမ်းလျှောက်ချီတက် ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive