Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 21, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၅ ရက်မြောက်နေ့ 45th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၄၅)ရက်မြောက်
(ဇူလိုင်လ ၁၉၊ ၂ဝဝ၉)



နံနက် (၁ဝ) နာရီခွဲတွင် မနေ့က ရပ်နားခဲ့ရာ E 33 A လမ်းပေါ်ရှိ Millerလမ်းမှစတင်သည်။ တောလမ်း တောင်လမ်းတို့သာဖြစ်၏။ တိတ်တိတ်ဆိတ်ဆိတ်ရှိလှ၏။ ကားအသွားအလာသိပ်မတွေ့ရပါ။ စိမ်းစိုသော ပြောင်းခင်းများ၊ ရိုးပြတ်တောလယ်ကွင်းများကိုသာ အများစုတွေ့ရသည်။ (၁၂)နာရီထိုးရန် (၁၅)မိနစ် အလိုတွင် ခေတ္တနားကြသည်။ ဆက်လက်ချီတက်ရာ (၁၂)နာရီ (၅)မိနစ်တွင် စက်ဘီးသမားစုံတွဲကို တွေ့ရသည်။ လှမ်း၍နှုတ်ဆက်သည်။ ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်သည်။ အားပေးပါ၏။

(၁၂)နာရီ (၁ဝ)မိနစ်တွင် Welcome to Bergen ဆိုင်းဘုတ်ကိုတွေ့ရသည်။ လမ်းတောက်လျှောက် အထူး ပြောင်းလဲသွားခြင်းမရှိပါ။ (၁၂)နာရီခွဲတွင် ခေတ္တနား၍ နေ့လည်စာစားကြသည်။ နေသည် ပူလာပါ၏။ နေ့လည် (၁)နာရီတွင် ဆက်လက်ထွက်ခွာကြသည်။ မွန်းလွဲ (၂)နာရီတွင် Monore County သို့ ရောက်သည်။ E 33 A လမ်းပေါ်တွင်ပင် ဖြစ်ပါသည်။ ယခုအခါ Bergen မြို့မှထွက်ပြီး တမိုင်ဝေးသော နေရာတွင်ဖြစ်ပါသည်။


ထူးခြားမှုမရှိလှသော လမ်းကြောင်းကြီးဖြစ်ပါသည်။ ခေတ္တနားလိုက်၊ လျှောက်လိုက်ဖြင့် ချီတက်ရင်း Riga မြို့သို့ ရောက်ရှိသွားသည်။ ညနေ (၃)နာရီတွင်Chili Riga Central လမ်းနှင့် Lentine Dr. လမ်းဆုံရာတွင် ယနေ့ အဖို့ကို အဆုံးသတ်လိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive