Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, July 15, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၁ ရက်မြောက်နေ့ 41st day of 900 miles for Long March

Buffalo မြို့မှဆက်လက်၍
ခရီးရှည်ချီတက်ခြင်း (၄၁) ရက်မြောက်နေ့၊ (ဇူလိုင်လ ၁၄ ရက်၊ ၂ဝဝ၉)



နံနက် (၈)နာရီတွင် Buffalo မြို့လည် ကျောက်တိုင်မှစ၍ Broadway လမ်းအတိုင်း ဆက်လက်ချီတက်ကြသည်။ ထိုမှ Sycamore လမ်းသို့ချိုးကွေ့ကာ Walden Ave လမ်းအတိုင်းချီတက်ကြ၏။ တနာရီ လမ်းလျှောက်ကြပြီး လျှင် ခေတ္တနားကြသည်။ ဤနေရာတွင် Sycamore လမ်းအဆုံးသတ်ပြီး Walden Ave အဖြစ်သို့ပြောင်းသွား သည်။ လူနေရပ်ကွက်များကို တဖြည်းဖြည်းကျော်လာလျှင် Walden Ave လမ်းသည် တဖြည်းဖြည်းကြီး၍ လာ၏။ ကျယ်၍လာ၏။ ဟိုင်းဝေးလမ်းကြီးအတိုင်းဖြစ်သည်။ ဆိုင်းဘုတ်တွင် E 90 ကိုညွှန်ပြထားသည်။



ဤလမ်းတလျှောက်သည် Economic Zone များဖြစ်၏။ Shopping Center ရပ်ကွက်များကို ဖြတ်သန်းရင်း (၁ဝ)နာရီ (၂၅)မိနစ်တွင်Chitowaga မြို့ကလေး၏ စည်ကားသောတနေရာတွင် နားကြသည်။ ဤလမ်း ဤနယ်တွင် မြို့ကြီး၊ မြို့ကလေး၊ ရွာကလေးတို့မှာ တသားထဲကဲ့သို့ဖြစ်နေသည်။ အဇဋ္ဋာသည် ပြာစင်လျက်ရှိ၏။ တိမ်ဖြူတို့သည် ဟို၌တဆုပ်၊ သည်၌တဆုပ် စသည်ဖြင့်တည်ကြကုန်၏။ သာယာသောနေ့ပါပေ။

္တWalden Ave လမ်းအတိုင်း ဆက်လက်ချီတက်ရင်း Chitowaga မြို့၊ Twin Fare လမ်းကိုကျော်လျှင် တောစွန်အုံနားသို့ ရုတ်တရက်ပြန်ရောက်သွားသလိုရှိ၏။ ညိုမဲသောကုန်းတံတားတခုအောက်မှ ဝင်ရောက်ရသည်။ ရထားလမ်းတောက်လျှောက်ရှိသည်။ သို့သော် မကြာပါ လူနေအိမ်ခြေများ၊ ရပ်ကွက်များကို ပြန်တွေ့ရသည်။ တချို့နေရာများတွင် ကားရောင်းသောဝင်းများ၊ ကားပြင်ဆိုင်များ၊ ကားပစ္စည်းရောင်းသော ဆိုင်များကို တွေ့ရသည်။

ယနေ့ချီတက်သောလမ်းသည် အထူးသဖြင့် စီးပွားရေးအချက်အခြာနေရာများသာ အများအပြားဖြစ်၏။ တောတောင်တို့ကို သိပ်မတွေ့ပါ။ ရေအိုင်ကြီးဘေးမှ ကပ်လျက်လျှောက်စဉ်ကနှင့်စာလျှင် အလွန်ကွာခြား၏။ အကြောင်းမူ ယနေ့လမ်းသည် မြို့လယ်မှ မြို့ပြင်သို့ထွက်သည်ဆိုသော်လည်း တဖက်တချက်တွင် ကြီးမား ကျယ်ပြန့်သော မြို့ဧရိယာများဖြစ်နေသည်မဟုတ်လော။

ချီတက်ရင်း (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင်Village of Lancaster ဆိုင်းဘုတ်ကိုမြင်ရသည်။ (၅) မိနစ် ဆက်လျှောက်လျှင် Town of Lancaster ဆိုင်းဘုတ်ကို တွေ့ရသည်။ နေ့လည် (၁၂) နာရီတွင် ယနေ့ သတ်မှတ်ထားသော Central Ave လမ်း၌ ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ကျွန်ုပ်တို့ရပ်နားရာနေရာသည် Village of Lancaster ရွာကလေးနှင့်Town of Lancaster မြို့ကလေးကို ခြားနားထားရာ Walden Ave လမ်းပေါ်တွင်ဖြစ်သည်။ ဤလမ်းသည်ရှည်လျားလှပါဘိ။



လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
သဗ္ဗေ ဝေနေယျာ သုခိ အတ္တာနံ ပရိဟ ရ န္တု။

No comments:

Followers

Blog Archive