Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, July 9, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၄ ရက်မြောက်ခရီးစဉ် 34th day of 900 miles for Long March

Erie မြို့ကိုလွန်မြောက်ပြီးသည့်နောက်
ငြိမ်းချမ်းရေးခရီးစဉ် (၃၄) ရက်မြောက်နေ့ (ဇူလိုင် ၅၊ ၂ဝဝ၉)


ယနေ့သည် ကြည်လင်လှပါဘိ။ နေသာ၏။ ရာသီဥတုသည်ကောင်းမွန်လှ၏။ ထိုသို့လှပသော နေ့သစ်တနေ့ တွင် ကျွန်ုပ်တို့၏ခရီးကိုစတင်လိုက်၏။ ရက်ပေါင်းများစွာ တနေ့ပြီးတနေ့စတင်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၃၄ ရက်သို့ရှိခဲ့ပြီ။ ချီတက်ရင်းလျှောက်ရင်းဖြင့် သာယာသောနေ့၊ မှုန်မှိုင်းသောနေ့၊ ခက်ခဲသောနေ့၊ ခြစ်ခြစ်တောက် ပူသောနေ့ များစွာများစွာကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ယနေ့သည် လှပသောနေ့တနေ့ဟုဆိုပါရစေ။



စတင်ချီတက်ပြီးကတည်းက နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် အိမ်တအိမ်မှလင်မယားနှစ်ယောက်သည် ကျွန်ုပ်တို့အားနှုတ်ဆက်ပါ၏။ ရေဗူးများကိုလည်းဝေငှ၏။ ကုလသမဂ္ဂထံတင်ပြမည့်စာကိုလည်း လက်မှတ်ရေးထိုးပေးကြသည်။ နေ့စဉ်တွေ့ဆုံရသော အနေအထားများကို မည်သို့ဖြစ်စေ ကြိုဆို၏။ ကျွန်ုပ်တို့လမ်းလျှောက်သမားများ၏ တာဝန်မှာ အမေရိကန်ပြည်သူလူထုနှင့်တကွ ကမ္ဘာ့ပြည်သူများကို မြန်မာ့အရေးနှင့်ပတ်သက်၍ သိရှိနားလည်လာစေရန်၊ စာနာမှုပေးလာစေရန်၊ ထောက်ခံမှုပေးလာစေရန် တင်ပြသောလှုပ်ရှားမှုဖြစ်သည်။ ကျွန်ုပ်တို့၏လက်ဝယ်၌ရှိသော စာစောင်သည် လမ်းတလျှောက်ရှိ လူအများတို့ကိုနှံ့စပ်အောင်ဖြန့်ချိရန် မလုံလောက်သော်လည်း တမြို့၊ တရွာ၊ တဒေသ၌ တွေ့ဆုံရသူ တဦးဦးသည် မြန်မာပြည်၏အကြောင်းကို သိရှိသည်ဆိုပါအံ့၊ ကျွန်ုပ်တို့သည် ကြီးစွာနှစ်ထောင်းအားရ ဖြစ်ပြီးဖြစ်သည်။

လမ်းတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်း တစုံတရာမျှ မသိရှိသေးသူတို့၏လက်ဝယ်သို့ ကျွန်ုပ်တို့၏လက်ကမ်းစာစောင်များစွာကို ဖြန့်ဝေပြီးဖြစ်ပါ၏။ စတင်ချီတက်၍မှမကြာမီ မိနစ် ၂ဝ ခန့်ဆက်လျှောက်ပြီးရာတွင် အိမ်တအိမ်မှ အမျိုးသမီးတဦးလည်း ကျွန်ုပ်တို့ကိုနှုတ်ခွန်းဆက်ပြီးနောက် ရေ သို့မဟုတ် အအေး တခုခုကို ကျွန်ုပ်တို့အတွက် ကမ်းလှမ်း၏။ ကျွန်ုပ်တို့၏အကြောင်းကိုတင်ကြိုသိရှိပြီးလည်းဖြစ်ဟန်တူသည်။ တခါတရံတွင် ရေလှူဒါန်းသူများ စိပ်စိပ်၍လာသဖြင့် လက်တွင်အလံတိုင်နှင့်တကွ ရေတဗူးအပြင် ပို၍ကိုင်ဆောင်ရန် ခက်ခဲသော အခြေအနေကြောင့်လည်းကောင်း လက်ခံမယူဆောင်နိုင်တော့သည့် အခါများလည်းရှိသည်။ သို့သော်ကျွန်ုပ်တို့ယူဆောင်နိုင်သည်ဖြစ်စေ၊ မယူဆောင်နိုင်သည်ဖြစ်စေ သဒ္ဓါတရားဖြင့်လှူဒါန်းသော ဤရေ၏အကျိုးကို လှူဒါန်းသောသူများရရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ကန္တာရမှလာသောသူများဖြစ်၏။ ဒုက္ခမှလာသောသူများဖြစ်၏။ လမ်း၌အလှူခံရရှိသောရေတဗူးသည် ကျွန်ုပ်တို့အတွက် ကြီးစွာသော အထောက်အပံ့လည်းဖြစ်ပါ၏။ နတ်တို့သာဓုခေါ်ကြပါကုန်။




ရာသီဥတု၏သာယာပုံမှာ ကောင်းကင်သည် မိုးသားကင်းစင်၍ ပကတိပြာလွင်လျက်ရှိ၏။ ချီတက်ရာလမ်း၏ လက်ယာဘက်ခြမ်းတွင် တိမ်ဖြူတို့သည် တောအုပ်တို့၏အထက်၌ အဆုပ်ဆုပ်ဖြင့်ဣနြေ္ဒကြီးစွာတည်၏။ လက်ဝဲဘက်၌ကား တောအုပ်တို့နည်းပါးရာတွင် Erie အိုင်သည် ရေပြာကြည်ကိုဆောင်လျက် မိုးကုတ်စက်ဝိုင်း နှင့်အလွမ်းသင့်နေ၏။ ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့သည် ဤရေအိုင်ကြီး၏ ကမ်းရိုးတန်းတွင်လျှောက်နေခြင်း ဖြစ်သည်။

နေ့လည် ၁၂ နာရီခွဲပြီးချိန်တွင် အရိပ်ကောင်းသောနေရာတခု၌နား၍ နေ့လည်စာကိုစားကြသည်။ ဤနေရာသည်ယနေ့စတင်ချီတက်လာရာမှ (၆) မိုင်အကွာ၌ဖြစ်၏။ စားသောက်ပြီးဆက်လက်ချီတက်ကြသည်။ သန့်စင်သောရာသီဥတုသည် ယခုအခါပူ၍ပူ၍လာ၏။ သို့သော်ကျွန်ုပ်တို့သည် တောင်ကုန်းတခုပြီးတခုကို ကျော်ဆဲပင်။ လွင်ပြင်၌ဖြစ်စေ၊ ကုန်းထိပ်၌ဖြစ်စေ ဧကပေါင်းများစွာကျယ်ဝန်းသော စပျစ်ခြံများကိုတွေ့ရသည်။ စပျစ်စိုက်ပျိုးသောအရပ်ဟု ဆိုရမည်။

တောအုပ်တခုပြီးတခု၊ ကိုင်းတောတခုပြီးတခု တောင်ကုန်းတခုပြီးတခုကို ကျော်ဖြတ်ရင်း ခရီးဆုံးခါနီးနေရာသို့ ချဉ်းကပ်လာကြ၏။ ဤသို့လျှောက်လှမ်းရင်းဖြင့် ပြီးဆုံးခါနီးချိန်တွင် အိမ်တအိမ်မှ သားအမိ (၃)ဦးသည် ကျွန်ုပ်တို့အားစောင့်ကြိုနှုတ်ဆက်၏။ ထိုသူများသည် မြန်မာပြည်အကြောင်း ကောင်းစွာသိပြီးသူများဖြစ်၏။ ဘန်ကီမွန်းမြန်မာပြည်သို့ရောက်သည့်အကြောင်းကိုလည်းသိ၏။ Erie မြို့တွင် ယခုအခါ မြန်မာပြည်သား အမြောက်အများရှိကြောင်းပြောပြပါသည်။ ဘန်ကီမွန်းထံတင်ပြမည်းစာတွင်လည်း လက်မှတ်ရေးထိုး ပေးကြသည်။ ဆုမွန်ကောင်းတောင်းပေးကြသည်။ ကျွန်ုပ်တို့အလွန်ကျေနပ်ရပါသည်။

တောလမ်းကို အတွေးအမျိုးမျိုးဖြင့် လျှောက်ရာတွင် ထပ်မံ၍အတွေးများမွေးဖွားစေလေ၏။ ဒုက္ခမရောက်သောနေ့ဟုဆိုရမည်။ ငှက်တေးကိုလည်းနားဆင်နိုင်၏။ စမ်းချောင်းလေး၏ ရေအလျဉ် တသွင်သွင်ကိုလည်း နားဆင်နိုင်၏။ တောပန်းတို့၏အသွင်ကိုလည်းမြင်နိုင်၏။ နေသည်ပူ၏။ သို့သော် အထက်ပူအောက်ပူ ဖုတ်ကျည်းသင်္ဂြိုလ်ထားသကဲ့သို့ကား မလောင်ကျွမ်းစေပါ။ မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြကုန်လော့။ ပြည်သူလူထုအတွက် လမ်းလျှောက်ကြကုန်လော့။ တော်လှန်ရေးအတွက် လမ်းလျှောက်ကြကုန်လော့။ လွတ်လပ်ရေးသည် တနေ့ရအံ့။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

3 comments:

Anonymous said...

find more infodiscover this Get More Infowhy not try here useful referenceclick over here now

sesees said...

click to investigate replica bags online here dolabuy directory Ysl replica bags

mcneyse said...

over here replica designer bags you can try this out Bottega Veneta Dolabuy blog link replica wallets

Followers

Blog Archive