Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 14, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၈ ရက်မြောက်နေ့ ခရီးစဉ် 38th day of 900 miles for Long March


Hanover မြို့ကလေးသို့ ဝင်ရောက်ခြင်း
(၃ဂ)ရက်မြောက်နေ့ (ဇူလိုင်လ ၁ဝ ရက်၊ ၂ဝဝ၉)

မနေ့ကရပ်နားခဲ့သောMoniuszko Club ဘေးမှ နံနက် (၁ဝ) နာရီ (၁ဝ)မိနစ်တွင်ခရီးစဉ်ကို စတင်လိုက်ကြ သည်။ နေပူသောနေ့ဖြစ်၏။ Buffalo မြို့သို့ဦးတည်၍ E 5 လမ်းအတိုင်းချီတက်ကြသည်။ ဤလမ်းသည်ပင် ဖြစ်၏။ အလံတလူလူဖြင့် ထုံးစံအတိုင်း ချီတက်ရင်း မြို့ဧရိယာကို ကျော်ဖြတ်ကြသည်။

နံနက် (၁ဝ)နာရီ (၄ဝ)မိနစ်တွင်Town of Sheridan ဆိုင်းဘုတ်ကိုလှမ်းမြင်ရသည်။ Erie ရေအိုင်၏ ကမ်းတလျှောက် မြို့ကလေးပေါင်းများစွာရှိ၏။ တောင်ကုန်းများကို တက်လိုက်ဆင်းလိုက်ဖြင့် တဖြည်းဖြည်းတောနယ်သို့ ရောက်ရှိလာသည်။ ကြိုကြားကြိုကြားသာ အိမ်ကလေးများကိ တွေ့ရသည်။ နေကလည်းတဖြည်းဖြည်းပူလာသည်။ တချို့အိမ်များမှ လှမ်း၍မေးမြန်းနှုတ်ဆက်ကြသည်။ အပြင်ထွက်၍ပင် မသင့်သော အပူရှိန်ရှိ၏။

(၁၁)နာရီ (၁၅)မိနစ်တွင် ခေတ္တနားကြသည်။ တောလမ်းသို့တဖန်ရောက်လာ၏။ တဖက်တွင် ရေအိုင်ကြီးသည် တွေ့ရလိုက်၊ တောထူရာတွင် ပျောက်သွားလိုက်ဖြင့်ရှိ၏။ ကားအသွားအလာများလည်း သိပ်မတွေ့ရပါ။ တခါတရံတောလမ်းများတွင် တိတ်တဆိတ်ချီတက်နေသကဲ့သို့ရှိ၏။ နေ့တိုင်းလေပြေတိုက်ချင်မှတိုက်မည်။ အရိပ်ရှိချင်မှရှိမည်။ ကုန်းခေါင်ခေါင်တွင် နေပူပူအောက်၌ သံစဉ်မရှိ၊ ကာရန်မရှိ ချီတက်ချင် ချီတက်နေရလိမ့်မည်။ မျက်စိတဆုံးတူရူတွင် တောင်ကုန်းအတက်အဆင်းလမ်းသည် တခါတရံ မှတ်၍ထောင်တက်သွားပြီးလျှင် ကောင်းကင်နှင်ညိနေသည်ထင်ရ၏။

သို့ဖြင့် အထီးကျန် ကန္တာနေပူနေ့ကလေးတွင် ခတ်မဆိတ်လျှောက်လှမ်းနေကြ၏။ (၁၂)နာရီ (၁၅) မိနစ်တွင်တကြိမ်နားကြသည်။ ရေအိုင်စပ် သဲသောင်သို့ဆင်း၍ နေ့လည်စာ အဆာပြေစားကြသည်။ ပြာလွင်သောရေပြင်သည် ပင်လယ်ကဲ့သို့ရှိ၏။ တခြားသောအချိန်များတွင်ဆိုလျှင် ပျော်ပွဲစားထွက်ရန် သင့်တော်သောနေရာဖြစ်၏။ သဲသောင်တွင် နေ့လည်စာ စားနေစဉ် ရေကူးရာမှ်တက်လာသော လူကြီးတဉ်ီးရောက်လာသည်။ နှုတ်ဆက်သည်။ စကားစမြည်ပြောဆိုသည်။ ကျွန်ုပ်တို့ကိုလည်း ရင်းနှီးဟန်သဘောကိုပြသည်။ သူ၏သားသည် တရုတ်ပြည်၊ ရှန်ဟိုင်းတွင် အင်္ဂလိပ်စာဆရာဖြစ်နေသည်ဆို၏။ ကျွန်ုပ်တို့ ကျော်ဖြတ်ခဲ့ရာ (၁ဝ)မိုင်ဝေးသော တောမြို့ကလေးမှနေ၍ ဤနေရာတွင်ရေလာကူးခြင်းဖြစ်သည်။

စားသောက်ပြီးနောက်ဆက်လက်ချီတက်ကြသည်။ ပူပြင်းလှသောနေ့လည် (၁)နာရီခွဲတွင် ငွေချောင်ကြား (Silver Creek) ရွာကလေးသို့ဝင်ရောက်သည်။ ငွေချောင်ဖြစ်စေ၊ ရွှေချောင်ဖြစ်စေ မည်သို့မျှ ကဗျာမဖွဲ့ဆိုနိုင်တော့ပါ။ အကြောင်းမူ ပင်ပန်းသဖြင့် လျှာထွက်ချင်နေပြီဖြစ်သည်။ သို့သော်ပတ်ဝန်းကျင်အခြေအနေကို နည်းနည်းတော့ သတိပြုမိပါသေး၏။ ဤရွာကလေးသည် ရွာဆိုသော်လည်း မြို့စတိုင်ဖြစ်၏။ ကုန်းအတက်အဆင်းများလှသည်။ (၂)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် ခေတ္တနားကြသည်။ ယနေ့တွင် စိပ်စိပ်နားကြရသည်။ မနားဘဲတောက်လျှောက် မိုင်များအောင်မလျှောက်နိုင်ပါ။

ညနေ (၃)နာရီထိုးလျှင် ကုန်းတံတားကြီးတခုအောက် အရိပ်ရှိသည်ဖြစ်ရာ ခေတ္တနားကြသည်။ မနား၍မဖြစ်တော့ပေ။ တလမ်းလုံး ရေတစွပ်စွပ်သောက်လာသော်လည်း ပင်ပန်းမပြေနိုင်ပါ။ ရဲဘော်မင်းဆွေဦးက သစ်သီးများဝယ်လာသည်။ သိပ်မစားနိုင်ပါ။ အနီးရှိဓာတ်ဆီဆိုင်မှ အအေးနှင့် ရေဗူးများထပ်ဝယ်ရ၏။ ယနေ့အဖို့ မိုင်များများလျှောက်မည်ဟု အစီအစဉ်ရှိသော်လည်း မများနိုင်တော့ပါ။ (၃)နာရီ (၂ဝ)မိနစ်တွင် သံတံတားကြီးတခု၏ အလွန်၌ ရပ်ဆိုင်းလိုက်ကြသည်။ ဤတံတားရှိသော လမ်းကို Disable Veteran Memory Highway ဟုဆိုင်းဘုတ်ရေးထား၏။ ယနေ့အဖို့ကို Hanover မြို့ကလေး၏ Chautauqua County အတွင်း ခရီးစဉ် ရပ်ဆိုင်းခြင်းဖြစ်သည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive