Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, July 22, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၆ ရက်မြောက် ခရီး 46th day of 900 miles for Long March

Rochester City သို့ရောက်ပြီ
(၄၆) ရက်မြောက်နေ့ (ဇူလိုင်လ ၂ဝ၊ ၂ဝဝ၉)

နံနက် (၉)နာရီတွင် စတင်ထွက်ခွာသည်။ စိမ်းစိုသောတောတောင်ရှိ၏။ ညို့မှိုင်းသော တောအုပ်များကို တွေ့ရသည်။ တချို့နေရာများတွင် တောအုပ်ထဲအိမ်လေးများကိုတွေ့ရသည်။ သာယာသော ပတ်ဝန်းကျင် ရှိသည်။ မြို့နှင့်နီးကပ်သောကြောင့်လားမသိ လမ်းတလျှောက် လူနေအိမ်ခြေများစိပ်၍လာသည်။ သပ်သပ်ရပ်ရပ်ရှိပါ၏။


(၁ဝ) နာရီတွင် ခဏနားကြသည်။ ရာသီဥတုသည် ပကတိကြည်လင်၏။ ဤသို့သော ကြည်လင်မှုမျိုးသည် တဖြည်းဖြည်း ပူလာမည့်သဘောဖြစ်၏။ ချီတက်ပြီးသိပ်မကြာခင်ပင် ခရီး (၄)မိုင်ခန့်ရောက်လျှင် ချွေးပြိုက်ပြိုက် ထွက်၏။ (၁ဝ)နာရီခွဲတွင်Union St နှင့် Stottle Rd ဆုံရာ မီးပွိုင့်ကိုကျော်သည်။ မြို့ကလေး ဖြစ်သော်လည်း ဤနေရာတွင်တော့ မဆိုးလှပါ။ လမ်းခွရှိ ဓါတ်ဆီဆိုင်များ၊ တခြားသောဆိုင်များ၊ ဈေးတန်းများဖြင့် သိုက်သိုက်မြိုကမြိုက်ရှိ၏။ လူနေရပ်ကွက်များ ပို၍ပို၍တွေ့လာရသည်။ တချို့အိမ်များက လှမ်း၍နှုတ်ဆက် အားပေးကြသည်။ ကားများမှ ဟွန်းတီး၍ နှုတ်ဆက်အားပေးသည်။ ချီတက်ရင်း လမ်းတလျှောက်တွင် သေသပ်သော ရပ်ကွက်များကိုတွေ့ရသည်။


(၁၁) နာရီတွင် E 33 A လမ်းမပေါ်ရှိ Chilli Rd နှင့် Orange Tree Circle လမ်းဆုံရာတွင် ခေတ္တနားကြသည်။ (၁၁) နာရီခွဲတွင် Town of Chilli ဆိုင်းဘုတ်ကို လှမ်းမြင်ရသည်။ မြို့ဝင်ဝင်ချင်း စည်ကားသော Shopping Center များကို ဖြတ်ကျော်ရသည်။ မြို့တွင်းသို့ဖြတ်သော် သစ်ပင်သစ်ရိပ်တို့ အုံ့အုံ့ဆိုင်းဆိုင်းဖြင့် လှပသော ရပ်ကွက်များကိုတွေ့ရသည်။ နေသည်အလွန်ပူလာ၏။ ယနေ့လမ်းလျှောက်ပုံမှာ တနာရီလျှောက်ပြီးတိုင်း တကြိမ်နားသော စကေးဖြစ်သည်။


(၁၂) နာရီ၊ မိနစ် (၄ဝ) တွင် Chestnut လမ်းရှိ Chilli Fire Dept. ဘေးတွင် ခေတ္တနား၍ နေ့လည်စာ စားကြသည်။ ထိုစဉ် လူတယောက် ကားတစီးဖြင့်ရောက်လာပြီး ရေလှူပါသည်။ Radio Shack တွင် လုပ်ကိုင် နေသူတဦးဖြစ်သည်ဟုဆို၏။ ခရီးရှည်အဖွဲ့ လမ်းလျှောက်လာသည်ကို သူတွေ့ရကြောင်းပြောပြသည်။ (၆)မိုင်ခန့်အဝေးကို တကူးတက လိုက်လာခြင်းဖြစ်၏။

ဆက်လက်ထွက်ခွာကြ၏။ (၁)နာရီ (၁၅)မိနစ် အချိန်တွင် Town of Gates ဆိုင်းဘုတ်ကို ကျော်ဖြတ်သွား သည်။ Chilli Ave နှင့် Renouf လမ်းဆုံရာတွင် ခဏနားကြသည်။ ထိုနေရာသည် Rochester မြို့လယ်သို့ ရောက်ရန် (၃)မိုင်ခွဲ လိုပါသေးသည်။ နားပြီးနောက် မွန်းလွဲ (၂)နာရီ (၁ဝ) မိနစ်တွင် ပြန်လည်ထွက်ခွာကြ၏။ သိပ်မကြာမီ သားအမိနှစ်ဦးကိုတွေ့ရသည်။ ကျွန်ုပ်တို့ကိုတွေ့ရာလမ်းတဘက်မှ ဖြတ်ကူးလာပါသည်။ နေ့လည်စာအတွက် ကမ်းလှမ်းပါ၏။ စားပြီးကြောင်းပြောပြသော်လည်း ယခု ဆာနေပါက Subway သို့လှမ်း၍ အကြောင်းကြားပေးမည်ဟုဆိုပါသည်။ လက်ကမ်းစာစောင်ကို ပေးလိုက်ရာ အလှူငွေပို့ရန် ဖုန်းနံပါတ်၊ Blog စသည်တို့ကို မှတ်သွားပါသည်။ ဤအမျိုးသမီးသည် Subway ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသည်။ ဆက်လက်၍ လျှောက်လာရာ ဆိုင်အမျိုးမျိုးရှိသော Shopping Center တခုကို တွေ့ရသည်။


အမေရိကန်ပြည်တွင်းစစ်အတွင်း အရေးကြီးလှသော Canal ကို ဖြတ်ကျော်သည်။ ထို့နောက် (၁ဝ)မိနစ် ဆက်လျှောက်လျှင် Rochester City သို့ စတင်ဝင်ရောက်သွားပါသည်။ တနာရီလျှောက်လိုက် ခဏနားလိုက် ဖြင့် ရှည်လျားလှသောရပ်ကွက်တခုကို ဖြတ်ကျော်ရသည်။ လူအမျိုးမျိုးတွေ့ရသည်။ တချို့တို့က လေးလေး စားစားနှုတ်ဆက်ကြသည်။ တချို့တို့က မိုင် (၉ဝဝ)ဆိုင်းဘုတ်ကိုကြည့်၍ အံ့သြနေသည်။ တချို့က နောက်ပြောင် ကျီစယ်ကြသည်။ ဤလမ်းကြောတွင် လက်ကမ်းစာစောင်အတော်များများ ဝေလိုက်ရပါသည်။ ကြီးမားလှသော Kodak ကုမ္ပဏီကြီးတခုကိုတွေ့ရသည်။ ရောက်ခါနီးမှ လမ်းမှားသဖြင့် တကွေ့ပြန်ကွေ့လာရ၏။ ညနေ (၄)နာရီတွင် State လမ်းနှင့် Main လမ်းဆုံရာ မြို့လယ်ခေါင်တွင် ရပ်နားလိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive