Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 7, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၂ ရက်မြောက်နေ့ ခရီး 32nd day of 900 miles for Long March

(၃၂) ရက်မြောက်ငြိမ်းချမ်းရေးခရီးစဉ်
ဇူလိုင်လ ၃ ရက်၊ ၂ဝဝ၉
ဆရာတော် ဦးနန္ဒဝံသ လာရောက်ချီတက


ယနေ့မနက် မိုးလင်းစအချိန်မှပင် မိုးကောင်းကင်တခုလုံး အုံ့မှိုင်းမှိုင်းနှင့် မိုးတိမ်ရိပ်များပင်ဖုံးလွှမ်းနေသည်။ ၂ ရက်တာရွာသွန်းထားသော မိုးဒဏ်ကြောင့် အအေးဓာတ်အနည်းငယ်ရှိနေသည့်ကြားကပင် တနေ့တာလှုပ်ရှားချီတက်ခြင်းကို စလိုက်ကြသည်။


နေ့စဉ်ချီတက်ခြင်းမစတင်မီ လက်ချင်းယှက်ဝိုင်းဖွဲ့ကာ ဆုတောင်းနေကြသည့်အတိုင်း မြန်မာပြည်နှင့်ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ အမြန်ဆုံးအောင်မြင်ပါစေဟု (၃)ကြိမ်ရွတ်ဆိုဆုတောင်းကြလေသည်။


ဆုတောင်ပြီးတဆက်တည်းမှာပင် ရဲဘော်ဆလိုင်းယောအောင်မှ နှုတ်ခွန်းဆက်စကားဆိုလာသည်။ ယနေ့မြန်မာပြည်လွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲဆင်နွှဲကာ ခရီးရှည်ချီတက်ခြင်း၊ အစာငတ်ခံဆန္ဒပြခြင်း၊ တောင်းဆိုတိုက်ပွဲဝင်နေသည့် ရဲဘော်တို့၏လုပ်ရပ်ကို ထောက်ခံသည့်အတွက် ရဲဘော်တို့ချီတက်ရာနေရာအထိလိုက်လာပြီး၊ လာရောက်ချီတက်တာဖြစ်ကြောင်း ပဏာမပြောဆို၏။


ကျဆုံးသွားသည့် ABSDF ရဲဘော်ဟောင်း၊ (၂ဝဝ၄-၂ဝဝ၅) ခရီးရှည်ချီတက်ပွဲတွင် ပါဝင်ခဲ့သူ ဦးဟန်လင်း (ရဲဘော်ဟန်လင်းနှင့်အတူ ကျဆုံးသွားသောအာဇာနည်ရဲဘော်များကို သစ္စာရှိလျက် မြန်မာပြည် ဒီမိုကရေစီ အောင်ပွဲရသည်အထိ ရဟန်းရှင်လူ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ရဲဘော်တို့ရဲ့အနောက်မှာ အမြဲထောက်ခံလျက်ရှိကြောင်း ပြောဆိုသွားသည်။ ပြီးနောက် E 5 လမ်းမကြီးအတိုင်း ချီတက်ကြ၏။


ရဲဘော်ကျော်ရှိန်က ကမ္ဘာ့ကုလသမဂ္ဂအလံကို ပုခုံးမှာထမ်း၍ မိုင်ပေါင်း ၉ဝဝ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းစာတမ်းကို လည်ပင်းတွင်ချိတ်ဆွဲပြီး ရှေ့ပြေးလျှောက်၏။ ဆရာတော် ဦးနန္ဒဝံသ သည် သာသနာ့အလံကို လွှင့်ထူ၍ပုခုံးထက်တွင်ထမ်းကာ ဦးဆောင်ချီတက်၏။ ဆရာတော်အနောက်တွင် ဦးဇင်းရောင်ကြီးဗွေ ခေါ် (ဦးဇောတိက)ချီတက်၏။ ၎င်းနောက် ABSDF အတွင်းရေးမှူး (၁) တာဝန်ကို ဆောင်ရွက်နေဆဲ၊ ခေတ္တ USA ရောက်နေသူ ရဲဘော်ဆလိုင်းယောအောင်က တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ တော်ကိုထမ်း၍ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့်အတူ FREE AUNG SAN SU KYI စာတမ်းပါ ပိုစတာကို လည်ပင်းတွင်ဆွဲ၍ ချီတက်၏။ ရဲဘော်ကဘောယူသည် USA အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်စောငိုသည် NKD ပါတီတိုက်ပွဲဝင်အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်မောင်မောင်တိတ်သည် သာသနာ့ အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်မင်းဆွေဦး၊ ရဲဘော်သန်းစိုးတို့ ၂ ယောက်မှာ ဗွီဒီယိုဓာတ်ပုံမှတ်တမ်းတင်၍ လိုက်လာကြလေသည်။

ယနေ့မုန်တိုင်းရှိသည်ဟု ကြေညာထားသည်ဖြစ်၍ ဆရာတော်များဆွမ်းဘုန်းရန် အချိန်တိုက်ဆိုင် နေသောကြောင့် ဆရာတော်များနှင့် အင်အားဖြည့်ချီတက်ကြသူရဲဘော်များကို ကျွန်ုပ်တို့မေတ္တာရပ်ခံလျက် အနားပေးလိုက်လေ၏။

နေ့လည် ၁ နာရီအချိန် မုန်တိုင်းလာစပြုပြီး မိုးဖွဲဖွဲရွာနေသောကြောင့် ခေတ္တရပ်နားကာ ကျွန်ုပ်တို့မနက်စာကို အသီးစုံအချဉ်ဟင်း၊ ဘာလချောင်ကြော်နှင့် ဗိုက်ဖြည့်လိုက်ကြလေ၏။ စားသောက်ပြီး ဆက်လက်ချီတက်ကြ၏။ နေ့လည် ၁ နာရီခွဲခန့်တွင် လမ်းကြားတခုထိပ်၌ ကားရပ်ပြီး အသင့်စောင့်ကြိုနေသည့် အမေရိကန် အမျိုးသမီးတယောက်သည် ကျွန်ုပ်တို့အား နှုတ်ခွန်းဆက်စကားဆိုပြီး အမှတ်တရဓာတ်ပုံရိုက်ခွင့်တောင်းကာ ဓာတ်ပုရိုက်ကူးသွားလေသည်။

ယနေ့သည် အသံမစဲ ဟွန်းတီးပြိုင်ပွဲနေ့လို့ပင်ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းခရီးတလျှောက် အပျော်စီးဆိုင်ကယ်များ၊ ကားများ၊ ကုန်တင်အဝေးပြေးကားများ လက်ခုပ်တီး၍လည်းကောင်း လက်ဝှေ့ရမ်း အားပေးထောက်ခံ၍လည်းကောင်း ကားဟွန်းသံတီး၍ အားပေးကြသူတွေများပြားလွန်းသောကြောင့်ဖြစ်သည်။

ချီတက်ရာလမ်းဘေး ၂ ဘက်လုံးတွင် စပျစ်စိုက်ခင်း၊ ပြောင်းဖူးစိုက်ခင်း၊ အလှပြထင်းရူးပင်ပျိုစိုက်ခင်း၊ ပန်းသီးစိုက်ခင်း တချို့တို့ကို တွေ့ရှိရလေသည်။ အိမ်ကျယ်ကျယ် ခြံကျယ်ကျယ်နှင့် သီးသန့်အိမ်ယာအဆောက်အဦများလည်း မြင်တွေ့ရလေသည်။

ယနေ့ည ၃ နာရီအချိန် လေယာဉ်ကွင်းငယ်နေရာမရောက်မီ လမ်းကြားထိပ်တွင် ကားတစီးဖြင့် အသင့်စောင့်ကြိုနေသော အမျိုးသမီးတဦးသည် ကျွန်ုပ်တို့ကိုဖော်ရွေစွာ နှုတ်ဆက်၍ ဟမ်ဘာဂါကျွေးချင်လို့ဟုဆို၏။ မုန့်ဗန်းအကြီးကြီးတခုကို ကားထဲမှ ထုတ်ယူလာ၍ ကြိုက်သလောက်ယူကြပါ။ အားရပါးရစားကြပါဟု စေတနာထက်သန်စွာဖြင့်ကျွေး၏။

ကျွန်ုပ်တို့ရဲဘော်များ တယောက်တခုစီသာယူ၍ မတ်တပ်ရပ်၍ပင်စားကြ၏။ ကျွန်ုပ်တို့လမ်းလျှောက် လာသည်ကို မြင်တွေ့၍ ကြို၍လာစောင့်နေသည်ဖြစ်ကြောင်းပြော၏။ ရေသန့်ဗူးအဆင်သင့်မပါလာသည်ကို ဝမ်းနည်းပါကြောင်းတောင်းပန်စကားပြော၍ ကျေနပ်ပီတီဖြာသောအပြုံးမျက်နှာနှင့် ချိုသာစွာနှုတ်ဆက်စကားဆိုပြီး ထွက်သွားလေသည်။


ညနေ ၃ နာရီ ၄၅ မိနစ်အချိန်၊ တနေ့တာလမ်းလျှောက်ရမည့် သတ်မှတ်သည့်မိုင်ပြည့်ပြီဖြစ်သောကြောင့် E 5 လမ်းနံဘေး ဘုရားကျောင်းတခုရှေ့တွင်ရပ်နားလိုက်ကြလေ၏။


လမ်းလျှောက်ချီတက်သူများတင်ပြသည်။

No comments:

Followers

Blog Archive