Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 28, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၁ ရက်မြောက်နေ့ 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၅၁)ရက်မြောက်
ဇူလိုင်လ ၂၅၊ ၂ဝဝ၉


နံနက် (၉)နာရီခွဲရန် (၅)မိနစ်အလိုတွင် Geneva မြို့ထိပ်မှ စတင်ချီတက်သည်။ ယနေ့တွင်Ithaca မြို့မှ ရဲဘော်အောင်ဖြိုးဆွေ ပါဝင်ချီတက်သည်။ အင်အားထပ်မံများပြားလာသည်။ ယခုအခါ အမာခံချီတက်နေသော ရဲဘော်များအပြင် ယနေ့အဖို့ ရဲဘော်နှစ်ဦးတိုးလာသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။


(၁ဝ)နာရီတွင် Seneca ရေအိုင်သို့ရောက်ရှိသည်။ ရေအိုင်ဘေးလမ်းမှ ကပ်၍ချီတက်ခြင်းဖြစ်သည်။ လေပြည်သည် ရေအိုင်ကို ဖြတ်၍တိုက်နေ၏။ နံနက်နေခြည်တွင် ရေအိုင်သည် လှိုင်းကြက်ခွပ်များဖြင့် တဖိတ်ဖိတ်တောက်နေ၏။ စနေနေ့အလုပ်အားသဖြင့် ပန်းခြံပတ်ဝန်းကျင်တွင် လှုပ်ရှားသူများပြားပါသည်။

(၁ဝ)နာရီ (၂ဝ)မိနစ်တွင် Seneca Couty, Town of Waterloo သို့ ဝင်ရောက်သည်။ 96 A လမ်းမအတိုင်းလျှောက်နေခြင်းဖြစ်ပါသည်။ (၁၁)နာရီထိုးရန် (၁၅)မိနစ်အလိုတွင် Town of Fayette ဆိုင်းဘုတ်ကိုတွေ့ရသည်။ စက်ဘီးသမားတဦးက မှတ်တမ်းတင်သော ကျွန်ုပ်တို့၏ ကားမှ ရဲဘော်မင်းဆွေဦးနှင့် တွေ့ဆုံမေးမြန်းနေသည်။ ချီတက်သူများကို စောင့်ပြီးနှုတ်ဆက်ပါသည်။ အားပေးပါသည်။ မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသော အကြောင်းများ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို အလက်ဇန္ဒားက ရှင်းလင်းပြောပြသည်။ စက်ဘီးသမားသည် လက်မှတ်ထိုးပေး၏။


၎င်းရပ်နားရာနေရာတွင် ကြည်လင်စိမ်းမြသော ချောင်းတခုကိုတွေ့ရသည်။ အပျော်တမ်းမော်တော်ဘုတ်တချို့ သွားလာနေ၏။ မော်တော်ဘုတ်များစွာ ဆိုက်ကပ်ထားသော ဆိပ်ကမ်းတခုကိုလည်း တွေ့ရသည်။ ဤချောင်းသည် သံတံတား ရထားလမ်းအောက်မှ ငုတ်လျှိုးသွားပြီးလျှင် Seneca ရေအိုင်ကြီးနှင့်ဆက်နေ၏။

ဆက်လက်ချီတက်လာရာ (၁၁)နာရီ (၁၅)မိနစ်တွင် အိမ်တအိမ်မှ အမျိုးသမီးတဦးထွက်လာနှုတ်ဆက်သည်။ ခရီးရှည်အကြောင်းမေးမြန်းပါသည်။ ရှင်းလင်းပြောပြသူမှာ အလက်ဇန္ဒားပင်ဖြစ်ပါသည်။ ထိုအမျိုးသမီးက လက်မှတ်ထိုးပေးပါသည်။ ဘုရားကျောင်းမီနီစတာတဦး ဖြစ်ဟန်တူပါသည်။ သမ္မာကျမ်းစာမှလာသော ကောက်နှုတ်ချက်များ၊ သရုပ်ဖေါ်ပုံများပါသော စာအုပ်လေးများကို ကျွန်ုပ်တို့အားဝေငှပါသည်။ အိမ်ရှေ့ဆိုင်းဘုတ်တွင် ရေးထားသည်မှာ Forget Not the God's Benefits ဖြစ်ပါသည်။


ခရီးစဉ်အတိုင်း ဆက်လျှောက်ပါသည်။ နေ့လည် (၁၂)နာရီထိုးရန် (၅)မိနစ်အလိုတွင် အိမ်တအိမ်မှ မောင်နှမ(၃)ဦးထွက်လာပြီးလျှင် ကျွန်ုပ်တို့၏လုပ်ငန်းကို စိတ်ဝင်စားစွာမေးမြန်းပါသည်။ လက်ကမ်းစာစောင်များ ကိုလည်း ဝေငှပေးပါသည်။ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် (၃) ဦးစလုံး လက်မှတ်ထိုးပေးကြပါသည်။



နေ့လည်(၁)နာရီတွင် Town of Verick သို့ ဝင်ရောက်သည်။ ဝင်ရောက်ပြီး (၅)မိနစ်ကြာလျှင် ခဏနားကြ သည်။ နေပူလှပါသည်။ လမ်းတောက်လျှောက်တွင် လယ်ကွင်းများ၊ စိုက်ခင်းများသာ များပြားပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်သောAmish ရပ်ကွက်များကိုလည်း ကျော်ဖြတ်ရသည်။ လွင်ပြင်များကို ကျော်ရ၏။ှSouth 96 A လမ်းအတိုင်းပင်ဖြစ်ပါသည်။ ရှည်လျားလှသော လွင်တီးခေါင် ကုန်းတခုကို လျှောက်ရသည်။ လေသည် အရှေ့မှ ဆီး၍တိုက်နေ၏။ အလံများ တဖြတ်ဖြတ် ခတ်နေသည်။ တောင်ကုန်းကို တက်ရသည်မှာ အလေးတခုကိုထမ်း၍ တက်သကဲ့သို့ဖြစ်နေသည်။


၎င်းတောင်ကြောကိုတက်ဆဲပင်၊ မွန်းလွဲ (၂) နာရီ (၁၅) မိနစ်တွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ပြီးဆုံးသည့် အချိန်တွင်ပင် Finger Lakes Times မှ သတင်းထောက်တဦးသည် ကျွန်ုပ်တို့၏ မှတ်တမ်းတင်ကားကို တွေဆုံမေးမြန်းနေပါသည်။ ခရီးရှည်အဖွဲ့ကို ဓါတ်ပုံများရိုက်ယူသွားပါသည်။





လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive