Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, August 1, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၆ ရက်မြောက်ခရီး 56th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၅၆) ရက်မြောက်
ဇူလိုင်လ ၃ဝ၊ ၂ဝဝ၉

မနေ့က ရပ်နားခဲ့ရ Dryden လမ်းနှင့် Highland လမ်းမှ စတင်ချီတက်သည်။ ၁၃ လမ်းအတိုင်းဖြစ်ပါ၏။ နံနက်(၇) နာရီ (၄၅) မိနစ်တွင် စတင်ထွက်ခွာ၏။ တောင်ကုန်းလမ်းများဖြစ်၏။ စိုက်ခင်းများရှိ၏။ တောင်အောက်သို့ လှမ်းကြည့်သော် ချိုင့်ခွက်ကဲ့သို့ရှိ၏။ တောင်ပေါ်သို့လှမ်းကြည့်သော် လှေခါးထစ်သဖွယ်ဖြစ်၏။ ထိုသို့ သဘောရှိသော ခေါင်လှသောလမ်းမကြီးကို တောက်လျှောက်ကျော်ဖြတ်သည်။ ခေါင်သည်ဆိုသော်လည်း စိမ်းစိုလန်းဆန်းခြင်းကား အပြည့်ရှိပါသည်။ တချို့နေရာများတွင် တောင်စောင်းများအောက်ရှိ စိုက်ခင်းများသည် ပန်းချီကားသဏ္ဍာန်လှပ၏။

အဆောက်အဦ၊ ဈေးဆိုင် စသည် တစုံတရာစည်ကားမှုရှိသော လမ်းဆုံရပ်ကွက်တခုကို ကျော်ဖြတ်သည်။ ဤလမ်းသည် တဖြည်းဖြည်းချင်း ထူထောင်နေသောသဘောဖြစ်၏။ တချို့သော စီးပွားရေးအဆောက်အဦတို့မှာ ဆောက်လက်စဖြစ်ပါသည်။ နောင်မကြာတော့အချိန်တွင် တိုးတက်သောနေရာဖြစ်လာနိုင်ပါသည်။

သာယာသောရာသီဥတုရှိ၏။ နေသည် လှပသစ်လွင်စွာ နှုတ်ဆက်လျက်ရှိ၏။ နံနက် (၈) နာရီ (၁၆)မိနစ်တွင် Dryden ၏ ကောလိပ်ကျောင်း TC 3 ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ ချီရင်း၊ တက်ရင်း၊ ကျော်ရင်း၊ ဖြတ်ရင်း၊ နေ့လည် (၉) နာရီ (၅) မိနစ်တွင် ခဏနားကြသည်။

ဆက်လက်ချီတက်ကြ၏။ (၉) နာရီခွဲတွင် Cortland County သို့ ရောက်ရှိသည်။ (၁ဝ) နာရီထိုးရန် (ရ) မိနစ်အလိုတွင် Town of Cortlandville သို့ ချဉ်းနင်းဝင်ရောက်သည်။ (၁ဝ) နာရီ (၅) မိနစ်တွင် သတင်းထောက်တဦးလာရောက်မေးမြန်းပါသည်။ အမည်မှာ Lan Boucheau ဖြစ်သည်။ Cortland Standard မှ ဖြစ်ပါ၏။ သတင်းထောက်အဖြစ်လုပ်ကိုင်စားသောက်နေသူ ဟုတ်ဟန်မတူပေ။ ကျွန်ုပ်တို့၏ တဦးချင်း အမည်များကိုလည်း မေးမြန်းရေးကူးသွားပါသည်။ ခဏကြာလျှင် ဓါတ်ပုံသမားတဦးရောက်လာလိမ့်မည်ဟု ပြောပြသည်။

ဆက်လျှောက်ရာ South Cortland နယ်မြေသို့ ရောက်၏။ ၎င်းဆိုင်းဘုတ်ရှေ့ လမ်း၏တခြားတဖက်တွင် Monarch Machine Tool Company ကုမ္ပဏီ တည်ရှိပါသည်။ ထိုနေရာတွင်ပင် ဓါတ်ပုံဆရာ ရောက်လာခြင်းဖြစ်သည်။ (၁ဝ) နာရီ (၃၅) မိနစ်တွင်ဖြစ်ပါသည်။ အသေအချာဓါတ်ပုံရိုက်ယူပါသည်။ ပျော်ရွှင်တတ်သော ဓါတ်ပုံသမားဖြစ်၏။ အမည်မှာ Joe Mclyntre ဖြစ်၏။ သူ၏ ဝန်ထမ်းကဒ်ပြားလေး ပေးသွား ပါသည်။ ပထမရောက်လာသော ပုဂ္ဂိုလ်နှင့် ကုမ္ပဏီတခုတည်းပင်ဖြစ်ပါသည်။

၁၃ လမ်းအတိုင်းချီတက်ရင်း၊ လမ်းဆုံလမ်းခွတခုတွင် ၁၃ လမ်းအတိုင်းချိုးကွေ့၏။ စည်ကားသော နေရာဖြစ်ပါသည်။ ထို Shopping Center နယ်မြေကို ကျော်ဖြတ်၏။ (၁၁) နာရီထိုးရန် (၅) မိနစ်အလိုတွင် ခဏနားကြသည်။ ၁၃ လမ်းအတိုင်းပင်ဖြစ်၏။ နောက်တကြော့နားလျှင် ခရီးစဉ်ပြီးဆုံးပြီဖြစ်သည်။

ရာသီဥတုသည် မပူပြင်းသေး၊ ၇၁ ဒီဂရီရှိပါ၏။ အပူချိန်မတိုးဘဲ ဤအခြေအနေအတိုင်းရှိနေလျှင် နောက်ထပ် ဆယ်မိုင်ခန့် ဆက်လျှောက်ချင်ပါသေးသည်။ လှပသောနေ့တွင်၊ လှပသောအချိန်၌ပင် နားကြရတော့မည် ဖြစ်၏။ (၁၁) နာရီခွဲတွင် Pashing လမ်းနှင့် Tompkins လမ်းဆုံရာရှိ Cortland State University of New York ကျောင်းဝင်းထိပ်၊ ထင်းရူးပင်ရိပ်တွင် ယနေ့ခရီးကို အဆုံးသတ်လိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive