Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, August 17, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၀ ရက်မြောက်နေ့ခရီး 70th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇ဝ) ရက်မြောက်
သြဂုတ်လ (၁၅) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီ (၃၅) တွင် ၁၆၂ လမ်းမပေါ်မှ စတင်ချီတက်သည်။ ယနေ့အားဖြည့်လမ်းလျှောက်ရဲဘော်များမှာ ယူတီကာမြို့မှ ရဲဘ်ာအောင်သိန်းခိုင်၊ ရဲဘော်စိုးစိုးခိုင်၊ ရဲဘော်သာစံကျော်၊ ရဲဘော်ဇော်ဇော်တို့ဖြစ်သည်။ ယူတီကာမြို့ ရွှေဝါရောင်မဂ္ဂင်ကျောင်းတွင် တည်းခိုနေရာမှ ယနေ့တွင် အော်လ်ဘနီမြို့တွင် စတည်းချမည် ဖြစ်သောကြောင့် ရဲဘော်ရဲဘက်များကလိုက်လံပို့ဆောင်ခြင်းလည်း တကြောင်းမည်ပါသည်။

စလျှောက်ပြီးသည်နှင့် Town of Carlisle သို့ ဝင်ရောက်သည်။ Schovaire County ဖြစ်ပါသည်။ သိပ် မကြာခင်တွင် Town of Esperance သို့ရောက်ရှိ၏။ (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Sloansville သို့ ဝင်ရောက်ပြန်၏။ ဗတာင်ကုန်းတောင်ဆင်းလမ်းများဖြင့် အတိပြီးသောနယ်မြေဖြစ်ပါ၏။ အခုတလောတွင် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် တောင်ကုန်းများကိုချည်း တက်နေရသည်ဖြစ်၏။ (၁ဝ) နာရီ (၂၅) မိနစ်တွင် လမ်းဆုံလမ်းခွရှိ မီးပွိုင့်တခုအနီးတွင် ခဏနားကြသည်။


နားပြီးသော်ဆက်လက်ချီတက်ကြ၏။ ဤရွာကလေးသည် ခရီးဝေးလမ်းမပေါ်ရှိ စပ်ကူးမတ်ကူးရွာကလေးဟု ခေါ်ဆိုသော် ရနိုင်၏။ အနည်းငယ်စည်ကားမှုရှိသည်ကိုတွေ့ရသည်။ ကားအသွားအလာအလွန်များပြားပါ၏။ လမ်းပေါ်တွင်ဖြတ်သန်းသွားကြသော ကားများ၊ ဆိုင်ကယ်များမှ အားပေးနှုတ်ဆက်မှုများကို တွေ့ရသည်။

နေသည်အလွန်ပူလာ၏။ (၁၁) နာရီ (၃၅) မိနစ်တွင် Village of Esperance သို့ ဝင်ရောက်သည်။ ရွာအဝင်သည် အလွန်ခန့်၏။ အိမ်တန်းလေးနှင့်၊ ခြံနှင့်ဝင်းနှင့် သစ်ရိပ်နှင့် လှလှပပရှိ၏။ ကျွန်ုပ်တို့သည် ထိုသို့သောအဖြစ်ကိုရရန် လောလောဆယ်တိုက်ပွဲဝင်နေကြ၏။ နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ လျှောက်ကြရမည်မှာ အမှန်ဖြစ်၏။

ရွာသို့အဝင်တွင်Lord North လမ်းအတိုင်းဝင်ပြီး၊ မကြာခင်တွင်ပင် Main St ကိုလွန်သော် (၁၁) နာရီ၊ (၄ဝ) မိနစ်တွင် ခဏနားကြသည်။ ရဲဘော်ဇော်ဇော်ဖန်တီးလာသော နေ့လည်စာကို အဆာပြေစားကြသည်။ ထိုနောက်ဆက်လက်ချီတက်ရာ နေ့လည် (၁၂) နာရီတွင် Town of Duanesburg သို့ရောက်ရှိ၏။

နေပူပူတွင်ဇွဲဖြင့်ချီတက်ကြ၏။ Schenectady County ကို ကျော်ပြီးသော် တောင်ကုန်းသက်သက်ကိုသာတွေ့ရ တော့၏။ ရှည်လျားသော၊ မြင့်မားသော ကုန်းကြောကိုတက်ရ၏။ နေကလည်းပူသထက်ပူလာပါသည်။ ချွေးဒီးဒီးကျ၏။ ပန်းလှသဖြင့် တမိုင်ခန့်ကျန်ချိန်တွင် သစ်ပင်ရိပ်တခု၌ခဏနားကြ၏။ ထို့နောက် ဆက်လက် ချီတက်သော် ဝေးကွာနေသောရှေ့အစုနှင့် နောက်အစုသည် တညီတညွတ်တည်းပြန်လည်ပေါင်းဆုံကြ၏။ မွန်းလွဲ (၁) နာရီ (၂ဝ) မိနစ်တွင် ဤနေ့အတွက်ပြီးဆုံးပါလေ၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive