Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, August 14, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၈ ရက်မြောက်နေ့ခရီး 68th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၆၈) ရက်မြောက်
သြဂုတ်လ (၁၃) ရက်၊ ၂ဝဝ၉



နံနက် (၈) နာရီခွဲတွင် မနေ့ကရပ်နားခဲ့သောနေရာမှ စတင်ထွက်ခွာသည်။ ယူတီကာမှ ရဲဘော်နှစ်ဦးအားဖြည့် ချီတက်သည်။ တချို့နေ့များတွင် ပါဝင်ချီတက်သောရဲဘော်များဖြစ်သည်။ မနက်စောစောတွင် သြကာသ လောကသည် ငြိမ်းချမ်းစွာရှိ၏။ အဝေးတွင် တောတန်းများ၊ တောင်တန်းများသည် မပီဝိုးတဝါးရှိ၏။ တောတန်းတို့၏အထက်လွှာတွင် မြူခိုးတို့က ဖုံးလွှမ်းလျက်ရှိသည်။

ဟိုင်းဝေးလမ်းမသည် မနေ့က ကဲ့သို့ပင်စင်းစင်းကြီးရှိ၏။ ကွေ့ဝိုက်၍ရှိ၏။ တောတန်း၊ လွင်ပြင်တို့နှင့် ကျယ်ပြန့်သောမိုးကောင်းကင်အောက်တွင်ရှိသည်။ ယနေ့ ကျွန်ုပ်တို့၏အဖွဲ့၏ ရှေ့ပြေးပွိုင့်သည် ရဲဘော်မောင်မောင်တိတ်ဖြစ်ပြီးလျှင် သာသနာ့အလံတလူလူကို လွင့်၏။ ထိုနောက် NLD အလံ၊ ခွပ်ဒေါင်းအလံ စသည်ဖြင့်ဖြစ်၏။

(၉) နာရီအချိန်တွင် Village of Fort Plain သို့ဝင်ရောက်သည်။ သပ်ရပ်သော၊ ကြီးမားသော၊ တိုးတက်သော ရွာဖြစ်သည်။ ရွာလယ်လမ်းဆုံလမ်းခွများကို ဖြတ်လျက် East 5 S အတိုင်းလျှောက်ကြသည်။ မြို့လယ်လမ်းတခု တွင် အဖိုးကြီးတဦးကိုတွေ့ရသည်။ ကျွန်ုပ်တို့၏ချီတက်မှုကို မေးမြန်းစူးစမ်းသည်။ ဤမြို့၏အမည်မှာ Fort Plainn ဖြစ်သဖြင့် Fort Plain နှင့် Fort Wayne လာတွေ့နေခြင်းဖြစ်သည်။ မိုင်ပေါင်း (၉ဝဝ) ကို အံ့သြနေ၏။ လက်ကမ်းစာရွက်ဝေလိုက်ပါသည်။ ဆုတောင်းပေးသည်။ တချို့လမ်းမှလူများ လေ့လာကြည့်ရှုနေသည်။

(၉) နာရီခွဲတွင် ရွာမှထွက်စပြု၏။ ကုမ္ပဏီလိုလို၊ စက်ရုံလိုလို အဆောက်အဦတခုမှ ပုဂ္ဂိုလ်တဦးကို တွေ့သည်။ လမ်းလျှောက်မှုကို မေးမြန်းစုံစမ်းပြန်သည်။ ထုံးစံအတိုင်း စာရွက်ဝေလိုက်ပါ၏။ ရှေ့သို့ဆက်သော် စည်ကားသောရွာအပိုင်းကိုလွန်၍ တောလမ်းသို့တဖန်ရောက်ပြန်၏။ အကွေ့အကောက်များလှသော ဟိုင်းဝေးလမ်းဖြစ်ပါသည်။

(၉) နာရီ (၃၅) မိနစ်အချိန်တွင် ခဏနားကြ၏။ လမ်းလျှောက်ချိန် တနာရီတွင် ခရီး (၃) မိုင်အတိအကျ ရောက်ပြီဖြစ်၏။ နေမထွက်သေးသောမနက်ပိုင်းတွင် ဆက်တိုက်လျှောက်ထားမှ နေ့လည်တွင်သက်သာမည်။ (၁ဝ) နာရီ (၁ဝ) မိနစ်တွင် Village of Canajoharie ရွာသို့ဝင်၏။ ရွာသို့ဝင်လျှင်ဝင်ချင်းပင် ဓါတ်ပုံသမားတဦး စောင့်ကြိုလျက် မှတ်တမ်းဓါတ်ပုံရိုက်ယူနေပါသည်။ လမ်းလျှောက်အဖွဲ့သည် လမ်းတဖက်သို့ကူး၍ ရွာအတွင်းလမ်းသို့ဝင်လျှင် ဓါတ်ပုံသမားကလည်း စနစ်တကျစောင့်၍ရိုက်နေပါသည်။

ဓါတ်ဆီဆိုင်တခုဘေးတွင် လမ်းလျှောက်အဖွဲ့နှင့် ဓါတ်ပုံသမားတွေနေသောအခါ ရဲကားတစီး ရောက်လာပါ သည်။ သာကြောင်းမာကြောင်းလာနှုတ်ဆက်ခြင်းဖြစ်သည်။ ဓါတ်ပုံသမားသည် ကျွန်ုပ်တို့အဖွဲ့ကို အုပ်စုအလိုက် တန်းစီ၍ရိုက်ပြန်သည်။ ဘန်ကီမွန်းထံတင်မည့်စာတွင် လက်မှတ်ထိုးပေးသွားပါသည်။၎င်း၏ အမည်မှာ Phil Scalia ဖြစ်၏။ ဓါတ်ပုံဆရာတဦးဖြစ်ပါသည်။

ဤရွာကလေးသည် မခေသောရွာဖြစ်၏။ စီးပွားရေးနယ်မြေဖြစ်ပါသည်။ စက်ရုံများ၊ ကုမ္ပဏီများ ရှိသောရပ်ကွက်ကို ဖြတ်ကျော်ရ၏။ ရွာကိုလွန်သော် သစ်ပင်တောအုပ်ရှိသော၊ ကွင်းပြင်စိမ်းစိမ်းတခုတွင် ခဏနားကြသည်။ (၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင်ဖြစ်ပါ၏။ လမ်းတဖက်တွင် တောကြီးဆီ လျက်ရှိ သည်။

ဆက်လျှောက်ကြ၏။ တဖြည်းဖြည်းမြင့်တက်သွားသော ကုန်းကွေ့တခုကိုတက်ရ၏။ တောင်ကုန်း သက်သက်ဖြစ်တော့သည်။ နေကလည်းပူလှ၏။ ရှည်လျားသော၊ မတ်စောက်သော ကုန်းကြောဖြစ်သည်။ တောင်ကြားကိုဖြတ်ကူး ထားသောဟိုင်းဝေးကုန်းတံတားလမ်း တခုကိုကျော်သည်။ ကုန်းထိပ်သို့ရောက်သော် (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Sprakers Hill Rd ကိုကျော်သည်။

ကုန်းတက်သည်မဆုံးသေး။ ဆက်တက်ကြ၏။ နေ့လည် (၁၂) နာရီတွင် East 5 S လမ်းမအတိုင်းပင် Rappa Rd တွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ထိုစဉ် ကားတစီးရောက်လာပြီး နှုတ်ဆက်လျက် အနည်းအကျဉ်း မေးမြန်းသည်။ တဦးချင်းလက်ဆွဲနှုတ်ဆက်၏။ ဆုမွန်တောင်းပေးပြီး ပြန်လည်ထွက်ခွာသွား၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive