Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, August 16, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၉ ရက်မြောက်နေ့ ခရီး 69th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၆၉) ရက်မြောက်
သြဂုတ်လ (၁၄) ရက်၊ ၂ဝဝ၉


နံနက် (၉) နာရီ (၄၅) မိနစ်တွင် Rapper Rd လမ်းမှ စတင်ချီတက်သည်။ မနေ့ကအားဖြည့်ချီတက်သော ရဲဘော်နှစ်ဦးပါဝင်သည်။ ယူတီကာမြို့မှ ရဲဘော်အောင်သိန်းခိုင် (၁၄) နှစ်၊ ရဲဘော်ဟိန်းမင်းစံ (၁၄) နှစ်တို့ ဖြစ်သည်။ တောနယ်တောလမ်းအတိုင်းဖြစ်၏။ ထူးခြားမှုမရှိလှသောလမ်းကြောင်းဖြစ်သောကြောင့် စထွက်သည်နှင့် တဟုန်တည်းထွက်ခွာသွားကြ၏။


ထွက်ခွာပြီးသိပ်မကြာခင်ပင် လမ်းဘေးရှိအိမ်တအိမ်မှ အမျိုးသမီးနှစ်ဦးက လှမ်းအော်နှုတ်ဆက်ပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ အားပေးကြပါသည်။ ဤအချက်ဖြင့် ထူးခြားသွားလေ၏။ နံနက် (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Carry town သို့ရောက်ရှိသည်။ လမ်းတလျှောက်တွင် နွားခြံ၊ သိုးခြံများ၊ ကိုတွေ့ရ၏။ ကွင်းပြင် နယ်မြေကြီးတခုဖြစ်ပါသည်။

ကျိုးကျဲစွာဖြတ်သွားသောကားများမှ လက်ပြနှုတ်ဆက်ခြင်းများရှိသည်။ တောက်ပသောနေရောင်ခြည်သည် လောကဓါတ်တခုလုံးကို လင်းစေ၏။ ဤအရပ်ဤနယ်သည် ခေါင်လှသောနယ်မြေဖြစ်သည်ဟုဆိုသော် မမှားနိုင်ပါ။ မြို့ဒေသနှင့် အဆက်ပြတ်လှ၏။ (၁ဝ) နာရီ (၄၅) တွင် Lynk St ခဏနားကြသည်။


ဆက်လက်ချီတက်ကြ၏။ စထွက်စဉ်ကကဲ့သို့ပင် အရှိန်အဟုန်ရှိ၏။ နေကလည်းပူလာပါသည်။ လိုကယ်ဟိုင်းဝေးလမ်းသည် တကယ့်ကွင်းပြင်ဖုန်းဆိုးများနှင့် တောင်ကုန်းများကို တောက်လျှောက်ဖြတ်ဖေါက် ထားခြင်းဖြစ်သည်။ တောင်တလုံးအိမ်တဆောင်ကိုပင် သိပ်မတွေ့တော့ပါ။




(၁၂) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Town of Charleston သို့ ရောက်ရှိသည်။ အိမ်တအိမ်မှ အဖွားကြီးတဦးလှမ်းနှုတ်ဆက်ပြီးနောက် ဓါတ်ပုံရိုက်နေပါသည်။ ပူပြင်းလှသောကာလဒေသတွင် မှတ်တမ်း အတင်ခံရသော ဓါတ်ပုံရိုက်ချက်တချက်ပေတည်း။ ကောင်းလေစွ။ မြို့ဆိုသော်လည်း မြို့နှင့်မတူပါ။ ကျဲပါးလှသောလူနေရပ်ကွက်ဖြစ်သည်။ အိမ်များမှာ ဝေးဝေးတဆောင်သာတွေ့ရသည်ဖြစ်၏။ ငါးမိနစ် ဆက်လျှောက်ပြီးသော် Tohansen Dr လမ်းတွင် ခေတ္တနားကြ၏။

ပူပြင်းလှသောအချိန်၊ ခြောက်သယောင်းသောကတ္တရာလမ်း၊ လူခြေတိတ်လှသောအရပ်တွင် အလံကိုင်လူတစု သည် တနာရီလမ်းလျှောက်လိုက်၊ ခဏနားလိုက် ဆက်လျှောက်လိုက်ဖြင့် တသုတ်သုတ်ရွေ့လျားနေကြခြင်း ဖြစ်သည်။ ဆက်လက်ချီတက်သော် Conbin Hill ကိုကျော်ဖြတ်သည်။ ရှားပါးအရပ်တွင် ရှားပါးဈေးဆိုင်လေး တဆိုင်ကိုတွေ့ရ၏။ ကုန်စုံဆိုင်ကလေးဖြစ်ပါသည်။ ဆိုင်မှလူတဦးသည် ဆိုင်အပေါက်ဝမှ နေ၍ လှမ်းအော် နှုတ်ဆက်ပြီး ရေလိုအပ်ပါသလားဟုမေးပါ၏။

ကျွန်ုပ်တို့လမ်းလျှောက်ပုဂ္ဂိုလ်များသည် ရှေ့အစုနှင့် နောက်အစုသည် ကွာနေသဖြင့် ကသောကမြော လျှောက်နေသည်ဖြစ်ရာ ရေလှူသည်ကိုပင် မယူနိုင်တော့ဘဲ ကျေးဇူးတင်ပါသည်ဟု ဆိုလိုက်ရပါသည်။ မည်သို့ဆိုစေ သာဓုခေါ်ပါသည်။ ဤရွာကလေးတိုးတက်ကြီးပွားချမ်းသာပါစေ။ ငြိမ်းအေးချမ်းသာမှုကို အစဉ်ရရှိပါစေ။

နေ့လည် (၁)နာရီအချိန်တွင် ၁၆၂ လမ်းကြောင်းပေါ်ရှိ ကျိုးတိုးကျဲတဲရှိလှသော ရှားပါးအရိပ်ကလေးတွင် ယနေ့ခရီးစဉ်ကို အဆုံးသတ်လိုက်ကြသည်။ မနက်ဖြန်တွင် ဤနေရာမှ ထွက်ခွာပါဦးမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive