Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, August 18, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၁ ရက်မြောက်နေ့ခရီး 71st day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၁) ရက်မြောက်
သြဂုတ်လ ၁၆ ရက်၊ ၂ဝဝ၉






နံနက် (၉) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် စတင်ချီတက်ကြသည်။ ယမန်နေ့များက အားဖြည့်ချီတက်ခဲ့သော် ရဲဘော် (၃)ဦးလည်းပါဝင်သည်။ စတင်ချီတက်ပြီး သိပ်မကြာခင် လမ်းအနီးရှိအိမ်တအိမ်မှ အဖိုးကြီးတဦး လှမ်း၍နှုတ်ဆက်ပါသည်။ ထိုအဖိုးကြီးသည် မြန်မာပြည်အကြောင်းကိုသိရှိသူဖြစ်၏။ ကျွန်ုပ်တို့၏ လမ်းလျှောက်ချီတက်မှုကို ကြိုဆိုသော်လည်း သူ၏အဆိုမှာ မြန်မာပြည်ကိုပြောင်းလဲတိုးတက်စေရန်မှာ လမ်းလျှောက်ခြင်းဖြင့်မရနိုင်။ ထိုကြောင့် တခုခုလုပ်ရမည်ဟုဆို၏။


သဘောထားအမြင်များဖြစ်ပါ၏။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်ပြည်သားတဦး၏ အမြင်ဖြစ်ပါသည်။ မည်ကဲ့သို့သောအမြင်မျိုးပင်ဖြစ်ပါစေ စိတ်ဝင်စားမှုရှိခြင်းကပင် ကောင်းသောကိစ္စဖြစ်ပါသည်။ (၁ဝ) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် ခေတ္တနားကြသည်။ မြို့ဧရိယာသို့ရောက်လာခြင်းဖြစ်ပါသည်။

ဤမြို့၏ အမည်မှာ Duancesburg ဖြစ်သည်။ လိုကယ်သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်းပါလာသည်။ ၎င်းအဖိုးကြီးကပင်ပြောပြသဖြင့် နီးရာဓါတ်ဆီဆိုင်တွင် ဝယ်ယူလိုက်ပါသည်။ ရှည်လျားထွေပြားစွာရေးထားသောသတင်းဖြစ်ပါသည်။ စစ်အုပ်စု၏လုပ်ရပ်နှင့် ပတ်သက်၍ ဤတချီတွင် ကမ္ဘာက သတိပြုသင့်ပြီဟု ဆိုထားပါသည်။
ယင်းမြို့တွင် ဆက်လက်ချီတက်ပြီးနောက် (၁၁) နာရီတွင် ခဏနားကြသည်။ နားနေစဉ် အနီးရှိအိမ်တအိမ်မှ အဖိုးကြီးတဦးရေဗူးများဖြင့် ရောက်လာပါသည်။ နှုတ်ဆက်ပြီးနောက် သူ၏အိမ်သို့ပြန်ဝင်သွား၏။ နောက်တခေါက်ထွက်လာပြန်၏။ တခုခုစားချင်ပါသလားဟုမေးမြန်းပါသည်။ ကျွန်ုပ်တို့မှာ နေ့လည်စာကို မစားသောအကျင့်များသောအားဖြင့်ရှိပြီဖြစ်၏။ အဖိုးကြီးသည် နောက်ထပ်တခေါက်ထွက်လာပြီးလျှင် အိမ်ထဲသို့ကြွရန်ဖိတ်ခေါ်ပါသည်။



ကျွန်ုပ်တို့ကလည်း ဝင်လိုက်သွားပါ၏။ အထဲသို့ရောက်သော် ကျွန်ုပ်တို့အဖွဲ့အတွက် အသားညှပ် ပေါင်မုန့်လုပ်ကျွေးပါသည်။ တခြားသောအသီးများ၊ မုန့်ခြောက်များကိုလည်း ကျွေးပါသည်။ ဤအဖိုးကြီးသည် ဘုမသိဘမသိလူတန်းစားတော့မဖြစ်နိုင်တော့ပေ။ မြန်မာပြည်ကိစ္စကို သိသဖြင့်သာ ဤသို့ဖိတ်ခေါ် ကျွေးမွေးခြင်းဖြစ်တော့၏။ သူ၏ဇနီးကလည်း ကျွန်ုပ်တို့၏ လက်ကမ်းစာစောင်ကို အိမ်ရှိစက်ဖြင့် မိတ္တူများကူးပေး၏။

စားရင်းဖြင့် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို စကားပြောကြ၏။ ရဲဘော်မင်းဆွေဦးက ရှင်းလင်းပြောပြခြင်းဖြစ်ပါသည်။ ယူတီကာမှ ရဲဘော်စိုးစိုးခိုင်က ဓါတ်ပုံမှတ်တမ်း တင်နေပါသည်။ လက်မှတ်များကိုလည်း ထိုးပေးကြ၏။ အမှတ်တရဓါတ်ပုံလည်း အပြန်အလှန်ရိုက်ဖြစ်ကြသည်။ အမည်များမှာJeff Murtagh နှင့် ဇနီး Peta Murtaghတို့ဖြစ်ကြပါသည်။


အခုတလောတွင် လမ်းတလျှောက်တွေ့ရသော ဆိုင်ကယ်များ၊ ကားများမှ အားပေးမှုများ ပို၍များပြားလာသည်။ တွေ့ဆုံရသော လူပုဂ္ဂိုလ်များ၏ အမူအရာကိုလေ့လာသော် များစွာလေးနက်မှုရှိသည်ကို တွေ့ရ၏။ အခုအခါ ဒေါ်အောင်ဆန်းစုကြည်သတင်းသည် အမေရိကန်ပြည်တဝှမ်းတွင် ထိပ်တန်းရောက်နေသည်မဟုတ်ပါလော။


အဖိုးကြီးအဖွားကြီးတို့၏အိမ်မှ ထွက်သော် Princetown သို့ရောက်၏။ ဆက်လက်ချီတက်ကြ၏။ (၁)နာရီ ထိုးရန် (၁၅) မိနစ်အလိုတွင် Town of Guilderland သို့ ရောက်ရှိသည်။ ခရီးဆုံးခါနီးအချိန်တွင် အိမ်တအိမ်မှ လှမ်း၍ခေါ်ပြန်၏။ ရေအေးအေးကိုတိုက်ပါသည်။ နေပူတွင်လျှောက်နေသော ကျွန်ုပ်တို့အတွက် များစွာ အဆင်ပြေသွား၏။


အိမ်ထဲတွင် ခေတ္တထိုင်၍ စကားအနည်းငယ်ပြောဖြစ်ကြသည်။ လက်မှတ်များလည်းထိုးပေးပါသည်။ ဤနေ့သည် ထူးခြားသောနေ့ဟုဆိုရပါတော့မည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive