Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, August 12, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၅ ရက်နေ့မြောက် ခရီး 65th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၆၅) ရက်မြောက်
သြဂုတ်လ (၉) ရက်၊ ၂ဝဝ၉

နံနက် (၁ဝ) နာရီ (၁၅) မိနစ်တွင် မြို့လယ် ကိုပါးနိကပ်စ်ကျောက်ရုပ်မှ စတင်ချီတက်သည်။ ယူတီကာမြို့မှ ထွက်ခွာနေခြင်းဖြစ်၏။ ယနေ့တွင် ဤမြို့မှ ရဲဘော် (၅) ဦး အားဖြည့်ချီတက်သည်။ ၎င်းတို့မှာ ရဲဘော်စိုးစိုးခိုင်၊ ရဲဘော်အောင်သိန်းခိုင်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်မြတ်ဌေး၊ ရဲဘော်စံသာမောင်တို့ဖြစ်သည်။ ရာသီဥတုသည် မိုးရိပ်သမ်းနေ၏။ ရွာတော့မယောင်။


မြို့လယ်မှ ထွက်ခွာပြီး တနာရီကျော်ဝေးခဲ့၏။ မြို့နယ်မြေမကုန်သေးပါ။ ယူတီကာ စာတိုက်ကြီးတခုကို တွေ့ရသည်။ 5 S လမ်းအတိုင်းဖြစ်ပါ၏။ (၁၁) နာရီခွဲတွင် Herkimer County သို့ရောက်ရှိသည်။ မြို့အထွက် လမ်းသည် လိုကယ်ဟိုင်းဝေး နှင့် ရထားလမ်းအပြိုင်ဖြစ်၏။ နေ့လည် (၁၂) နာရီတွင် ခဏ နားကြ သည်။ ဤနေရာတွင် တောလမ်းသာဖြစ်၏။



ဆက်လျှောက်ပြီးခဏကြာလျှင် ရဲကားတစီးရောက်လာသည်။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့၏အရှေ့မှ ပိတ်၍ ရပ်ထားပါသည်။ တခြားတဖက်လမ်းမှ ရဲဘော်မင်းဆွေဦးရောက်လာလျှင် မင်းဆွေဦးနှင့် စကားပြော နေကြသည်။ အန္တရာယ်ရှိသောလမ်းဖြစ်သောကြောင့် တခြားလမ်းမှ ဆက်လျှောက်ရမည်ဖြစ်၏။ လာရာလမ်း အတိုင်း အနောက်သို့ မိုင်ဝက်ပြန်လျှောက်လျှင် လမ်းခွဲရှိသည်။ ယင်းလမ်းမှ ဝင်လျှင် ရွာကလေး တရွာကို ဖြတ်ရမည်ဖြစ်၏။

ကားအသွားအလာမရှိလှသော ရွာကလေးလမ်း၊ အတွင်းလမ်းမှ လျှောက်ခိုင်းခြင်းဖြစ်သည်။ လူနှစ်ဦးတွေ့ရာ အနည်းအကျဉ်းမေးမြန်းနေသဖြင့် လက်ကမ်းစာစောင်ဝေလိုက်သည်။ တိတ်ဆိတ်သောရွာကလေးဖြစ်၏။ တောလမ်းတကြောင်းသာတွေ့ရသည်။ လူသူပင်လျှင်မရှိလှ။ နေ့လည် (၁) နာရီတွင် ခဏနားကြသည်။

ထိုနောက်ဆက်လက်ထွက်ခွာ၏။ သိပ်မကြာခင် စောစောကတွေ့ရသောရဲကားနှင့် ထပ်မံတွေ့ရပြန်သည်။ လုံခြုံရေးလိုက်ပေးနေသလောမသိနိုင်ပါ။ အိမ်တအိမ်ကိုတွေ့ရ၏။ ကလေးများကစားနေကြ၏။ အိမ်ပတ်ဝန်းကျင်ကို လှပအောင်ဖန်တီးထား၏။ ရေကန်ကလေးတခုလည်းရှိသည်။ ကျွန်ုပ်တို့အဖွဲ့ကို နှုတ်ဆက်အားပေး၏။ အံ့သြထူးဆန်းနေသည်။ ဤသို့လမ်းလျှောက်ချီတက်သည်ကို အမျိုးသမီးက ကျေးဇူးတင်ကြောင်းဆိုသည်။ ကျွန်ုပ်တို့ကို ဓါတ်ပုံလည်းရိုက်ပါသည်။


(၂) နာရီခွဲတွင် Frankfort Village သို့ရောက်ရှိသည်။ စိမ်းစိုသောရွာကလေးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တောအုပ်ဘေးတွင်ကပ်လျက် ရှိသောကြောင့်ဖြစ်သည်။ တလမ်းသာရှိသောရွာ စိမ်းစိမ်းကလေးဖြစ်ဟန် တူသည်။ အတွင်းလမ်းများကိုကား မပြောတတ်ပါ။ ဤရွာတွင် ငြိမ်ဆိတ်သောလူများနေမှ ဖြစ်မည်။


(၂) နာရီ (၅) မိနစ်တွင် Mill St နှင့် W Main St လမ်းဆုံတွင် ယနေ့အဖို့ပြီးဆုံးသည်။ ဤနေရာအရောက်တွင် ဘွားကနဲ မြို့သိုရောက်သကဲ့သို့ဖြစ်၏။ တောတောင်ကို လုံးဝမတွေ့ရတော့ဘဲ မြို့၏အသွင်အပြင်များကိုသာ တွေ့ရသောကြောင့်ဖြစ်သည်။ မနက်ဖြန်တွင် ဤရွာမှဖြတ်သန်းရပါဦးမည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive