Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, August 21, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၂ ရက်မြောက်နေ့ခရီး 72nd day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၂) ရက်မြောက်
သြဂုတ်လ (၁၇) ရက်၊ ၂ဝဝ၉

ကျွန်ုပ်တို့၏ ခရီးရှည်သည် ယခုအခါ အော်လ်ဘနီမြို့နှင့်နီးကပ်လာပြီဖြစ်၏။ နံနက် (၉) နာရီထိုးရန် (၁၅) မိနစ် အလိုတွင် စတင်ချီတက်ကြသည်။ ကားများမှ နှုတ်ဆက်ကြ၏။ လှမ်း၍အော်ဟစ်မေးမြန်းကြ၏။ နှုတ်ဆက်အားပေးမှုများ များပြားလာပါသည်။ အိမ်များမှလည်း လက်ပြနှုတ်ဆက်ကြပါသည်။



စတင်ချီတက်ပြီး မိနစ် (၂ဝ)ကြာလျှင် အမျိုးသမီးတဦးသည် ကားဖြင့် ရှေတွင်စောင့်၍ အအေးနှင့် ဘလူးဘယ်ရီအသီးပေးပါသည်။ နှုတ်ဆက်အားပေး၏။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင်လည်း လက်မှတ်ထိုးပါသည်။ ကုလအတွင်းရေးမှူးထံ အဖွဲ့အစည်းမျိုးမျိုးတို့မှ မြန်မာပြည်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သက်၍ မကြာခဏစာပို့၊ တိုင်တန်းနေမည်ဖြစ်ရာ ယခုနေအခါ မစ္စတာဘန်ကီမွန်းသည် စာရွက်ပုံများကြားတွင် ခေါင်းစိုက်၍ စိတ်ဓါတ်ကျဆင်းနေလောက်ပေသည်။


ချီတက်ရင်းဖြင့် (၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Lowlar St လမ်းတွင် ခဏနားကြ၏။ မြို့နှင့် နီးကပ် လာသဖြင့် ကားအလွန်ရှုပ်ထွေးလှသည်။ လမ်းတလျှောက်တွင် တချို့လူများ၏ ကြည့်ရှုမှုများမှာလည်း အာရုံစူးစိုက်မှု ပိုများလာသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့၏ချီတက်မှုမှာလည်း အားပိုရှိလာ သကဲ့သို့ဖြစ်နေပါသည်။


ကျွန်ုပ်တို့သည် အမေရိကန်မြေတွင် လမ်းလျှောက်ချီတက်ခြင်းကိစ္စ္စကို ဆောင်ရွက်နေသည်ဖြစ်ရာ အမေရိကန်ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ စာနာထောက်ထားမှုများကို လိုအပ်သည်ဆိုလျှင် မည်သို့မျှ မမှားနိုင်ပါ။ သို့ဖြစ်ရာ လူအများမေးမြန်းလေ ကောင်းလေပင်မဟုတ်ပါလော။ (၁၁) နာရီ (၅) မိနစ်တွင် ခဏ နားကြုပန်၏။


စက်ဘီးစီးသမားတဦးသည် ကျွန်ုပ်တို့၏အနောက်မှ မောင်းနှင်လာပြီးလျှင် တနေရာတွင် ရပ်နား၍ တခုခုသောက်ပါဦးဟုပြောပါသည်။ သို့သော် ကျွန်ုပ်တို့မှာ နားပြီး၍အခုဆက်လျှောက်ခြင်းဖြစ်၏။ အရှေ့ (၃) မိုင်တွင် ခဏရပ်နားရန်ရှိပါသည်ဟု ပြန်လည်ဖြေကြားရ၏။ လမ်းလျှောက်သောစနစ်ကို အပြီးသတ်မှတ်ထား သည်ဖြစ်၍ စက်ဘီးသမားလည်း နှုတ်ဆက်အားပေးပြီး ဆက်လက်ထွက်ခွာသွားပါသည်။


(၁၁) နာရီ (၃၅) မိနစ်တွင် Westmare လမ်းသို့ရောက်လျှင် အမျီုးသမီးတဦးသည် ကားပေါ်မှ အလျင်စလိုဆင်းလာပြီးလျှင် ကဒ်ပြားတခုနှင့် စာရွက်ဖြတ်ပိုင်းတခုပေးပါသည်။ ကဒ်ပြားတွင် ငွေ (၁၅) ဒေါ်လာရှိသည်။ ဟမ်ဘာဂါဝယ်စားရန်အတွက်ဟုဆိုပါသည်။ ကျေးဇူးတင်ရ၏။ နေပူတွင် လျှောက်လာရာ အအေးတခုခုသောက်နိုင်ပြီဖြစ်၏။

နေ့လည် (၁၂) နာရီခွဲတွင် Stuyvesant Plaza ရှေ့ အရိပ်တခုတွင် ရပ်ဆိုင်းလိုက်ကြ၏။ အရိပ်သို့ပင် မရောက်ရှိခင် Plaza ဝင်းအတွင်းမှ လူတဦး အထုပ်တခုကိုဆွဲကာ အပြေး ရောက်လာ ပါသည်။ အေးစက် နေသောရေဗူးများ လာပေးခြင်းဖြစ်ပါသည်။ ကောင်းလေစွ။ အအေးမဝယ်သောက်ခင် လောလောဆယ် သိကြားရေစင်ကို ရပြီးဖြစ်၏။ ကျွန်ုပ်တို့၏လမ်းလျှောက်မှုကို အထူးအားပေးကြိုဆိုပါသည်။

ကျွန်ုပ်တို့သည် ဤနေရာတွင်ပင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။ မနက်ဖြန်တွင် အော်လ်ဘနီမြို့ လယ်သို့ ဤနေရာမှ ဆက်လက်ချီတက်ပါဦးမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive