Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, August 9, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၂ ရက်မြောက်နေ့ ခရီး 62nd day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၆၂) ရက်မြာက်
သြဂုတ်လ (၆) ရက်၊ ၂ဝဝ၉



(၄၆) လမ်းမပေါ် ပြန်ရောက်ပြီး နံနက် (၈) နာရီ (၄ဝ) တွင် စတင်ထွက်ခွာသည်။ သာယာသော နေ့တနေ့ဖြစ်ပါသည်။ စတင်ချီတက်ပြီး မကြာမီတွင်ပင် Town of Stockbridge သို့ ရောက်ရှိသည်။ ယင်းလမ်း ပေါ်တွင် လျှောက်နေခိုက် ကျွန်ုပ်တို့အဖွဲ့၏အရှေ့တနေရာတွင် အမျိုးသမီးတဦး ကားဖြင့်စောင့်နေပါသည်။ ငွေ (၁ဝ) လှူပါသည်။ လက်ကမ်းစာစောင်ကို ဝေလိုက်ပါသည်။ ထိုအမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောကြားပြီး ထွက်ခွာသွားပါသည်။ ဤနေ့လည်း မင်္ဂလာနံနက်ဖြစ်ပြန်၏။

ဤနယ်မှ မြို့ကလေးများသည် ဟိုင်းဝေးလမ်းပေါ်တွင်ဖြစ်၏။ ထိုကြောင့် တောလမ်းကဲ့သို့ဖြစ်နေသည်။ မြို့၏အနေအထားသိပ်မရှိလှပါ။ နေသာသောဤနေ့တွင် ခရီးရှည်အဖွဲ့သည် လိုကယ်ဟိုင်းဝေးပေါ်တွင် တရွေ့ရွေ့ချီတက်နေပါ၏။ (၁ဝ) နာရီထိုးရန် (၁ဝ) မိနစ် အလိုတွင် Village of Munnsville ကို ကျော်ဖြတ် သည်။ ဤရွာသည်ကား တစုံတရာပြည့်စုံသော သဘောရှိ၏။ ကုန်းအတက်အဆင်းများဖြင့်၊ လိုကယ်လမ်း အပေါင်းဖြင့် ကျယ်ဝန်းသောရွာကြီးဖြစ်ပါသည်။

ခရီးဝေးသွားသူတို့၏ ရှောင်တခင်စခန်းနှင့်လည်းတူပါသည်။ အခိုင်အမာဖွဲ့စည်းအပ်သော မြို့ရွာနှင့် လည်းတူပါသည်။ ယဉ်ကျေးသောနယ်မြေလည်းဖြစ်ပါသည်။ ကားများပေါ်မှ နှုတ်ဆက်အားပေးခြင်းများရှိသည်။ (၁ဝ) နာရီ (၁၅) မိနစ်တွင်Stockbridge Hill ၌ Stockbridge United Methodist Church ဘုရားကျောင်းအနီး ခေတ္တရပ်နားကြသည်။

ဆက်လက်ချီတက်ကြ၏။ အလွန်လှပသော တိမ်တာင်တိမ်လိပ်တို့ရှိသည်။ ပြောင်းခင်း၊ အာလူးခင်း၊ နွားခြံများ ကို တွေ့ရသည်။ ကားများ၊ အိမ်များမှ နှုတ်ဆက်သူများရှိသည်။ (၁၁) နာရီ (၁ဝ) မိနစ်တွင် ခပ်လှမ်းလှမ်းတွင် ရပ်ထားသော သတင်းမှတ်တမ်းကားနှင့် ရဲနှင့်တွေ့နေသည်ကို လှမ်းမြင်ရသည်။ အနည်းအကျဉ်းမေးမြန်းပြီး ပြန်လည်ထွက်ခွာသွားသည်ဟုဆိုပါသည်။

(၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် ခဏနားကြသည်။ ဆက်လက်ချီတက်ပြီးနောက် (၁၂) နာရီခွဲတွင် Welcome to Oneida ဆိုင်းဘုတ်ကို တွေ့ရသည်။ ယနေ့အဖို့ ခရီးစဉ်ကို ဤတွင်ပင် ရပ်နားလိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive