Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, August 2, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၇ ရက်မြောက်နေ့ခရီး 57th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၅၇) ရက်မြောက်
ဇူလိုင် (၃၁၊ ၂ဝဝ၉)




နံနက် (၈) နာရီ (၁ဝ) မိနစ်တွင် Cortland တက္ကသိုလ်ရှေ့မှ စတင်ချီတက်သည်။ သူ့အနေအထားနှင့်သူ မဆိုးလှသောမြို့ဖြစ်သည်။ မိုးမှုန်များ တဖွဲဖွဲကျနေ၏။ ပတ်ဝန်းကျင်တခွင်သည် မှိုင်းမှုန်လျက်ရှိ၏။ စိုစွတ်သောလမ်းရှိသည်။ မြို့ကလေး၏ မနက်ခင်းနိုးထခြင်းသည် မြို့ကြီးပြကြီးများကဲ့သို့ ပွက်လောရိုက်နေခြင်းမရှိပါ။ မြို့လယ်ဟု ဆိုနိုင်လောက်သောအပိုင်းကို ဖြတ်လျှောက်ကြသည်။ မြို့နှင့် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် အနည်းငယ်စိမ်းနေသကဲ့သို့ရှိ၏။ ကျွန်ုပ်တို့ကိုင်ဆောင်လာသော ဒေါ်အောင်ဆန်းစုကြည်ပိုစတာပုံကို သေချာမမြင်ရလျှင် အပြခိုင်းသူများတွေ့ရ၏။ လက်ကမ်းစာစောင် ဝေဖြစ်ပါသည်။

လုံခြုံရေးထူထပ်လှ၏။ ရဲကားများကို မကြာခဏတွေ့နေရသည်။ မြို့မှထွက်ခါနီး တနေရာတွင် သတင်းမှတ်တမ်းကားနှင့် ရဲနှင့် တွေ့ဆုံစူးစမ်းနေသည်ကိုတွေ့ရသည်။ မေးခွန်းပေါင်းများစွာ မေးပြီးနောက် အိုင်ဒီတောင်းကြည့်ကာ ဌာနချုပ်သို့ဖုန်းဆက်သည်ဟုဆိုပါသည်။ ရဲကို ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်ဟုဆိုကာ ထွက်ခွာသွားသည်ဟုဆို၏။

(၉) နာရီခွဲတွင် Loring Xing လမ်းတွင် ခဏနားကြသည်။ ၁၃ လမ်းအတိုင်းလျှောက်နေကြခြင်းဖြစ်သည်။ စည်ကားသော မြို့ဧရိယာမှသည် တဖြည်းဖြည်းဖြင့် တောဆန်သောနယ်မြေများသို့ ရောက်ရှိလာသည်။ တောင်တန်းများ တောအုပ်များသည် မိုးမြူတို့ဖြင့် အုံ့ဆိုင်းလျက်ရှိ၏။ နွားမွေးသောမြို့ဟုဆိုရမည်။ မြို့ပြင်တွင် နွားခြံများကိုသာတွေ့ရ၏။ ပြောင်းခင်းများကိုလည်း တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးမြို့ဖြစ်ပါသည်။


တောလမ်းသက်သက်သို့ရောက်ရှိသွား၏။ အဝေးတွင် တောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ လွင်ပြင်များ၊ တောင်ကုန်း များတွင် စိုက်ခင်းများဖြင့်ပြည့်နေသည်။ တချို့နေရာများတွင် တောစွန်အုံနား ရွာကလေးများကဲ့သို့ရှိ၏။ (၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Albright Creek အနီး၌ ခေတ္တနားကြသည်။ မိုးသည် မသည်းသော်လည်း တနေ့လုံးတဖွဲဖွဲ ခပ်ပါးပါးကျနေသဖြင့် ဖိနပ်တွင်းသို့ ရေဝင်ကာ ထုံထိုင်းလေးလံပြီးလျှင် လမ်းလျှောက်နှုန်း ကျဆင်းသွား၏။

ဆက်လက်ချီတက်ပြီးနောက် East Homer နယ်မြေတွင်၊ (၁၂) နာရီထိုးရန် (၁ဝ) မိနစ်အလို၌ ယနေ့ သတ်မှတ်ထားသောခရီးပြီးဆုံးပါသည်။ တည်းခိုရာ ကိုအောင်ဝင်း၊ မမြဝင်းတို့၏ အိမ်သို့ ပြန်လည် ရောက်ရှိလျှင်၊ ညနေပိုင်းတွင် နှုတ်ဆက်ရန်အတွက် သူငယ်ချင်းများရောက်ရှိလာပါသည်။ ကိုထွန်းအောင်ကျော်၊ ကိုသန်းနွယ်၊ ကိုကိုဦး အစရှိသော (မကဒတ) ရဲဘော်ဟောင်းများ၊ သူငယ်ချင်းမိတ်ဆွေ များ ဖြစ်ပါသည်။

ယနေ့ညသည် Ithaca မြို့တွင် ခရီးရှည်အဖွဲ့ နောက်ဆုံးတည်းခိုမည့်နေ့ဖြစ်ပါသည်။ မနက်ဖြန်တွင် Utica မြို့သို့ ဦးတည်ချီတက်နေသည့်အတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်၏။ တွေ့ဆုံနှုတ်ဆက်ကြ၏။ ခရီးရှည်အဖွဲ့ကလည်း အလုံးစုံအကူအညီပေးကြသော ကိုအောင်ဝင်း၊ မမြဝင်းတို့ကိုလည်းကောင်း မြို့ခံများမိတ်ဆွေများ ကိုလည်းကောင်း ကျေးဇူးတင်စကားဆိုရင်း အစည်းဝေးလေးတခုကဲ့သို့ဖြစ်သွားပါသည်။


သင်တန်းတက်နေသော ကိုခိုင်ဝင်းက သူတက်နေသောသင်တန်းတွင် ကျောင်းသူကျောင်းသားများ၊ ဆရာများထံမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လက်မှတ်များ လိုက်လံကောက်ခံရာ (၂၅) ခုရရှိလာပါသည်။ ယမန်နေ့ မြို့လယ်တွင်ရရှိသောလက်မှတ်များနှင့် ယနေ့ရရှိသော လက်မှတ်များကို ပေါင်းလျှင် Ithaca မြို့တွင် လက်မှတ် အတော်များများ ရလိုက်သည်ဟုဆိုရမည်။ မနက်ဖြန် ဆက်လက် ချီတက်ပါဦးမည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive